EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အမေရိကန်ပြည်ထောင်စုရှိ The University of Arizona တွင် သင်ကြားပို့ချပေးနေတဲ့ Bachelor of Biology: Biomedical Sciences Emphasis program ပဲဖြစ်ပါတယ်။
The University of Arizona သည် Tucson, Arizona တွင် တည်ရှိသော အများပြည်သူ သုတေသန တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းသား ဆရာ အချိုးမှာ ၁၅:၁ ဖြစ်ပြီး ကျောင်းသား ကလပ်နှင့် အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။ The University of Arizona သည် နိုင်ငံတွင်း Public Research Institution တွင် ထိပ်တန်း တက္ကသိုလ် ၂၀ တွင် ပါဝင်ပါတယ်။
The Bachelor of Science in Biology ဘာသာရပ်ကို The University of Arizona ၏ ကောလိပ်ဖြစ်သော College of Science တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်။Campus မှာ Tucson တွင် ဖြစ်ပြီး ၄၈ လကြာမြင့်မှာ ဖြစ်ပါတယ်။ Intake များမှာ Fall(Aug), Spring (Jan), Summer (May) ဖြစ်ပြီး Application Deadline- Fall (Aug): 15 May, Spring (Jan): 15 Oct, Summer (May): 15 Mar ဖြစ်ပါတယ်။ Tuition fees မှာ တစ်နှစ်လျှင် $ 36600 ကျသင့်မှာ ဖြစ်ပါတယ်။
The Bachelor of Science in Biology ဘာသာရပ်သည် ခေတ်သစ် Biology အကြောင်း အခြေခံ ခိုင်မာစွာ သင်ကြားပေးသဖြင့် Biomedical Research, Medicine နှင့် အခြားသော ကျန်းမာရေး နယ်ပယ်များတွင် လုပ်ကိုင်နိုင်ပါတယ်။ ယခု ပရိုဂရမ်တွင် ခန္ဓာ ဗေဒ၊ ဇီဝ ကမ္မဗေဒ၊ ဇီဝ ဓာတုဗေဒ၊ မျိုးရိုးဗီဇ စသည်တို့ကို လေ့လာရပါတယ်။ ၄ နှစ် တက်ရောက်ရမှာ ဖြစ်ပြီး တစ်နှစ်လျှင် Semester ၂ ခု စီ တက်ရောက်ရပါမယ်။
Bachelor အောင်မြင်ပြီးနောက် Medicine(MD,DO), Pharmacy(PharmD),OPtometry(OD), Dentistry(DDS,DMD), Public Health(MPH) စသော ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။ ထို့အတူ Bachelor of Science in Biology ဘွဲ့ရပြီးနောက် လုပ်ကို်င်နိုင်သော နယ်ပယ်များမှာ –
Medical and Clinical research, Healthcare, Pharmacology, Biomedical Engineering, Forensic Science တို့ဖြစ်ပါတယ်။
Language Proficiency အဖြစ် IELTS Overall -6,TOEFL iBT Overall -70, PTE Overall -53, DET Score -100 လိုအပ်ပါတယ်။ Entry Requirement –GAP 3 လိုအပ်ပါတယ်။
အသေးစိတ်ကို ယခု ဖော်ပြပါ Link-https://www.arizona.edu/degree-search/majors/biology-biomedical-sciences-emphasis တွင် ကြည့်ရှုနိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar