fbpx
June 25, 2021

Bachelor of Medical Radiation Science

EEVS Medical Week အတွက် ယနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  Charles Sturt University မှ သင်ကြားပို့ချပေးနေတဲ့ Bachelor of Medical Radiation Science program ပဲဖြစ်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာ ရေဒီယိုဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် သိပ္ပံ နည်းပညာ ၊ ကျန်းမာရေး၊ ခန္ဓာ ဗေဒ ၊ ဇီဝ ကမ္ပဗေဒ ကို ပေါင်းစပ်လေ့လာရသော ဘာသာရပ်ဖြစ်ပါတယ်။ Charles Sturt University မှ Bachelor of Medical Radiation Science ဘာသာရပ်ကို သီအိုရီနည်းသာမက ကျွမ်းကျင် အတတ်ပညာရှင် တစ်ယောက်အဖြစ် လုပ်ကိုင်နိုင်ရန် အရည်အချင်းများကို လက်တွေ့သင်ကြားပေးလျက်ရှိပါတယ်။ Industry-based သင်ကြားပေးသဖြင့် လုပ်ငန်းခွင် အလုပ်အကိုင်ရရှိနှုန်းမှာ မြင့်မားပါတယ်။ 

Intake အနေဖြင့် ၂၀၂၂ ဖေဖော်ဝါရီ၊ ဇွန် လများအတွက် လျှောက်ထားနိုင်ပြီး ၄ နှစ် တက်ရောက်ရပါမည်။ Campus များမှာ Port Macquarie, Wagga Wagga တို့တွင် တည်ရှိပါတယ်။ အဓိက သင်ကြားပေးမည့် နယ်ပယ်များမှာ-

  • Nuclear medicine and Molecular imaging (radiation physics, radiopharmaceutical sciences, radiochemistry, human biology, pathophysiology, biomedical engineering, computer science, data analytics)
  • Diagnostic radiography (general X-rays, CT, angiography and mammography)
  • Radiation therapy (tomo therapy and IMRT)

The Bachelor of Medical Radiation Science (Medical Imaging), Bachelor of Medical Radiation Science (Nuclear Medicine) and Bachelor of Medical Radiation Science (Radiation Therapy) စသော ဘာသာရပ်များသည် the Medical Radiation Practice Accreditation Committee ၏ အသိအမှတ်ပြုခြင်းခံရပြီး Charles Sturt University မှ  ဘွဲ့ရပြီးပါက  AHPRA တွင် မှတ်ပုံတင် ပြုလုပ်နိုင်ပါတယ်။

ထို့ပြင် Medical imaging and radiation therapy တက်ရောက်သူများသည် Australian Society of Medical Imaging and Radiation Therapy (ASMIRT) ၏ အဖွဲ့ဝင် အဖြစ် လျှောက်ထားနိုင်ပါတယ်။ 

သြစတြေးလျနိုင်ငံတွင်း လူဦးရေ တိုးပွားလာမှုနှင့် စက်မှု လုပ်ငန်းနယ်ပယ် တိုးတက် ကျယ်ပြန့်လာခြင်းကြောင့် Medical Radiation နယ်ပယ်သည် ဘွဲ့ရရှိမှုနှုန်း မြင့်သကဲ့သို့ အလုပ်အကိုင် ခန့်ထားမှုတွင်လည်း အခွင့်အလမ်းများစွာ ရှိပါတယ်။ 

 #LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar