fbpx
August 17, 2021
🇺🇸 ဒီနေ့တော့ အရင်ရက်က မိတ်ဆက်ပေးခဲ့တဲ့ Contemporary Technology University မှာ သင်ကြားလို့ရမဲ့ Master of Science in Digital Marketing Program အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Master of Science in Digital Marketing Program က ထူးချွန်တဲ့ Digital Marketer ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကို သင်ကြားပေးမှာပဲဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို knowledge creation, research skills နဲ့ competencies based on scientific process and findings skills တွေပိုမိုကြွယ်ဝလာအောင်ပံ့ပိုးပေးပါတယ်။ သင်ရိုးညွှန်းတမ်းတွေကလဲ အခြေခံကျတဲ့ course တွေကနေပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့အဆင့်ထိ ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ ကျောင်းစရိတ်ကို ၁ခါထဲအပြီးပေးမယ်ဆိုရင်တော့ ၂၀% လျှော့စျေးရမှာပဲဖြစ်ပြီး ၁ခါထဲအပြီးမပေးချင်ရင်လဲ ၁၂လအရစ်ကျနဲ့ ပေးနိုင်အုံးမှာပါ။ ဒါတွေတင်မကသေးပဲ ကျောင်းစရိတ် ၃၀% ကိုအရင်ပေးပြီး ကျန်တဲ့ ၇၀% ကို ကျောင်းပြီး အလုပ်ရမှထပ်ပြီးပေးနိုင်မှာပဲဖြစ်ပါသေးတယ်။
ဒီ program ကကျောင်းသား၊ ကျောင်းသူတွေကို business management, media, arts, digital marketing နဲ့ business skills တွေမှာ တိကျတဲ့နည်းစနစ်တွေကို အကျိုးရှိရှိအသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ Semesters 4 ခုသင်ယူရမှာဖြစ်ပြီး semesters တစ်ခုစီမှာ course ၃ခုစီ သင်ကြားရမှာပဲဖြစ်ပါတယ်။ သင်ယူရမဲ့ courses တွေကတော့ –
✔️Digital Marketing Foundations
✔️Content Marketing
✔️Social Media Marketing
✔️Search Engine Optimization
✔️Paid Search
✔️Display & Video Advertising
✔️Email Marketing
✔️Analytics
✔️Digital Strategy
✔️Capstone Project in Digital Marketing တို့ပဲဖြစ်ပါတယ်။
International Students တွေအနေနဲ့လိုအပ်တဲ့ Program Requirement တွေကတော့
IELTS – 5
TOFEL (iBT) – 71
TOFEL (PBT) – 530
Pearson (PTE) – 50 တို့လိုအပ်ပါတယ်။
Tuition Cost – $18,000
Program အသေးစိတ်ကို ဒီ link ကနေ https://contech.university/master-of-science-in-digital…/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 12, 2021

စျေးသက်သက်သာသာနဲ့ MBA တက်ဖို့စဥ်းစားနေတဲ့လူတွေအတွက် ရွေးချယ်စရာတက္ကသိုလ်တစ်ခုဖြစ်လာတဲ့ Contemporary Technology University (Contech) (USA)

Contemporary Technology University (Contech) (USA) ကတော့ Bureau for Private Postsecondary Education (BPPE) ကနေအသိမှတ်ပြုလက်မှတ်ရရှိထားတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာတည်ရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ပဲဖြစ်ပါတယ်။ Contemporary Technology University က အရည်အချင်းပြည့်ဝပြီး လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ လူငယ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး Techonology နဲ့ဆိုင်တဲ့ Master Degrees များကို သင်ကြားပေးလျက်ရှိပါတယ်။

Contemporary Technology University (Contech) က education နဲ့  talent development industry ထဲကို ၂၀၁၅ ခုနှစ်ထဲကဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၄၅၀၀၀ ကျော်ကိုမွေးထုတ်ပေးထားနိုင်ခဲ့ပါပြီ။ Contech က ယနေ့ခေတ်လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းကြား ကွာဟမှုမရှိအောင်အမြဲဖြည့်တင်းလျက်ရှိပါတယ်။ အဲ့လိုဖြည်းတင်းတဲ့ အခါမှာလဲ Teaching Methods တွေကိုပဲပြုပြင်ပြောင်းလဲတာ မဟုတ်ပဲ ကျောင်းသား၊ ကျောင်းသူတွေအလုပ်ခွင်မှာ အံ့ဝင်ဂွင်ကျဖြစ်စေဖို့ကိုလဲ အလေးပေးတဲ့တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Contech မှာ အဓိကအားဖြင့် Computer Science, Data Science, Machine Learning & Digital Marketing တို့ကို သင်ကြားပေးလျက်ရှိပါတယ်။ 

Campus တွေကလဲ​ ပုံမှန် traditional campus-based တွေအစား tech-related companies တွေအများအပြားရှိတဲ့ နေရာတွမှာတည်ဆောက်ထားပါတယ်။ ဒါ့အပြင် San Francisco, New York, Berlin နဲ့  Singapore မြို့တွေမှာ ၃လစီပြောင်းပြီး သင်ကြားနိုင်အုံးမှာပါ။ အကယ်၍ Online Learning လုပ်ချင်တဲ့လူတွေအတွက်လဲ ၉လစာသင် ၃လလက်တွေ့ program လဲရှိပါသေးတယ်။ ဒါတွေတင်မကသေးပဲ Online Learning ကြီးပဲလုပ်လို့ရပါသေးတယ်။

Contech ကနေ သင်ကြားပေးနေတဲ့ Program တွေကတော့ – 

  • Master of Science in Digital Marketing
  • Master of Science in Computer Science – Data Science
  • Master of Science in  Computer Science – AI & Machine Learning 

International Students တွေအနေနဲ့လိုအပ်တဲ့  Program Requirement တွေကတော့

IELTS – 5

TOFEL (iBT) – 71 

TOFEL (PBT) – 530

Pearson (PTE)50 တို့လိုအပ်ပါတယ်။

Tuition Cost – $18,000 – $19,800

အသေးစိတ်ကို ဒီ link လေးကနေ https://contech.university/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 6, 2021

ဒီတစ်ခါပြောပြပေးမဲ့ Scholarship Program လေးကတော့ INTO & University of Stirling ကနေပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

University of Stirling ကတော့ UK နိုင်ငံရဲ့အေကောင်းဆုံးတက္ကသိုလ်တွေမှာ #ranked30 ရရှိထားပြီး ကျောင်းသား၊ကျောင်းသူတွေ စိတ်ကျေနပ်မှုအရှိဆုံး UK တက္ကသိုလ်စာရင်းမှာတော့ #ranked20 ရရှိထားတဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး၊ အလုပ်အကိုင်ရရှိနိုင်မှု၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အထောက်အကူပြုပစ္စည်းပြည့်စုံမှုများကြောင့် QS Ranking မှာ 5 Stars ရရှိထားပါသေးတယ်။

Scholarship အတွက် ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ပထမနှစ်အတွက် tuition fees £4,000 ကိုရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် undergraduate ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ နှစ်တိုင်း £2,000 စီထပ်ပြီးရရှိမှာပဲဖြစ်ပါတယ်။

ဒီ scholarship က မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထားပေးတဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်အခွင့်အရေးတွေအများရှိတဲ့ scholarship တစ်ခုပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် EEVS ကိုအမြန်ဆုံးဆက်သွယ်ပြီး scholarship ကိုအရယူလိုက်ရအောင်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 6, 2021
🗣️ EEVS ရဲ့ Telegram Channel
အမြဲမပြတ် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမြဲကြိုးစားနေတဲ့ EEVS ကအခုဆိုရင်တော့ Telegram ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။
EEVS ရဲ့ Telegram Channel လေးကနေ
☑️Scholarship Information တွေ
☑️နာမည်ကြီးတက္ကသိုလ်တွေရဲ့ information တွေ
☑️နိုင်ငံတကာပညာရေးဆွေးနွေးအကြောင်းတွေ
☑️ကျောင်းလျှောက်တဲ့အခါလိုအပ်တဲ့အကူညီတွေအပြင်
☑️Certified Education Counselor တွေနဲ့ပါဆွေးနွေးနိုင်မှာပါ
ဒါကြောင့် EEVS ရဲ့ Telegram Channel လေးကို အခုပဲ ဒီ link https://t.me/joinchat/Ezbw7qrXVzQ0ZGQ9 လေးကိုနိုပ်ပြီး join လိုက်တော့နော်။
July 30, 2021
သင်ဟာစီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာလိုသူဖြစ်ပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုနေရာကို တာဝန်ယူရမည့်သူတစ်ဦးလား
ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ကနေဒါနိုင်ငံ Crandall Universityမှာ သင်ကြားပေးနေတဲ့ Master of Organizational Management program အကြောင်းကို အပြီးထိဖတ်ကြည့်လိုက်ပါနော်။
Crandall University သည် Canada နိုင်ငံ Monctonတွင်တည်ရှိပြီး Department of Post-Secondary Education, Training and Labour, New Brunswick မှ အသိအမှတ်ပြုထားပါတယ်။ Master of Organizational Management (MOrgM) သည် people-focused program ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုနေရာများအတွက် professional များကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
Master of Business Administration (MBA) degree နဲ့ကွာခြားတဲ့အချက်ကတော့ business administration ရှုထောင့်တွေထက်စာရင် ဒီ program မှာကတော့ လူတွေနဲ့အတူတကွ ဘယ်လိုအလုပ်ပြီးမြောက်အောင်လုပ်မလဲဆိုတာတွေရယ် လူတွေကိုဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်မလဲဆိုတာတွေရယ်ကို လေ့လာရမှာဖြစ်ပါတယ်။
Program ကို 12 လ 30 credit-hour တက်ရောက်ရမှာဖြစ်ပြီး ဒီ program ပြီးတဲ့ကျောင်းသားတွေအနေနဲ့ ကနေဒါအစိုးရထံမှ Post-Graduation Work Permit ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ-
Managing Organizations in Social Change
Managing Organizations across Borders and Cultures
Non-Profit Issues and Management
Vision and Management
Leading Organizational Change
Corporate Social Responsibility and Managerial Ethics
Financial Management in Organizations
Strategic Organizational Management
Organizational Behaviour
Organizational Culture and Communication တို့ပဲဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
undergraduate Bachelor’s degree with a minimum grade point average of 3.0
သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်
a rĂŠsumĂŠ and a cover letter
IELTS – Academic: minimum 6.5 overall, minimum 6.0 in each area
TOEFL-IBT: minimum 90 overall, minimum 21 in each area
PTE (Pearson) Academic: minimum score of 56
Duolingo English Test results (minimum score of 105)

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 30, 2021

ဒီနေ့ EEVS မှပြောပြပေးချင်တာကတော့ နိုင်ငံတကာကျောင်းသားများအတွက် MBA တက်ရောက်ဖို့ အကောင်းဆုံးနိုင်ငံများ အကြောင်းပဲဖြစ်ပါတယ်။ 

MBA တက်ရောက်ဖို့ study destination ရွေးချယ်ရတာကလည်း အဓိကကျတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ မိမိရွေးချယ်လိုက်တဲ့ study destination အပေါ်မူတည်ပြီး networking အခွင့်အလမ်းများ၊ career အခွင့်အလမ်းများ အပေါ် အကျိုးသက်ရောက်မှုရှိတာဖြစ်လို့ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

MBA တက်ရောက်ဖို့  ထိပ်တန်း study destination တွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

1) United States of America

USA သည် MBA Program တက်ရောက်ရန်အကောင်းဆုံးနိုင်ငံတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပါတယ်။ Top-ranked  Business Schools တွေများစွာရှိပြီး MBA Program ကို ၂နှစ်တာ သင်ကြားပေးကာ ကျောင်းပိတ်သည့်ကာလတွင်လည်း အလုပ်သင်ဆင်းရမည့် အစီအစဉ်များ ထည့်သွင်းပေးထားပါတယ်။ USA ရှိ Top-ranked Business Schools တွေက နိုင်ငံတကာမှာရှိတဲ့ Business Organizations တွေနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ မိမိ networking တွေပိုကျယ်ပြန့်လာစေရုံသာမက career opportunities တွေများစွာလည်း ရရှိမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး US$60,000 မှ US$80,000  အထိကုန်ကျနိုင်ပါတယ်။ 

2) United Kingdom

London ကိုလက်ရှိတွင် Global Financial Centres Index၏ ranking အရ ကမ္ဘာ့ထိပ်တန်း ယှဉ်ပြိုင်မှုအများဆုံး financial center အဖြစ်သတ်မှတ်ထားပါတယ်။ UK နိုင်ငံသည် banking sector တွင်ထိပ်တန်းမှရပ်တည်လျက်ရှိပြီး MBA graduate များကိုလည်း UKရှိ ထိပ်တန်း bank များတွင် ခန့်အပ်ထားလျက်ရှိပါတယ်။ UK ရှိ MBA Program များသည် များသောအားဖြင့်အချိန်တစ်နှစ်သာကြာမြင့်ပြီး Graduate Work Visa ၂နှစ်လျှောက်ခွင့်လည်းပေးထားတာဖြစ်လို့ အလုပ်ရှာဖို့အခွင့်အရေးတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး 31,450 GBP မှ 87,900 GBP အထိကုန်ကျနိုင်ပါတယ်။ 

3) Germany

Germany နိုင်ငံရှိ တက္ကသိုလ်အများစုသည် များသောအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် program များဖွင့်လှစ်သောကြောင့် ဂျာမနီ၌ MBAပညာသင်ကြားနေသောကျောင်းသားအရေအတွက်တိုးတက်လာပါတယ်။ Germany သည်ဥရောပတစ်ခွင်လုံးတွင် အမြင့်ဆုံးသောစီးပွားရေးကိုပိုင်ဆိုင်ထားပြီး MBA Graduate များအတွက်လစာအမြင့်ဆုံးပေးနိုင်သော ထိပ်တန်း ၁၀နိုင်ငံတွင်ပါဝင်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး   17,770 USD  မှ  44,000 USD အထိကုန်ကျနိုင်ပါတယ်။ 

4)  Australia

Australia နိုင်ငံရှိ MBA Degree များသည် နိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိထားပြီး နိုင်ငံတကာမှာရှိတဲ့ business တွေမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ USA, UK နိုင်ငံများနှင့် ယှဉ်လျှင် နေထိုင်ရန်ကုန်ကျစရိတ် အလွန်သက်သာပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး      40,000 USD မှ   63,000 USD အထိကုန်ကျနိုင်ပါတယ်။ 

5) Singapore

Singapore နိုင်ငံသည်  အခြေခံအဆောက်အဦး များနှင့်စီးပွားရေးတိုးတက်လာမှုကြောင့်အာရှပစိဖိတ်ဒေသရှိ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံတွင်ပေးသော MBA နှင့် Executive MBA Program များသည် flexible ဖြစ်ပြီးကျောင်းသားများသည် ကျောင်းတက်နေစဉ် ကာလအတွင်းတွင် အလုပ်လုပ်ခွင့်ရှိပါတယ်။ ထို့ကြောင့်အချို့သောတက္ကသိုလ်များက ကျောင်းသားများကို တစ်ပတ်လျှင် ၁၆-၁၈ နာရီ အထိအလုပ်လုပ်ခွင့်ပြုလျက်ရှိပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး   60,000 USD မှ 90,000 USD  အထိကုန်ကျနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#BestEducationConsultancyInYangon#MBA

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 21, 2021

EEVS မှ ဒီနေ့မိတ်ဆက်ပေးချင်တဲ့ program လေးကတော့ Canada နိုင်ငံရှိ  ထိပ်တန်းprivate universityတစ်ခုဖြစ်သည့် University Canada West (UCW) တွင် သင်ကြားပို့ချပေးလျက်ရှိသော Master of Business Administration (MBA) program ပဲဖြစ်ပါတယ်။ 

ACBSP နှင့် NCMA အသိအမှတ်ပြုထားသော MBA program တွင်သက်ဆိုင်ရာ digital components များပါဝင်ပြီး digital leaders များဖြစ်သော  Riipen, the Digital Marketing Institute, Salesforce (Trailhead), Tableau, IBM တို့နှင့်ပူးပေါင်းကာ ကျောင်းသားများအတွက် Technological trends များနှင့်လိုက်လျောညီထွေအောင် ပြုလုပ်ပေးထားပါတယ်။ 

UCWမှ  MBA programကို လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံများစွာရှိပြီး အရည်အချင်းပြည့်ဝသော ထိပ်တန်း  professors များမှ သင်ကြားပေးလျက်ရှိပါတယ်။ Lectures များနှင့် academic literature များအပြင် class discussionsများလုပ်ပေးခြင်း၊ case studies များ၊ experience sharing များဖြင့် စာတွေ့ရော လက်တွေ့ပါ တစ်ပါတည်း သင်ကြားပေးပါတယ်။ MBA programကို on campus တက်ရောက်နိုင်သလို onlineမှလည်း လေ့လာသင်ကြားနိုင်ပါတယ်။ 

MBA Program ကို tier လေးခုခွဲထားပြီး ကျောင်းသားတွေရဲ့ skillset တွေပိုမိုတိုးတက်လာစေရန် ရည်ရွယ်ထားပါတယ်။ Team activities တွေမှာပါဝင်တာကလည်း ဒီ program ရဲ့အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

Course structure များကိုဖော်ပြပေးလိုက်ပါတယ်-

Preparatory

Tier 1: Analytical Foundations

Tier 2: Management Principles and Practices

Tier 3: Business Applications

Tier 4: Integration and Implementation

Areas of Focus

ကျောင်းသားတွေအနေနဲ့ specific knowledge နဲ့ skill တွေပိုမိုရရှိစေဖို့အတွက် Leadership, Marketing, Finance စသည့် subject area သုံးခုမှ တစ်ခုကိုရွေးချယ်နိုင်ပါတယ်။ Program အပြီးတွင် သင်ယူခဲ့ရသောအကြောင်းအရာများကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန်ရည်ရွယ်သည့် major research project တစ်ခုပြုလုပ်ရပါတယ်။ အသေးစိတ်ကို ဒီလင့်ခ် https://bit.ly/3vB0hfD တွင် ကြည့်နိုင်ပါတယ်။

January 2020 survey data များအရ UCW မှ MBA graduate ၁၀၀%သည် ကျောင်းပြီးသည့် ၆လအတွင်းအလုပ်ရပြီး ၈၈%သည် ၃လအတွင်းအလုပ်ရကာ ၆၇% သည် ၁လအတွင်း အလုပ်ရရှိသွားပါတယ်။ ကျောင်းသားဟောင်းတွေအနေနဲ့လည်း ကမ္ဘာ့ထိပ်တန်း လုပ်ငန်းများဖြစ်သော Siemens, Apple, Nestle, Scotiabank, Telus, SoftMoc, EmpowerID, SAP, The Marketing Kangaroos, Walt Disney World စသည်တို့တွင် အလုပ်ဝင်လျက်ရှိပါတယ်။ 

UCWမှ  MBA programကို တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် 

အရည်အချင်းသတ်မှတ်ချက်များမှာ- 

အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ  Bachelor degree ရရှိရမည်။ 

GPA – 3.00 out of 4.33 scale (or equivalent) or better 

Academic IELTS or IELTS Indicator – 6.5 overall with minimum of 6.0 in the writing band

CAEL or CAEL Online – 70 overall with minimum of 60 in each subset

Cambridge Test – 176 overall

Duolingo – 110 overall

Password – 6.5 overall with minimum of 6.0 in the writing band

PTE Academic – 61 overall with minimum score of 60 in writing

TOEFL iBT – 88 overall with minimum of 20 in each component 

အထက်ဖော်ပြပါ အချက်များအပြင် အောက်ပါတို့မှတစ်ခုခုရှိရန်လိုအပ်ပါတယ်-

Graduate Management Admission Test (GMAT) သို့ Graduate Record Examinations (GRE) 

CPA, CA, CGA, CMA, CHRP or P.Eng

 Bachelor’s degree in Business Administration (BBA) သို့ Commerce (BCom) or equivalent

လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။

MBA-ACCA Pathway များလည်းရှိပြီး ပထမဦးဆုံး ACCA papers ၉ခု အောင်မြင်ပြီးသော ကျောင်းသားများအနေနှင့် MBAကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ 

Course Link –  https://www.ucanwest.ca/graduate-programs/master-of-business-administration

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar#MBA