fbpx
November 5, 2021

▪️ယခု ပြောပြပေးမှာကတော့ Griffith University ရဲ့ Bachelor of Medical Science Program အကြောင်းပဲ ဖြစ်ပါတယ်။ 🙆‍♂️

▪️Griffith University သည် 1975 တွင် သြစတေးလျနိုင်ငံ Brisbane မြို့တွင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ် ၂ % တွင် ပါဝင်သော အဆင့်မြင့်သုတေသန အထူးပြု တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အရှေ့တောင်ဘက်ရှိ Queensland ပြည်နယ်တွင် Campus ပေါင်း ၆ ခုဖြင့် သုတေသန သင်ကြားရေးများဖြင့်  နိုင်ငံတကာကျောင်းသားပေါင်း 5,0000 ကျော်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။  📚👨‍🎓

▪️ဒီ Bachelor of Medical Science Program က ဆေးပညာကို စိတ်ပါဝင်စားပြီး သင်ယူတတ်မြောက်လိုသူ ကျောင်းသား/သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ယခု program ကို ပြီးမြောက်ပါက Doctor of Medicine ဘာသာရပ်ကိုပါ ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ Program ကာလ ၂နှစ်ကြာမြင့်မှာ ဖြစ်ပြီး Gold Coast campus နှင့် Nathan campus တို့တွင် တက်ရောက်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို $34000 ဝန်းကျင် ကျသင့်နိုင်ပါတယ်။ 💁‍♂️

▪️Program ၏ ပထမဆုံးနှစ်တွင် ဆေးနှင့်ဆက်နွယ်သည့် အခြေခံ သိပ္ပံဘာသာရပ်များဖြစ်သည့် anatomy, chemistry, biochemistry, genes and disease, law and ethics, microbiology, physiology, and epidemiology စသည့် ဘာသာရပ်များကို သင်ကြားရမှာဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ်များသာမက လူမှုဆက်ဆံရေးဘာသာရပ်ကိုလည်း လူနာများနှင့် ဆက်ဆံပြောဆိုရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် သင်ကြားရမှာဖြစ်ပါတယ်။ 😇

▪️ဒုတိယနှစ်တွင်တော့ ဆေးပညာကို ထဲထဲဝင်ဝင်လေ့လာရတော့မှာ ဖြစ်ပြီး immunology, infectious disease, pharmacology, metabolism, structural biochemistry, and molecular genetics ဘာသာရပ်များကို လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ယူခဲ့ရသော အခြေခံပညာရပ်များကို အသုံးချ၍ ဆေးခန်းတွင် ဖြစ်ပေါ်လာသော ပြဿနာရပ်များကို ဖြေရှင်းနည်းများကို သင်ကြားပေးမည့် capstone course ကိုလဲ သင်ကြားရမှာ ဖြစ်ပါတယ်။ 📚📚

▪️တက်ရောက်လိုသော ကျောင်းသား/သူများအနေဖြင့် လိုအပ်သော English Requirements များမှာ –

  • A minimum overall band score of 7.0 on IELTS (Academic) with no sub-score of less than 6.5 A minimum score of 580 on TOEFL
  • An internet-based (iBT) TOEFL score of 92 (no score less than 22)
  • No score less than 4 in each skill of the ISLPR (conducted by ISLPR Language Services only)
  • A minimum overall score of 185 (no score less than 176) on C2 Proficiency (formerly Cambridge Certificate of Proficiency in English)
  • An overall score of 65 in the Pearson Test of English (Academic) with no score less than 58

▪️Program အကြောင်း အသေးစိတ် လေ့လာသိရှိလိုပါက message box သို့မဟုတ် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

☎️09751871589, 09790839290, 09751871587

Ref; https://www.griffith.edu.au/study/degrees/bachelor-of-medical-science-1280

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

November 1, 2021

🔹Kaplan သည် ကမ္ဘာပေါ်ရှိ ကျောင်းသားပေါင်း ၁ သိန်းကျော်ကို ပညာရေးထောက်ပံ့မှုများ စဥ်ဆက်မပြတ်ပေးအပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး Education Provider တစ်ခုပဲဖြစ်ပါတယ်။ Kaplan Singapore သည် နှစ် (၈၀) ကျော် အတွေ့အကြုံရင့်သန်နေသော ပညာရေးအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး  Jobs Central Learning Training & Education Development (T.E.D) မှ ချီးမြှင့်သော “Best Private Education Institution” ဆုကို သုံးနှစ်ဆက်တိုက် ချီးမြှင့်ခံထားရသော ကျောင်းခွဲ တစ်ခု ဖြစ်ပါတယ်။

🔹Kaplan, Singapore တွင် ကမ္ဘာ့အဆင့်မီပညာရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်များကို ပညာရေးကုန်ကျစရိတ်များ သင့်တင့်စွာဖြင့် သင်ကြားနိုင်ခြင်းကြောင့် နိုင်ငံတကာ ကျောင်းသား/သူများကြားတွင် ရွေးချယ်စရာ study destination တစ်ခုဖြစ်လာတာ ဖြစ်ပါတယ်။

🔹ရွေးချယ်စရာ Diploma မှစ၍ Bachelor’s Degree, Postgraduate Program များအထိ သင်ယူနိုင်ပြီး Program ပေါင်း ၅၀၀ ကျော်ကို စိတ်ကြိုက် ရွေးချယ်လေ့လာနိုင်မှာဖြစ်ပါတယ်။

📚လေ့လာနိုင်သော ဘာသာရပ်များမှာ

– Accounting, Banking & Finance

– Business & Management

– Information Technology

– Hospitality & Tourism Management

– Communication & Media

– Education & Social Sciences

– Law & Criminology

🔹Kaplan Singapore သည် ကျောင်းသူ/သားများကို ပညာအရည်အချင်း တစ်ခုထဲ တိုးတက်အောင် လမ်းညွှန်သင်ကြားပေးခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်သို့ အဆင်သင့်ရပ်တည်နိုင်အောင် သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ကျောင်းသား/သူများကို လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခြင်းများ အပြင် ကျောင်းပြီး အလုပ်အကိုင်ရရှိစေနိုင်ရန် အစီအစဥ်များစွာကိုလဲ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Kaplan Singapore မှ Degree များကို  နိုင်ငံတကာမှ လုပ်ငန်းရှင်များက အသိအမှတ်ပြုကြပါတယ်။

🔹Kaplan Singapore ၏ ကျယ်ဝန်းသော Wilkie Edge, GR.ID campuses များသည် Singapore နိုင်ငံ၏ အချက်အချာကျသော နေရာတွင် တည်ရှိပြီး အဓိက Train Lines များဖြင့် ဖြတ်သန်း သွားလာနိုင်သော MRT stations ၆ ခု၏ အနီးအနားတွင် တည်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်မှီတိုးတက်သော စာသင်ကြားခြင်း အတွေ့အကြုံအသစ်များဖြင့် သင်ကြားနိုင်မည့် The Synergy Pod Classrooms များ၊ Career Advisory / Coaching, Work Experience (non-credit bearing internship), Entrepreneurship Training / Talks, Professional Development Series, Recruitment Events များပြုလုပ်နိုင်မည့် Murdoch Edge၊ သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်မည့် Student Lounge၊ Library နှင့် Computer Lab များဖြင့် သင်ခန်းစာများကို သင်ကြားပေးလျက်ရှိတာပဲဖြစ်ပါတယ်။

🔹 Kaplan Singapore နှင့် ပတ်သက်ပြီး ပိုမိုလေ့လာသိရှိလိုသူများအနေဖြင့် လာမည့် ကြာသပတေးနေ့ 4.11.2021 မှာ Study in Kaplan Singapore webinar လေးကို ပြုလုပ်သွားမှာဖြစ်လို့ အောက်ပါလင့်ခ်မှာ တစ်ခါထဲ register ပြုလုပ်နိုင်ပါတယ်။

📌 Register link:     https://bit.ly/3pQL2zZ

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 2, 2021
University of Wollongong သည်Australia နိုင်ငံ၏ public research university တစ်ခုဖြစ်ပြီး Sydney မြို့၏တောင်ဘက် ကီလိုမီတာ ၈၀ခန့်တွင် တည်ရှိပြီး New South Wales ပြည်နယ်၊ ကမ်းရိုးတန်းမြို့ Wollongong တွင်တည်ရှိပါတယ်။Times Higher Education(THE) World University Ranking 2021 အရ Australia နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၁၃ တွင် ရပ်တည်လျက်ရှိပါတယ်။
Engineering ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက်တော့ University of Wollongongမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Bachelor of Engineering (Honours) – Mechatronic Engineering Program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
Mechatronic Engineering ဆိုသည်မှာစက်မှု၊ လျှပ်စစ်နှင့်ကွန်ပျူတာနည်းပညာများကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပထမစာသင်နှစ်မှာဆိုရင် engineering ဘာသာရပ်နယ်ပယ်မျိုးစုံအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ mathematics, statistics, physics, chemistry, computing, engineering science and communication, mechanics, materials and fluids စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အခြေခံမရှိမဖြစ်လိုအပ်တဲ့ knowledge တွေကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ်မှာတော့ မိမိလေ့လာချင်တဲ့ ဘာသာရပ်နယ်ပယ်ကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။
၁၂ပတ် အလုပ်သင်ဆင်းရမည့် အစီအစဉ်ပါဝင်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်အတွေ့အကြုံများအရ credit point တွေရရှိမှာဖြစ်ပါတယ်။
UOW Engineer ကျောင်းသားတွေအနေနဲ့ ခေတ်မီလုပ်ငန်းခွင်တွေမှာ အသုံးပြုနေတဲ့ computer-aided softwareတွေ laboratories တွေနဲ့ သင်ကြားရမှာဖြစ်ပြီး အောက်ပါလက်တွေ့သင်ကြားရေးများကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။
Laboratory experiments
Problem based learning
Computer simulations
Teamwork assignments
Industrial case studies
Project management
Site visits to industry
တတိယနှစ်နဲ့ နောက်ဆုံးနှစ်တို့မှာတော့ control theory, microcontroller architecture and applications, electronics, mechanical engineering design, foundation in electrical energy utilisation, robotics and flexible automation စတဲ့ဘာသာရပ်နယ်ပယ်တွေမှာ အသေးစိတ်သင်ကြားရမှာဖြစ်ပါတယ်။
Program ကို၄နှစ်တက်ရောက်ရမှာဖြစ်ပြီး Course Fees – $150,144 ကုန်ကျမှာဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအနေနဲ့ လိုအပ်သော သတ်မှတ်ချက်များမှာ-
IELTS Academic – 6.0
TOEFL (Internet-based) – 70
UOW မှ engineering programs များကို Engineers Australia နှင့် Washington Accord မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတကာ အင်ဂျင်နီယာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 31, 2020

၁။ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား??

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။ Master By Research and Doctorate Program တက်ရောက်သူတွေကတော့ နာရီ 40 အထိ လုပ်ပိုင်ခွင့်ရှိပါတယ်။

၂။ ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရပါသလဲ?

ကျောင်းသားအများစုက Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, UberEats စတာတွေနဲ့ တစ်ခြား ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ Skills ရှိပြီး Network ကောင်းရင်ကောင်းသလို ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

၃။ အလုပ်ကို ဘယ်လိုရှာကြမလဲ?

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ Resume ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် သေချာကြိုတင်ပြင်ဆင်ပြီးတော့ စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိထားသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Website တွေဖြစ်တဲ့ Gumtree Jobs, LinkedIn စတဲ့ နေရာတွေမှာလည်း ရှာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။ အလုပ်ရဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က ၁၀၀% တာ၀န်ယူရမှာ ဖြစ်ပါတယ်။

၄။ တစ်နာရီကို ဘယ်လောက် ၀င်ငွေရှိပါသလဲ?

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 19.45$ ကနေ ကျောင်းသားအများစုကတော့ 30$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

၅။ လစာကို ဘယ်လို လက်ခံမလဲ??

သြစတြေးလျမှာ အများအားဖြင့် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမိအနေနဲ့ လုပ်အားခ လက်ခံရန်အတွက် ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့် တစ်ခု ဖွင့်ဖို့ ဆိုရင်

A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ့်တစ်နိုင်ငံတွင် ကျောင်းသားပေါင်း ၅၀၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။

Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

☎️09751871588, 09790839290, 09751871587

🏢 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert