fbpx
August 31, 2020

သြစတြေးလျမှာ ပညာသင်သွားမည့် သူများ မေးလေ့မေးထ ရှိသော မေးခွန်းများ ( အပိုင်း ၁ )

၁။ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား??

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။ Master By Research and Doctorate Program တက်ရောက်သူတွေကတော့ နာရီ 40 အထိ လုပ်ပိုင်ခွင့်ရှိပါတယ်။

၂။ ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရပါသလဲ?

ကျောင်းသားအများစုက Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, UberEats စတာတွေနဲ့ တစ်ခြား ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ Skills ရှိပြီး Network ကောင်းရင်ကောင်းသလို ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

၃။ အလုပ်ကို ဘယ်လိုရှာကြမလဲ?

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ Resume ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် သေချာကြိုတင်ပြင်ဆင်ပြီးတော့ စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိထားသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Website တွေဖြစ်တဲ့ Gumtree Jobs, LinkedIn စတဲ့ နေရာတွေမှာလည်း ရှာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။ အလုပ်ရဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က ၁၀၀% တာ၀န်ယူရမှာ ဖြစ်ပါတယ်။

၄။ တစ်နာရီကို ဘယ်လောက် ၀င်ငွေရှိပါသလဲ?

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 19.45$ ကနေ ကျောင်းသားအများစုကတော့ 30$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

၅။ လစာကို ဘယ်လို လက်ခံမလဲ??

သြစတြေးလျမှာ အများအားဖြင့် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမိအနေနဲ့ လုပ်အားခ လက်ခံရန်အတွက် ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့် တစ်ခု ဖွင့်ဖို့ ဆိုရင်

A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ့်တစ်နိုင်ငံတွင် ကျောင်းသားပေါင်း ၅၀၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။

Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

☎️09751871588, 09790839290, 09751871587

🏢 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert