၁. ကိုယ့်အားကိုယ်ကို မကိုးတတ်ခြင်း
သင်က ဘယ်အရာမဆို ကိုယ့်အားကိုယ် မကိုးတတ်သေးဘူး အသေးအမွှားအရာတွေကအစ သူများဆီကို အားကိုးအားထားတတ်တဲ့ အကျင့်ရှိတယ် ပြသာနာ သေးသေးလေးကအစ ကိုယ်တိုင် မဖြေရှင်းတတ်သေးဘူးဆိုရင်တော့ သင့်အနေနဲ့ နိုင်ငံခြားကို ပညာသင်သွားရောက်ဖို့ အသင့် မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။
၂. ဆင်ခြေဆင်လက် ပေးလွန်းခြင်း
သင်က ကြိုးစားရုန်းကန်လိုစိတ် မရှိဘူး စိတ်အားထက်သန်မှု မရှိဘူး အချိန်ကို လေးလေးစားစားနဲ့ အသုံးမချတတ်သေးဘူး အခွင့်အရေးတွေကို လက်ကိုင် မရယူတတ်သေးဘူးဆိုရင်လည်း သင်က နိုင်ငံခြားကို ပညာသင်သွားရောက်ဖို့ အသင့် မဖြစ်သေးပါဘူး။
၃. ဘာသာစကား အားနည်းလွန်းခြင်း
ဒါကတော့ အခုနှောက်ပိုင်းဆိုရင် နိုင်ငံခြားမှာလည်း ဘာသာစကားကို သင်ယူလို့ ရတဲ့အတွက် ပြသာနာတစ်ခု မဟုတ်ပေမယ့် အခြေခံကိုတောင် အနိုင်နိုင်ဆိုရင်တော့ သင့်အနေနဲ့ မိခင်နိုင်ငံမှာပဲ လပိုင်းကြာ အရင်လေ့လာပြီးမှ ပညာသင် သွားသင့်ပါတယ်။
၄. အသစ်အသစ်တွေကို သင်ယူလိုစိတ် မရှိခြင်း
နိုင်ငံခြားကို ပညာသင် သွားရောက်မည်ဆိုလျှင် သင့်အနေနဲ့ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ လူတွေရဲ့ နေထိုင်ပြောဆိုပုံတွေကို မိခင်နိုင်ငံနှင့် မတူ တမူကွဲပြားစွာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် မိမိအနေနဲ့ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေစိတ် အသစ်အသစ်တွေကို လေ့လာသင်ယူလိုစိတ်ကို အမြဲမွေးမြူထားဖို့ လိုအပ်ပါတယ်။
၅. အခက်အခဲတွေကို ရင်ဆိုင်လိုစိတ် မရှိခြင်း
မိမိအနေနဲ့ နေရာသစ်တစ်ခုကို ဖြစ်ဖြစ် တိုင်းတစ်ပါးကို ဖြစ်ဖြစ် ပညာသင် သွားရောက်မည် ဆိုလျှင် အစပိုင်းမှာ အနည်းငယ်သော အခက်အခဲတွေကို ကြုံတွေ့ရမည်မှာ ကြိုတင် မှန်းဆထားသင့်သော အရာတစ်ခုဖြစ်သည်။ ဒီအတွက် မိမိအနေနဲ့ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်စွာ ရင်ဆိုင်တတ်ဖို့ လိုအပ်ပါသည်။
၆. ပေါင်းသင်း ဆက်ဆံရေး အားနည်းခြင်း
သင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမှာ အားနည်းတယ် တစ်ဦးတစ်ယောက်တည်း နေတတ်တာမျိုးဆိုရင် ပြသာနာ မဟုတ်ပေမယ့် မိမိအနေနဲ့ အမြဲ ဒီလို ပြုမူ ကျင့်ကြံနေပါက Career, အလုပ်အကိုင် အခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်ပါတယ်။ ဒီအတွက် မိမိအနေနဲ့ လူတောတိုးတက်ဖို့ လိုပါတယ်။