fbpx
September 1, 2020

 သြစတြေးလျနိုင်ငံအကြောင်း စိတ်၀င်စားဖွယ် အချက်အလက်များ

၁. သြစတြေးလျနိုင်ငံ ပညာရေးသည် ကမ္ဘာ့အဆင့်မှီပြီး ကျောင်းများတွင် ကမ္ဘာ့အဆင့်မှီ ပညာရပ်များကို သင်ယူခွင့်ရရှိနိုင်သည်။

၂. တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသော ဘွဲ့ဒီဂရီများကို ရရှိနိုင်သည်။

၃. ပညာသင်ပြီးနောက် ၂ နှစ် သို့မဟုတ် ၃ နှစ် အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်သည်။

၄. ကျောင်းတက်နေစဉ်ကာလအတွင်း တရား၀င် အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်သည်။

၅. ရေရှည်မှာ နိုင်ငံသား အဖြစ် လျှောက်ထားခွင့် ရရှိနိုင်သည်။

၆. ကျောင်းတက်နေစဉ်ကာလအတွင်း နွေရာသီ ပိတ်ရက်၌ အလုပ်လုပ်ကိုင်လိုပါက ၃လ သို့မဟုတ် ၄လ တိတိ အချိန်ပြည့်လုပ်ကိုင်နိုင်သည်။

၇. ပထမ ခြောက်လကျောင်းစရိတ် သွင်းပြီး တက်ရောက်နိုင်သည်။

၈. အင်္ဂလိပ်စကားပြောနိုင်ငံတွင် ပညာသင်ကြားခွင့် ရရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုကို မြန်မြန် တတ်မြောက်နိုင်သည်။

၉. နှစ်စဉ် မြန်မာကျောင်းသား ၁၇၀၀ ကျော် ပညာသင်ကြားနေသော နိုင်ငံတစ်ခု ဖြစ်သည်။

၁၀. သြစတြေးလျသည် နယူးဇီလန်နိုင်ငံပြီးလျှင် အမျိုးသမီးများကို မဲပေးခွင့်ပေးသော ဒုတိယနိုင်ငံဖြစ်သည်။

၁၁. Australia ဆိုသည့် နာမည်သည် “ Australis” ဆိုသည့် လက်တင်ဘာသာစကားမှ ဆင်းသက်လာသည် ဖြစ်ပြီး “ Southern” ဟု အဓိပ္ပါယ်ရသည်။

၁၂. သြစတြေးလျနိုင်ငံသည် ၇.၆ သန်း ကီလိုမီတာ ကျယ်၀န်းပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက် အကြီးမားဆုံးနိုင်ငံဖြစ်သည်။

၁၃. သြစတြေးလျနိုင်ငံ၏ လူဦးရေသည် ၂၀၁၉ စစ်တမ်းအရ ၂၅.၂ သန်း ကျော် ရှိသည်။

၁၄. သြစတြေးလျနိုင်ငံတွင် ကမ်းခြေပေါင်း ( Beaches ) ၁၁၀၀၀ ကျော် ရှိသည်။

၁၅. သြစတြေးလျနိုင်ငံ၏ မဲလ်ဘုန်းမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး နိုင်ငံအဖြစ် ၂၀၁၀ မှ ၂၀၁၆ အထိ ခုနှစ်နှစ်ကြာ ရပ်တည်လာခဲ့သည်။

၁၆. ၂၀၁၈/၁၉ နွေရာသီသည် သြစတြေးလျနိုင်ငံ သမိုင်းတစ်လျှောက် အပူဆုံးနွေရာသီ အဖြစ် မှတ်တမ်း၀င်ခဲ့သည်။

၁၇. သြစတြေးလျနိုင်ငံ လူဦးရေ၏ ၂၅% သည် အခြားသော နိုင်ငံများမှ ရွှေ့ပြောင်းလာရောက်နေထိုင်သောသူများ ဖြစ်သည်။

” Education is the most powerful weapon you can use to change the world.”

သင့်အိပ်မက်က နိုင်ငံခြားမှာ ကမ္ဘာ့အဆင့်မှီ ပညာရပ်တွေကို သင်ယူနိုင်ဖို့လား ?? ကျွန်တော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒက သင့်ရဲ့ အိပ်မက် ခရီးလမ်းကြောင်းမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်ကူညီပေးဖို့ပါ။

EEVS သည် မြန်မာကျောင်းသားတွေအတွက် မြန်မာနိုင်ငံတွင် လိုအပ်သည့် အင်္ဂလိပ်စာသင်တန်းများ, ကျောင်းရွေးချယ်ခြင်း ဗီဇာ လျှောက်ထားခြင်း သြစတေးလျနိုင်ငံရောက်လျှင်လည်း လိုအပ်သည့် Career Counselling, Internship Placement, Part-Time Job Search, Tax Return, Work Visa နှင့် အခြားသော အကြံပေးမှုများကို ဆောင်ရွက်ပေးနေပါသည်။

သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။ 

Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together