သြစတြေးလျနိုင်ငံမှာ ပညာသင် သွားရောက်မည်ဆိုလျှင် သြစတြေးလျနိုင်ငံရဲ့ လူနေမှုဘဝနှင့် လုပ်ပုံကိုင်ပုံတွေ အကြောင်းကို ကြိုတင်လေ့လာပြီး နားလည်ထားမည် ဆိုလျှင် မိမိအတွက် သြစတြေးလျနိုင်ငံကို ရောက်ရှိပါက အချိန်အများကြီး သက်သာစေသလို နိုင်ငံအသစ် တစ်နိုင်ငံကို ရောက်ရှိပြီး စိမ်းနေတာမျိုးလည်း မဖြစ်စေပါဘူး။
Expert အနေနဲ့ သြစတြေးလျနိုင်ငံမှာ ပညာသင်ပြီး အချိန်ပိုင်း အလုပ်လုပ်လိုသူများအနေနဲ့ ကြိုတင်သိထား အသုံးပြုသင့်တဲ့ အက်ပ်လီကေးရှင်းတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။
1. Seek.com
Seek ဟာ သြစတြေးလျနိုင်ငံရဲ့ အကြီးမားဆုံးသော အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တာကြောင့် မိမိအနေနဲ့ အချိန်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေလိုပါက အဆိုပါ အက်ပ်လီကေးရှင်းကို မိမိဖုန်းထဲတွင် ကြိုတင် ထည့်သွင်းထားသင့်ပါတယ်။
2. LinkedIn
Working Professional တွေအတွက် သီးသန့် ဖန်တီးထားတဲ့ ဒီကမ္ဘာကျော် ဆိုရှယ်မီဒီယာရဲ့ သက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ LinkedIn မှတစ်ဆင့် ရနိုင်တဲ့ Network က မိမိဘဝကို ပြောင်းလဲစေလောက်အောင် ကြီးမားပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေသူတိုင်း သုံးသည့် App ဖြစ်သည့်အတွက် သြစတြေးလျနိုင်ငံမှာ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကိုင်နေသူတွေ တွေ့ကြပြီး ဆက်သွယ်ကြမည် ဆိုလျှင် LinkedIn မှာ ဆက်သွယ် ထိတွေ့ကြတာများသည့် အတွက် ဒီအက်ပ်လီကေးရှင်းကိုလည်း မိမိဖုန်းထဲတွင် ထည့်သွင်းထားသင့်ပါသည်။
3. Gumtree
မိမိအတွက် နေထိုင်ဖို့ တိုက်ခန်း, အဆောင် ရှာဖွေမည် ဆိုလျှင် Gumtreeသည် သြစတြေးလျနိုင်ငံတွင် နာမည်ကြီးသော အက်ပ်တစ်ခုလည်း ဖြစ်ပါသည်။ ဒီအက်ပ်လီကေးရှင်းကိုလည်း ဖုန်းထဲတွင် ထည့်သွင်းထားသင့်ပါသည်။
4. Fiverr
ကမ္ဘာကျော် Freelancing Platform ဖြစ်သော ဒီအက်ပ်ကို ဖုန်းထဲတွင် ထည့်သွင်းထားမည် ဆိုလျှင် မိမိအနေနဲ့ Data Entry, Graphic Design နှင့် အခြား မြောက်မြားစွာသော Freelance Project များနှင့် အချိန်ပိုင်းအလုပ်များ သြစတြေးလျနိုင်ငံသာမကပဲ ကမ ္ဘာတစ်ဝန်းလုံးမှပင် ရရှိနိုင်ပါသည်။
5. Google Map
You don’t need to know anything, you just need google, Google knows everything ဆိုသည့်အတိုင်း မိမိအနေနဲ့ နေရာသစ် တစ်ခုခုကို ရောက်ရှိပြီဆိုလျှင် နေရာတကာ သွားရောက်ဖို့ လမ်းပြကောင်း တစ်ယောက်လိုပါတယ်။သြစတြေးလျနိုင်ငံကို စရောက်မည်ဆိုလျှင် မိမိအနေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရှိနေပြီးပါက အခက်အခဲ မရှိနိုင်သော်လည်း တစ်ဦးတစ်ယောက်တည်းဆိုပါက Google Map သည် သင့်အတွက် အင်မတန် တိကျသေချာသော လမ်းပြကောင်း ဖြစ်နိုင်သည့်အတွက် ဒီအက်ပ်ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။
EEVS အနေဖြင့် ကျောင်းသား/ကျောင်းသူများ၏ အရည်အချင်းအလိုက် ထိုက်တန်သော အခွင့်အလမ်းမျိုးတွေကို ရရှိသွားရန် အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီ။
EEVS က ဘာတွေ ဆောင်ရွက်ပေးပါသလဲ
1. ကျောင်းသား/သူများကို ကျောင်းရွေးတာမှအစ ဗီဇာ ကိစ္စအဆုံးကို အခမဲ့ ဆောင်ရွက်ပေးပါတယ်။
2. ၁၈ နှစ်အောက်ကျောင်းသား/သူများအတွက် Guardian ကိစ္စအ၀၀ကို ဆောင်ရွက်ပေးပါတယ်။
3. Part-Time Job ရဖို့အတွက် အကူအညီ ပေးပါတယ်။
4. နေစရာ အိမ်၊အဆောင်ရှာဖွေဖို့ ကူညီပေးပါတယ်။
5. မြန်မာနိုင်ငံသာမကပဲ သြစတြေးလျကို ရောက်ရင်လည်း သြစတြေးလျမှာ ရှိတဲ့ ရုံးများမှ လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။
6. Visa သက်တမ်းတိုးတာမှအစ Work Visa အဆုံး ရရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။
7. ကျောင်းသားနဲ့ အတူတူ လိုက်ပါလိုတဲ့ မိဘများအတွက် Parent Visa ကိစ္စများကို အပြည့်အ၀ တာဝန်ယူပေးပါတယ်။
ကျွန်တော်တို့၏ ဝန်ဆောင်မှုများတွင် Honesty, Quality, Integrity and Value အချက်လေးချက်ကို အမြဲဆောင်လေ့ရှိသောကြောင့် ကျွန်တော်သို့ ထံသို့ လာရောက် အကြံဉာဏ် ရယူသော ကျောင်းသားနှင့် ကျောင်းသားမိဘတိုင်းအတွက် မှန်ကန်ပြီး တိကျသေချာသော ဝန်ဆောင်မှုကို ပေးဆောင်ရန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အရာဖြစ်ပါသည်။
သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။
Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together
myanmar@experteducation.com.au