fbpx
September 1, 2020

ၾသစေၾတးလ် ပညာသင္သြားမည့္သူမ်ား သိထားသင့္ေသာအရာမ်ား (အပိုင္း ၅)

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ ပီအာကော လျှောက်လို့ရပါသလား??
ရပါတယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှာ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။
သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။
သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။
PR အကြောင်း ဘယ်လို အမှတ်တွက်သလဲဆိုတာကိုတော့ နောက်တစ်ခုပို့စ်မှာပဲ ပြည့်ပြည့်စုံစုံ ဖော်ပြသွားပါမယ်။
Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။
အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587
No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်
Let’s Plan Your Career Together