ဒီတစ်ပတ်ကတော့ PR ရဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
2018 မတိုင်ခင်အထိ ဆိုလျှင် PR ရဖို့အတွက် အမှတ် ၆၀ သာ လိုအပ်ပြီး 2018 ကနေ စပြီးတော့ ၆၅ ဖြစ်သွားပါတယ်။
ပထမဆုံးအနေနဲ့ PR အတွက် အောက်ပါအတိုင်း အမှတ်တွက်ပါတယ်။
၁။ အသက်
18-24 years 25points
25-32 years 30points
33-39 years 25points
40-44 years 15points
၂။ အင်္ဂလိပ်
English Competent Proficient Superior
IELTS 6 7 8
PTE 50 65 79
OET C B A
Toefl iBT L-12, R-13, W-21, S-18 L-24, R-24, W-27,S-23 L-28, R-29, W-30, S-26
CAE 169 185 200
Points 0 10 20
၃။ လုပ်ငန်းအတွေ့အကြုံ ( သြစတြေးလျ ပြင်ပ )
Less than 3 years 0
3-4 years 5points
5-7 years 10points
8-10 years 15points
၄။ လုပ်ငန်း အတွေ့အကြုံ ( သြစတြေးလျပြည်တွင်း )
Less than 1 year 0
1-2 years 5 points
3-4 years 10 points
5-7 years 15 points
8-10 years 20 points
၅။ ပညာရေး
သြစတြေးလျမှ ရရှိသော သို့မဟုတ် သြစတြေးလျက အသိအမှတ်ပြု လက်ခံသော ကျောင်းတစ်ကျောင်းမှ ရရှိသော Doctorate Degree ရှိပါက – 20 points
Bachelor or Master Degree – 15 points
Diploma or Trade Qualification in Australia – 10 points
မိမိတက်မြောက်ထားသော skills တစ်ခုခုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အသိအမှတ်ပြုထားသော လက်မှတ် တစ်ခုခု – 10 points
အထက်ပါ ဒီဂရီများသည် သြစတြေးလျမှာ ပညာသင်ကြားသည်ဖြစ်စေ မသင်ကြားထားသည် ဖြစ်စေ သြစတြေးလျက အသိအမှတ်ပြုထားသော နိုင်ငံများ သို့ standard တစ်ခုမှီပါက ရသည်။
၆။ သြစတြေးလျတွင် ပညာသင်ကြားထားမှု
သြစတြေးလျရှိ အစိုးရမှ အသိအမှတ် ပြုထားသော institution တစ်ခုခုတွင် တက်ရောက်ပြီး Degree, Diploma or Trade Qualification ရှိထားပါက – 5 Points
၇။ Niche Skills Education
Research မှ master degree or academic year အနည်းဆုံးနှစ်နှစ်ပါ၀င်သော Australia Institution မှ ရရှိသော Doctorate Degree ( 5 points )
၈။ Spouse Skills Point ( 5 points 0
မိမိအနေနဲ့ ပညာသင်ကာလအတွင်း ခင်ပွန်း သို့ ဇနီးကိုပါ Dependent Student Visa အနေနဲ့ခေါ်ထားလို့ ရပြီး အကယ် ၍ ကိုယ်က Bachelor ဒီဂရီ တက်နေတယ်ဆိုရင်တော့ သူလည်း မိမိနဲ့အတူတူ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရပါတယ်။ ကျောင်းသား/သူက master တက်နေပါက spouse အနေနဲ့ Full-Time အထိပါ အလုပ်လုပ်ခွင့် ရှိပါတယ်။ Spourse Skills Point ကတော့ မိမိ ခင်ပွန်းသို့ဇနီးအနေနဲ့ အသက်က ၄၅ နှစ်အောက် English Test မှာ သတ်မှတ်ထားတဲ့ Basic Score နဲ့ သတ်မှတ်ထားတဲ့ Occupation List ထဲက အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၉ နို၀င်ဘာမှာ အမှတ်ပုံစံအောက်ပါအတိုင်း ပြောင်းလဲမယ်လို့လည်း သိရပါတယ်။
Single (Un-married) 10
Spouse is Australian Citizen or PR holder 10
Spouse has Positive Skill Assessment and competent English 10
Spouse has no Skill Assessment but competent English 5
Other Cases 0
စာတော်တော်ရှည်သွားပါတယ် နောက်တစ်ပိုဒ်မှာပဲ ဆက်လက်ရေးပေးပါမယ်။
Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။
အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587
No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်
Let’s Plan Your Career Together