fbpx
June 16, 2021

Quick Facts about doing Part-Time Jobs in Germany

Germanyနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးစနစ်ကို ပေးစွမ်းနိုင်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်သောကြောင့် ကျောင်းသားများ၏ ideal study destinationတွင် တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ Germanyရှိကျောင်းသားဦးရေ၏ သုံးပုံနှစ်ပုံသည် ကျောင်းတက်နေစဉ်ကာလအတွင်း အချိန်ပိုင်း အလုပ်များ လုပ်ကိုင်လျက်ရှိပြီး အပိုဝင်ငွေရှာဖွေရုံသာမကပဲ လုပ်ငန်းခွင်အတွက် လိုအပ်သည့် skill sets တွေကိုပါ သင်ယူကြပါတယ်။ 

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ တိုင်းတာချက်များအရ  international student  များအတွက် Germany နိုင်ငံတွင် လူနေမှုကုန်ကျစရိတ်များကို ကာမိစေရန် တစ်လလျှင် 861 EUR လိုအပ်ပြီး တစ်နှစ်လုံးစာအတွက် 10,332 EUR လိုအပ်ပါတယ်။ 

အချိန်ပိုင်းအလုပ်အတွက် သတ်မှတ်ထားတဲ့ rules and regulationsတွေ အမျိုးမျိုးရှိကြပါတယ်။

European Union, Iceland, Liechtenstein, Norway, နှင့် Switzerland နိုင်ငံများမှ လာရောက်သော ကျောင်းသားများအနေနှင့် job market တွင် German  ကျောင်းသားများနှင့် တန်းတူအခွင့်အရေးများရရှိနိုင်ပါတယ်။သို့သော် ထိုနိုင်ငံများမှလွဲ၍ အခြားနိုင်ငံမှလာရောက်သော ကျောင်းသားများအတွက် အောက်ပါကန့်သတ်ချက်များကို လိုက်နာရန် လိုအပ်ပါတယ်။ 

တစ်နှစ်တာကာလအတွင်း တစ်နေကုန်အလုပ်လုပ်နိုင်သည့်ရက်ပေါင်း ၁၂၀ (သို့) နေ့တစ်ဝက် အလုပ်လုပ်နိုင်သည့် ရက်ပေါင်း ၂၄၀ ရှိပါတယ်။ 

ကိုယ်ပိုင်အလုပ် (သို့) freelance လုပ်ကိုင်ခွင့်မရှိပါ။

သတ်မှတ်ထားသော အချိန်ထက်ပိုပြီး အလုပ်လုပ်လိုပါက local employment agency (Agentur für Arbeit) နှင့် foreigners’ registration office (Ausländerbehörde) တို့ထံမှ ခွင့်ပြုချက် တောင်းခံရမည်။ 

language course (သို့) preparatory course များတက်ရောက်နေသော ကျောင်းသားများအနေဖြင့် Federal Employment Agency နှင့် Immigration Office တို့မှ ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ကျောင်းပိတ်ထားသည့် ကာလတွင်သာ အလုပ်လုပ်ခွင့်ရှိပါတယ်။ 

ပုံမှန်အားဖြင့်  unemployment rates နိမ့်သော ဒေသများတွင် နေထိုင်သည့်ကျောင်းသားများကိုသာ အလုပ်ချိန်ပိုပြီးတိုးလုပ်ခွင့် ပေးလျက်ရှိပါတယ်။ 

academic assistants အနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာကျောင်းသားများအတွက် အလုပ်ချိန်ကန့်သတ်ထားခြင်းမရှိပါ။ 

International Student များအနေဖြင့်  Part-Time Jobs တွေကို ဘယ်လိုရှာဖွေနိုင်သလဲ?

📌University Bulletin Board

University Bulletin Board တွေမှာအလုပ်ရှာတာကလည်း ထိရောက်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Bulletin Board တွေမှာ ကျောင်းသားရေးရာနှင့် ပတ်သက်သည့် ကြေညာချက်များ အပြင် အလုပ်ခေါ်စာတွေကိုလည်း ကပ်ထားလေ့ရှိပါတယ်။ 

📌University Career Centres

များသောအားဖြင့် University များတွင် ကျောင်းသားများအတွက် မိမိလေ့လာနေသော ဘာသာရပ်အလိုက် ကိုက်ညီမှုရှိသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်အတွက် ကိုယ်ပိုင် Career Centres တွေထားရှိပါတယ်။ 

📌Online Job Portals

Germany နိုင်ငံတွင် industry ပေါင်းစုံတွင် part-time လုပ်လိုသော နိုင်ငံတကာကျောင်းသားများအတွက် အလုပ်ရှာဖွေရာတွင် Online Job Portals များက အထောက်အကူများစွာဖြစ်ပါတယ်။ 

Germany နိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအနေဖြင့် industry မျိုးစုံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ကျောင်းသားအများစု လုပ်ကိုင်လေ့ရှိသော part-time job များမှာ- 

Academic assistants အလုပ်များဖြစ်သော Library supervisor, Literature researcher, Tutorial assistant များနှင့် Off-campus jobs များဖြစ်သော Waiter/Waitress, Trade Fairs, Courier, Babysitter, Bartender, Cashier, Filing office documents, Media (Journalism students)နှင့် Tutoring (Students in teacher training) တို့ပဲဖြစ်ပါတယ်။ 

များသောအားဖြင့် Germany နိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခသည် တစ်နာရီလျှင် 9.19 EUR ဖြစ်ပြီး production, academic institutions နှင့် trade fairs များတွင်လုပ်ကိုင်သောသူများအနေဖြင့် အနိမ့်ဆုံးလုပ်အားခထက် ပိုရလေ့ရှိပါတယ်။ 

တစ်လလျှင် ဝင်ငွေ450 EUR အထက်ရှိသော ကျောင်းသားများအနေဖြင့် tax ပေးဆောင်ရန်လိုအပ်ပါတယ်။ 

Germany တွင် permanent အလုပ်ရပါက လူမှုဖူလုံရေးခံစားခွင့်ပေးချေရန်လိုအပ်ပြီး ၎င်းတွင်ကျန်းမာရေးအာမခံ၊သူနာပြုစောင့်ရှောက်မှုအာမခံ၊ပင်စင်နှင့်အလုပ်လက်မဲ့အာမခံတို့အတွက်ပေးချေမှုများပါဝင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInGermany#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar