EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အမေရိကန်ပြည်ထောင်စုရှိ Concord Universityတွင် သင်ကြားပို့ချပေးနေတဲ့ Master of Arts in Health Promotion program ပဲဖြစ်ပါတယ်။
Health Promotion ဆိုတာဘာလဲ?
Health Promotion ဆိုတာကတော့ လူသားတိုင်း ကျန်းမာတဲ့ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ဖို့အတွက် မှန်ကန်တဲ့ ကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုတွေ ပြုလုပ်နိုင်အောင် လိုအပ်တဲ့ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ Health Promotion မှာ လူတစ်ဦးစီတိုင်း အား ကျန်းမာရေးအပြုအမူများကို အသိပညာပေးခြင်း၊physical activity များ ပိုမိုလွယ်ကူစေရန် ပတ်ဝန်းကျင်တွင် အပြောင်းအလဲများပြုလုပ်ပေးခြင်း၊ ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန် policy များချမှတ်ပေးခြင်းတို့ ပါဝင်ပါတယ်။
100% Online Program ဖြစ်ပြီး social နှင့် behavioral health အပေါ်အဓိက သင်ကြားပေးမှာဖြစ်ပါတယ်။ ဤ Programသည် Certified Health Education Specialist exam ဖြေဆိုဖို့အတွက်ပါ ပြင်ဆင်ပေးထားပါတယ်။
Concord University ရှိ MA in Health Promotion Program သည် national recognition ရရှိထားပြီး Best Online Master’s in Health Education Programs of 2019 တွင် ranking#5 ဝင်ထားပါတယ်။
MA in Health Promotion Program သည် ၃၃နာရီကြာမြင့်ပြီး ၂၇ နာရီကြာ course work နှင့် ၆နာရီကြာ capstone courseတို့ပါဝင်ပါတယ်။ Fall Intake တွင်တက်ရောက်သော ကျောင်းသားများ အနေဖြင့် ၂နှစ်တက်ရောက်ရမည်ဖြစ်ပြီး Spring Intake တွင်စတင်သူများအတွက် ၁နှစ်ခွဲ (သို့) ၂နှစ်ခွဲ တက်ရောက်ရမည်။
Course structure မှာ-
Fall
HLTH 500 Foundations of Health Education & Health Promotion (3)
HLTH 510 Physical Activity, Nutrition (3)
Spring
HLTH 520 Program Planning and Evaluation (3)
HLTH 540 Epidemiology (3)
HLTH 550 Health Trends and Issues (3)
Summer
HLTH 530 Health Interventions for School-aged Children (3)
HLTH 535 Health Interventions for Specific Populations (3)
Fall
HLTH 515 Advanced Content in Health Promotion (3)
HLTH 525 Research in the Health Sciences (3)
Spring
HLTH 560 Action Research in Health Promotion (6)
Master of Arts in Health Promotion Program တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-
သက်ဆိုင်ရာ အသိအမှတ်ပြု တက္ကသိုလ်မှ health education, health promotion, public health, sociology, psychology, allied health fields, environmental health studies စသောဘာသာရပ်များတွင် degree ရရှိထားပြီး GPA 2.75 ရှိရန်လိုအပ်ပါတယ်။
official transcripts များ
Recommendation Letters ၂စောင်
Application Fees – $30.00 တို့လိုအပ်ပါတယ်။
Career opportunities များအနေဖြင့်လည်း Schools, Community or Public Health Centers, Worksite Wellness, Hospitals, Insurance companies များတွင် community health worker, school health worker, education coordinator, health consultant, health educator, health program specialist, health policy analyst, health promoter များအဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။
Program Link – https://www.concord.edu/Academics/Graduate-Programs/Master-of-Arts-in-Health-Promotion.aspx
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar