fbpx
June 24, 2021

Poland နိုင်ငံတွင်ပညာသင်ယူသင့်သော အကြောင်းအရာများ

Poland နိုင်ငံသည် ဥရောပ အရှေ့ခြမ်းတွင် တည်ရှိပြီး Germany,  Lithuania, Belarus, Ukraine နိုင်ငံတို့ ဝန်းရံလျက် ရှိပါတယ်။ ပိုလန်နိုင်ငံသား ၅၀ ရာခိုင်နှုန်းသည် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုကြပြီး  အပြောများသော ဘာသာစကားအချို့မှာ ပြင်သစ်၊ ဂျာမာန် နှင့် ပိုလန် ဘာသာစကားတို့ဖြစ်ပါတယ်။ Poland နိုင်ငံ၏ ဥပဒေအရ ကျောင်းသားများအနေဖြင့် တစ်ပတ်လျှင် တစ်ပတ်ကို နာရီ ၂၀ သာ လုပ်ကိုင်ခွင့်ရှိပြီး ကျောင်းပိတ်ရက်များတွင် အချိန်ပြည့် အလုပ်လုပ်ခွင့် ရှိပါတယ်။

ယနေ့မှာတော့ကျောင်းသားများအနေဖြင့် Poland နိုင်ငံတွင် ပညာသင်ယူသင့်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။

ရွေးချယ်စရာ တက္ကသိုလ် ၊ ကောလိပ် များရှိခြင်း 

Poland နိုင်ငံတွင် တက္ကသိုလ်ပေါင်း ၄၀၀ တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားပေါင်း ၁.၁ မီလီယံနှင့် အထက်ရှိပါတယ်။ ဘာသာရပ်ပေါင်း ၁၀၀ ကျော်ဖြင့် သင်ကြားလျက်ရှိုပြီး  ပရိုဂရမ် အများစုကို ပိုလန် ဘာသာစကား နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် အဓိက သင်ကြားပေးပါတယ်။ ဓာတ်ခွဲ ခန်းများနှင့် ကွန်ပြူတာ များ ပြည့်စုံစွာ ထားရှိပေးထားပြီး လူမှု ဘာသာရပ်များ နှင့် သိပ္ပံနှင့် နည်းပညာ သင်ကြားပေးသော အဆင့်မြင့် ပညာရေး ကောလိပ်များလဲ ရှိပါတယ်။ Double – Degree ပရိုဂရမ်များအပါအဝင် အဆင့်မြင့် ပညာရေးစနစ်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များကို ပေးအပ်လျက်ရှိပါတယ်။ 

ထိပ်တန်း တက္ကသိုလ်များမှာ Medical University of Bialystok, University of Wroclaw, Wroclaw University of Technology, University of Gdansk, Warsaw University of Technology, Medical University of Gdansk , Gdansk University of Technology, Collegium Civitas Warsaw, Bialystok University of Technology တို့ဖြစ်ပါတယ်။ 

ကုန်ကျစရိတ် သက်သာခြင်း

Poland နိုင်ငံသည် ဥရောပ နှင့် နိုင်ငံတကာ ကုမ္ပဏီများရှိရာ ပညာသင်ကြားရန် အကောင်းဆုံး နေရာ ဖြစ်ပါတယ်။Poland နိုင်ငံ၏ ပညာရေး စရိတ်သည် ဥရောပ၏ အခြားသော နိုင်ငံများထက် ပို၍ သက်သာပါတယ်။ Tuition fees မှာ တစ်နှစ်လျှင် 1500 EUR မှ စတင်၍ 3000 EUR ထိ ကုန်ကျနိုင်ပါတယ်။ ပြင်သစ်၊ ဂျာမနီ ၊ ယူကေ နိုင်ငံရှိ ပုဂ္ဂလိက ကျောင်းများနှင့် နှိုင်းယှဉ်ပါက ပို၍ သက်သာပါတယ်။ ဥပမာအားဖြင့် ပြင်သစ်တွင် တစ်နှစ်လျှင် ပညာသင်စရိတ်မှာ 2000 to 7000 EUR ထိ ကျသင့်ပါတယ်။ 

နေထိုင်စရိတ်မှာ အဆောင်ခ၊ အစားအသောက်နှင့် ယာဉ်စီးခများအပါအဝင် စုစုပေါင်း €200-€400 ကာမိပါတယ်။ မြို့လယ်ခေါင်ရှိ စပ်တူ ငှားရမ်းသော တိုက်ခန်း ခမှာ 100-150 EUR ကျသင့်ပြီး လစဉ် ပို့ဆောင် ဆက်သွယ်ရေးမှာ 25 EUR ကျသင့်ပြီး စက်ဘီးဖြင့်လဲ သွားနိုင်သဖြင့် ကုန်ကျစရိတ် ခြွေတာနိုင်ပါတယ်။ နေ့လယ်စာ တစ်နပ်အတွက် 5 EUR သာ ကျသင့် ပါတယ်။ကုန်ကျစရိတ် အသေးစိတ်ကို ယခု ဖော်ပြပါ Link- https://educationpoland.pl/living-working-poland/costs/ တွင် ကြည့်ရှုနိုင်ပါတယ်။ 

ကမ္ဘာကျော် ပညာရှင်များ  မွေးထုတ်ပေးနိုင်ခြင်း 

သမိုင်းဝင် တေးရေးဆရာများဖြစ်သော  Karol Szymanowski, Fryderyk Chopin and Ignacy Paderewski, aHenryk Górecki, Witold Lutosławski or Krzysztof Penderecki တို့ကို မွေးထုတ်ပေးခဲ့ပြီး Nobel ဆုရ စာရေးဆရာ ၅ ဦး နေထိုင်ရာ နိုင်ငံဖြစ်ပါတယ်။  Andrzej Wajda, Janusz Kamiński, Roman Polański, Krzysztof Kieślowski စသော ကမ္ဘာ့အသိအမှတ်ပြု အနုပညာရှင်များစွာလဲ ရှိပါတယ်။  

ယဉ်ကျေးမှု နှင့် ပွဲတော်များ ပေါများခြင်း

Poland နိုင်ငံသည် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများဖြင့် ယဉ်ကျေးမှု အမွေ အနှစ်ကြွယ်ဝသော နိုင်ငံဖြစ်ပါတယ်။ ကျောင်းသားများအတွက် ပညာသင်ယူခြင်းသာမက အားကစားပြိုင်ပွဲများနှင့် ပွဲတော်များစွာ ကျင်းပလျက်ရှိပါတယ်။ ပိုလန် နိုင်ငံတွင်  နွေရာသီတိုင်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဂီတ ပွဲတော်ကို ကျင်းပပေးလျက်ရှိပါတယ်။ ထို့ပြင် တက္ကသိုလ်တိုင်းမှ Juwenalia ဟုခေါ်သော ပွဲတော်ကို ကျင်းပပေးပြိး ထိုပွဲတော်ရက်တွင် အတန်းများ ပိတ်ကာ Party ပွဲများ ဖြင့် ပျော်ရွှင်စွာ လည်ပတ်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar