EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Food Technology and Nutrition ဘာသာရပ်တက်ရောက်လိုသူများအတွက် သြစတြေးလျနိုင်ငံ Melbourne ရှိ Public Research University တစ်ခုဖြစ်သော Royal Melbourne Institute of Technology (RMIT) နှင့် မိတ် ဆက်ပေးလိုက်ပါတယ်။
Bachelor of Science (Food Technology and Nutrition) ဘာသာရပ်သည် တစ်နှစ်လျှင် Tuition fees – AU $ 36480 ကျသင့်ပြီး ၃ နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ Campus မှာMelbourne City, Bundoora တွင်ရှိပြီး ဖော်ဖော်ဝါရီ၊ ဇူလိုင်လ များတွက် လျှောက်ထားနိုင်ပါတယ်။
ပထမ semester ၃ ခုကို Melbourne City Campus တွင် တက်ရောက်ရပြိး နောက်Semester ၃ ခုကို Bundoora campus တွင် တက်ရောက်ရပါမယ်။ ပထမ Semester ၃ ခုတွင် Foundation ဘာသာရပ်များဖြစ်သော ဓာတုဗေဒ ၊ အဏု ဇီဝဗေဒ ဘာသာရပ်များ အပါအဝင် အစားအစာ နှင့် အာဟာရ ဗေဒ အကြောင်း စတင် သင်ကြားရမှာ ဖြစ်ပါတယ်။
Nutrition မေဂျာသည် လူသားတို့၏ ကျန်းမာရေးနှင့် အာဟာရ ဗေဒအကြောင်း အဓိက လေ့လာရမှာဖြစ်ပါတယ်။ Food technology သည် အစားအသောက် ထုတ်လုပ်မှု ၊ အစားအသောက် အာရုံခံ စမ်းသပ်ခြင်းများနှင့် ထုတ်ကုန် အရည်အသွေး အာမခံမှု ရှိ၊ မရှိ စမ်းသပ်ခြင်းများကို သင်ကြားပေးမှာပါ။ သင်ကြားရေးတွင် ခေတ်မီ အထောက်အကူပစ္စည်းများနှင့် ဓာတ်ခွဲ ခန်းများကို ထောက်ပံ့ပေးထားပါတယ်။
RMIT မှ ပေးအပ်သော ဘွဲ့ရရှိပြီးပါက Australian Institute of Food Science and Technology(AIFST) တွင် အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါတယ်။ ထို့ပြင် Nutrition Society of Australia တွင် အာဟာရ ဗေဒ ပညာရှင် (Nutritionist) အဖြစ် မှတ်ပုံတင်နိုင်ပါတယ်။
Bachelor of Science (Food Technology and Nutrition) တက်ရောက် အောင်မြင်ပြီးသူများသည် RMIT နှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းပေါင်း ၂၀၀ တွင် အလုပ်အခွင့်အလမ်းများကို ရရှိနိုင်ပါတယ်။ Nestlé,Cadbury,Simplot,Heinz, Mondelez စသော ကုမ္ပဏီများတွင် လုပ်ကိုင်နိုင်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် သြစတြေးလျနိုင်ငံ၏ Year 12 နှင့် ညီမျှရမည် သို့မဟုတ် ပညာအရည်အချင်း ပျမ်းမျှ ၆၅% ရှိရမည်။
English Proficiency အနေဖြင့် –
- IELTS (Academic): minimum overall band of 6.5 (with no individual band below 6.0)
- TOEFL (Internet Based Test – IBT): minimum overall score of 79 (with minimum of 13 in Reading, 12 in Listening, 18 in Speaking and 21 in Writing)
- Pearson Test of English (Academic) (PTE (A)): minimum score of 58
- Cambridge English: Advanced (CAE): minimum of 176 with no less than 169
The Bachelor of Science(Food Technology and Nutrition) အောင်မြင်ပြီး GPA 2 ရှိပါက Master of Food and Science and Technology ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar