Poland နိုင်ငံတွင် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၄၀၀ နှင့် အထက်ရှိပြီး နှစ်စဉ် ကျောင်းသားပေါင်း ၁.၅ မီလီယမ် တက်ရောက်လျက်ရှိပါတယ်။ ထို့အတူ Poland နိုင်ငံသည် ဥရောပနိုင်ငံများတွင် ကုန်ကျစရိတ် ပိုမို သက်သာပြိး အရည်အသွေးမြင့် ပညာရေး ဒီဂရီများကို အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချပေးလျက် ရှိပါတယ်။
ပညာသင် ကျောင်းသားများစိတ်ဝင်စားသော Poland နိုင်ငံ၏ ကျောင်းစရိတ်နှင့် အခြားသော ကုန်ကျစရိတ်များအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
Tuition Fees
Public University များတွင် Polish, EU/EEA နှင့် Switzerland ကျောင်းသားများသည် ပိုလန် ဘာသာစကားဖြင့် တက်ရောက်ပါက Tuition fees ပေးစရာ မလိုပါ။
အခြား ပညာရေး ပရိုဂရမ်များသည် –
500 – 6,000 EUR/academic year for Bachelor’s degrees
1,000 – 8,000 EUR/academic year for Master’s degrees
သို့သော် Dentistry and Business (အထူးသဖြင့် MBAs) ပရိုဂရမ်များကမူ 15,000 EUR/year ကျသင့်ပြီး ပုဂ္ဂလိက တက္ကသိုလ်များတွင် ပိုကုန်ကျနိုင်ပါတယ်။ Tuition fee သက်သာသော ကျောင်းများမှာ-
- Warsaw University of Technology
- Poznan University of Life Sciences
- University of Agriculture in Krakow
- University of Opole
Living Costs
Poland နိုင်ငံသည် စီးပွားရေးတည်ငြိမ်သော နိုင်ငံဖြစ်ပြီး ကုန်ကျစရိတ်သက်သာသော ဥရောပ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်လလျှင် နေထိုင်စရိတ် 350 – 550 EUR/month ကျသင့်ပြီး မြို့ကြီးများဖြစ်သော Krakow or Warsaw တို့တွင် 500 – 850 EUR/month ကျသင့်ပါတယ်။
Accommodation costs
နေရာ ထိုင်ခင်းသည် လစဉ် နေထိုင်စားသောက်မှု ကုန်ကျစရိတ်တွင် ၃၀% အရေးကြီးပါတယ်။ နိုင်ငံတကာ ကျောင်းသားများသည် နားနေဆောင်ခန်းမ များ သို့ သီးသန့် တိုက်ခန်းငှားရမ်း နေထိုင်ကြပါတယ်။ ကျောင်းသားနားနေဆောင် ခန်းမများသည် တစ်လလျှင် 60 – 150 EUR ကျသင့်ပါတယ်။ တိုက်ခန်း မျှငှားရမ်းခသည် 80 – 150 EUR တစ်လလျှင် ကျသင့်ပြီး ပိုလန်နိုင်ငံကျောင်းသားများ အရွေးများပါတယ်။ မြို့ကြီးဖြစ်သော Krakow တွင် တစ်ယောက်အိပ်ခန်းပါ တိုက်ခန်းသည် တစ်လလျှင် 300 – 465 EUR ကျသင့်ပြီး Warsaw မြို့တွင် 350 – 650 EUR ကျသင့်ပါတယ်။
Food Costs
နိုင်ငံတကာ ကျောင်းသားများ၏ စားသောက် စရိတ်မှာ တစ်လလျှင် 100 – 150 EUR ကျသင့်ပါတယ်။ Tesco, Auchan, Carrefour, Leclerc, and Lidl စသော စူပါ မားကတ်များတွင် ဈေးသက်သာပြီး နှစ်ယောက်တွက် သုံးနပ်စာ စားသောက်ဆိုင်တွင် ကုန်ကျစရိတ်မှာ 5 EUR or 23 EUR, Light drink 2 EUR ကျသင့်ပါတယ်။
Transportation costs
ယာဉ်စီးခ ကုန်ကျစရိတ်သည် Semester တစ်ခု လျှင် ၆ လစာ 50 EUR ကျသင့်ပါတယ်။ ကျောင်းသားများ၏ ၁၈% သည်ကားဖြင့် သွားရောက်ကြပြီး သာယာသော ရှုခင်းများကို ခံစားရင်း စက်ဘီး (သို့) လမ်းလျှောက်သွားလို့ရပါတယ်။
#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar