fbpx
June 28, 2021

FAQ for studying in Poland

EEVS မှ ယနေ့မှာ တော့ ပိုလန် နိုင်ငံတွင် ပညာသင်သွားလိုသော ကျောင်းသားများ အမေးများသော မေးခွန်းနှင့် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။

Poland နိုင်ငံတွင် ပညာသင်နှစ် ဘယ်နှစ်နှစ် တက်ရောက်ရသလဲ။ 

ယေဘုယျအားဖြင့် Bachelor degree ကို  ၃ နှစ် တက်ရောက်ပြီး Semester ၆ ခု တက်ရောက်ရပါတယ်။ Master degree သည် ဘာသာရပ်ပေါ် မူတည်၍  ၁၊ ၂၊ ၅ နှစ် စသဖြင့် Semester ၃ ခု သို့ ၄ ခု တက်ရောက်ရပါမယ်။ 

ပိုလန် ဘာသာစကား ပြောတတ်ဖို့လိုသလား။

နိုင်ငံတကာ ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ဘာသာရပ်များကို ပို့ချပေးသဖြင့် ပိုလန် ဘာသာစကား တတ်ထားရန် မလိုပါ။ သို့သော် ပိုလန် တွင် အလုပ်လုပ်ရန် နှင့် ဆက်လက်နေထိုင်လိုသူများအနေဖြင့် ပိုလန် ဘာသာစကားပြောတတ်လျှင် ပိုကောင်းပါတယ်။ 

ပညာသင်နှစ် တွေက ဘယ်လို တက်ရောက်ရသလဲ။

ပိုလန် တက္ကသိုလ် အများစုသည် တစ်နှစ်လျှင် Semester ၂ ခုကို ၁၅ ပတ်နှုန်းဖြင့် တက်ရောက်ရပါတယ်။ Fall Semester သည် အောက်တိုဘာလ မှ စကာ ဖေဖော်ဝါရီလ အလယ်တွင် ပြီးဆုံးပြီး ခရစ်စမတ် အားလပ်ရက် ၂ ပတ်နှင့် ဖေဖော်ဝါရီလတွင် အားလပ်ရက် တစ်ပတ် ရရှိပါတယ်။ Spring Semester သည် ဖေဖော်ဝါရီ လလယ်မှ စကာ ဇွန်လ အထိ Easter အားလပ်ရက် အနေဖြင့်တစ်ပတ် ရရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဇူလိုင်လ အစ မှ စက်တင်ဘာလ တွင် ပြီးဆုံးပါတယ်။ 

ပညာသင်စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ။

ပိုလန် Public ကျောင်းများသည် နိုင်ငံတကာကျောင်းသားများအတွက် တစ်နှစ်လျှင် အောက်ပါ အတိုင်းကုန်ကျနိုင်ပါတယ်။ 

  • EUR 2000 -master’s and postgraduate master’s courses;
  • EUR 3000 – doctoral, postgraduate ( scientific, artistic, specialist and habilitation internships)
  • EUR 3000 ( vocational courses and apprenticeship)
  • EUR 2000 ( a language course)

အချိန်ပိုင်း လုပ်ကိုင်လို့ရသလား။

ပိုလန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်ပတ်လျင် နာရီ ၂၀ အချိန်ပြည့်လုပ်ကိုင်နိုင်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ပြည့် လုပ်ကိုင်နိုင်ပါတယ်။ 

နေရာထိုင်ခင်း ဘယ်လို ရှာရလဲ။

နိုင်ငံတကာကျောင်းသားများအတွက် ပိုလန် တက္ကသိုလ်အများစုသည် တက္ကသိုလ် အဆောင်များ ထားရှိပေးထားပါတယ်။ 

တစ်လလျှင် အသုံးစရိတ် ဘယ်လောက်လိုအပ်လဲ။

နေထိုင်မှု ပုံစံပေါ် မူတည်၍ ကုန်ကျစရိတ် ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် တစ်လလျှင် ၁၂၀၀-၂၅၀၀ PLN ကျသင့်ပါမယ်။ ထိုပမာဏတွင် ငှားရမ်းခ၊ အစားအသောက်၊ အဝတ်အထည်၊ ယာဉ် စီးခ၊ သင်ထောက်ကူ ပစ္စည်းများ၊ ဖုန်းဘေလ်နှင့် အခြားသော အသုံးစရိတ်များအတွက် ကာမိပါတယ်။ သို့သော် ထိုပမာဏတွင် Tuition fees မပါပါ။ ကျောင်းအဆောင်ခသည် ၄၀၀-၆၀၀ PLN ၊ စပ်တူ ငှားရမ်းသော တိုက်ခန်းခ-၁၀၀၀-၁၆၀၀ PLN ၊ အစားအသောက် ၅၀၀-၇၀၀၊ယာဉ် စီးခ ၆၅ PLN ကျသင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar