fbpx
July 7, 2021

Part-Time jobs in USA

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ US မှာပညာသင်ကြားမယ့် ကျောင်းသားတွေ အတွက် Part-Time Job နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

USA မှာ ပညာသင်စရိတ်အပါအဝင် အခြားကုန်ကျစရိတ်တွေနဲ့ တစ်နှစ်ကို $60,000 အထိကုန်ကျပါတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်ကုန်ကျစရိတ်များတာကြောင့် USAရှိနိုင်ငံတကာ ကျောင်းသားအများစုက part-time jobs တွေလုပ်လေ့ရှိပါတယ်။

USA ရှိ နိုင်ငံတကာကျောင်းသားများ part-time jobs တွေအတွက် ရွေးချယ်စရာ options တွေအမျိုးမျိုးရှိပါတယ်။

Working on-campus with an F-1 Visa

ဒါကတော့ အမေရိကန်ပြည်ထောင်စုရှိ  နိုင်ငံတကာကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်များရှာဖွေရန်အလွယ်ကူဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမစာသင်နှစ်မှာ campus အတွင်းမှာပဲ အချိန်ပိုင်း အလုပ်လုပ်တာက တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်မှာ နာရီ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာတော့ တစ်ပတ်ကို နာရီ၄၀ အလုပ်လုပ်နိုင်ပါတယ်။ 

Working off-campus with an F-1 Visa

အမေရိကန်၌ ပထမပညာသင်နှစ်ပြီးဆုံးလျှင် ဒီ option ကိုရွေးချယ်နိုင်ပါတယ်။ အောက်ဖော်ပြပါ option အမျိုးမျိုးမှ နှစ်သက်ရာကို ရွေးချယ်လုပ်ကိုင်နိုင်ပါတယ်။

Optional Practical Training (OPT)

မိမိတက်ရောက်သင်ယူနေသော ဘာသာရပ်နယ်ပယ်အလိုက် အလုပ်လုပ်ကိုင်ရမှာဖြစ်ပြီး internship ပုံစံလည်းဖြစ်နိုင်ပါတယ်။

Optional Practical Training (OPT) Extension

STEM  နယ်ပယ်မှ ဘွဲ့ရကျောင်းသားများအနေဖြင့် OPT ကာလကို ၂၄လ ထပ်မံတိုးမြှင့်နိုင်ပါတယ်။

Curricular Practical Training (CPT)

ကျောင်းသားများသည် ကျောင်းအပ်နှံထားသည့် Graduate Program အတွက်သာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ OPT အမျိုးအစားနှစ်မျိုးရှိပါတယ်။ pre-completion OPT သည် ဘွဲ့မရသေးသောကျောင်းသားများအတွက်ဖြစ်ပြီး  post-completion OPT သည် မကြာသေးမီကဘွဲ့ရသူများအတွက်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ post-completion OPT သည် ကျောင်းသားများ ဘွဲ့ရပြီးနောက်ပိုင်းတွင် ၁၂ လအထိ USတွင် အလုပ်လုပ်ကိုင်နိုင်ရန် ခွင့်ပြုပါတယ်။

US မှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs တွေဘယ်လိုရှာဖွေနိုင်သလဲ?

university offices/ Student Union/ Career Services, LinkedIn, Glassdoor  အစရှိတဲ့ online portals များတွင်ရှာဖွေနိုင်ပါတယ်။

Part-Time jobs Pay scale အနေနဲ့ တစ်နာရီလျှင်  $7 – $9 ရရှိနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားများအတွက် On-Campus Part-Time Job Options များမှာ-

Research Study Assistant

Teaching Assistant

Catering Assistant and Food Runner

Library Page

University Campus Tour Guide

Department Assistant

Computer Lab Technician

Barista

Peer Tutor

Production Assistant

Campus Ambassador စသည်တို့ပဲဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းသားများအတွက်Off-Campus Part-Time Job Options များမှာ- 

Customer Support Representative

Store Associate

Translator

Tour Guide

Babysitter စသည်တို့ပဲဖြစ်ပါတယ်။

USA မှာ ပညာသင်ရင်း Part-Time လုပ်ကိုင်ဖို့အတွက် သိသင့်တဲ့ အကြောင်းတွေ ပြောပြပြီးပြီဆိုတော့ USA ပညာရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာသိလိုပါက EEVS မှာ အမြန်ဆုံး ဆက်သွယ် စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar