ဒီတစ်ခါ EEVS မှပြောပြပေးချင်တာကတော့ နိုင်ငံတကာမှာ သွားရောက် ပညာသင်နေစဉ်ကာလအတွင်းမှာ လိုက်နာသင့်တဲ့ Dos and Don’ts တွေပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာ ပညာသွားရောက်သင်ယူတာက ဒီနေ့ခေတ်ကျောင်းသားလူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု Degree တွေရရှိခြင်း၊ ဘဝ အတွေ့အကြုံအသစ်တွေ ရရှိခြင်းအပြင် global exposure တွေရရှိနိုင်မှာဖြစ်ပါတယ်။
ကဲ…သင်ဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ချင်တဲ့သူတွေထဲကတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် Dos and Don’ts တွေကို အပြီးထိ ဖတ်ကြည့်လိုက်တော့နော်။
DO’s
ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာပြီး အသစ်အသစ်သော အတွေ့အကြုံတွေကို ရှာဖွေလိုက်ပါ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ရခြင်းရဲ့ ကောင်းတဲ့အချက်တွေမှာ လည်ပတ်စရာနေရာတွေပေါများတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နေရာအသစ်တွေကိုလည်ပတ်ပြီး အစားအစာတွေ စမ်းကြည့်ခြင်း၊ ယဉ်ကျေးမှုအသစ်နှင့်လူနေမှုပုံစံ အသစ်တွေကို လေ့လာခြင်းကို မဖြစ်မနေလုပ်သင့်ပါတယ်။
နိုင်ငံခြားရောက်တဲ့အခါမှာ ငွေကြေးအသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ အသစ်အသစ်သော အတွေ့အကြုံတွေကို ရှာဖွေတဲ့နေရာမှာ ကုန်ကျစရိတ်တွေချိန်ဆတတ်ဖို့လည်း လိုအပ်ပါတယ်။ အသုံးစရိတ်တွေကို စဉ်းစားတဲ့အခါ လစဉ်ငှားရမ်းခ၊ bills၊grocery၊ လမ်းစရိတ် ၊ ဒေတာခ စသည်တို့ကို ထည့်တွက်ဖို့လိုအပ်ပါတယ်။ မမျှော်လင့်ပဲ ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက်လည်း နည်းနည်းစီစုထားသင့်ပါတယ်။
ဘာသာစကားအသစ်တွေကို လေ့လာသင်ယူလိုက်ပါ။ မိမိရောက်ရှိနေတဲ့ နိုင်ငံက ဘာသာစကားတွေလေ့လာပြီးတဲ့အခါ ဒေသခံတွေနဲ့ ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်လာမှာပါ။ အလုပ်အကိုင်တွေ အတွက်လည်း အခွင့်အရေးတွေ ပိုရလာမှာဖြစ်ပါတယ်။
သင်ယူလေ့လာတဲ့ အချိန်ဇယားတွေကို သေချာစီစဉ်ပါ။ နိုင်ငံခြားမှာ ကျောင်းတက်ရောက်ရတဲ့ရည်ရွယ်ချက်က အဆင့်မြင့်ပညာရေးကို သင်ယူနိုင်ဖို့ဖြစ်ပါတယ်။ စာလေ့လာရာမှာ အခက်အခဲတစ်စုံတစ်ရာ ပေါ်လာပါကလည်း မိမိစီနီယာတွေနဲ့ တွေ့ဆုံမေးမြန်း အကူအညီတောင်းနိုင်ပါတယ်။
DON’Ts
မကြာခန homesick မဖြစ်ပါစေနဲ့။နိုင်ငံခြားကို ပညာသင်ဖို့ ရောက်တဲ့အခါ ကျောင်းသားတော်တော်များများကတော့ homesick ဖြစ်ကြတာပါပဲ။ ဒါပေမယ့် မိမိလိုချင်တဲ့ ပန်းတိုင်ရောက်နိုင်ဖို့အတွက် စွန့်စားမှုတွေလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိမိ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေအရောက်သွားနိုင်ဖို့သာ အာရုံစိုက်ပြီး homesick ဖြစ်တဲ့ခံစားချက်တွေကို တဖြည်းဖြည်းလျော့ချနိုင်ဖို့ လိုပါတယ်။
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ဖိစီးတာမျိုး မလုပ်ပါနဲ့။ နိုင်ငံတကာကို ပညာသင်သွားတဲ့ ကျောင်းသားတွေအနေနဲ့ tight budget ဖြစ်တာကြောင့် ငွေကို စနစ်တကျနဲ့သုံးတတ်ဖို့လိုအပ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှု အများကြီးမထားပါနဲ့။
အရေးကြီး စာရွက်စာတမ်းတွေကို မပျောက်ပါစေနဲ့။ visa papers, passport, financial documentsအစရှိတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို လုံခြုံတဲ့တစ်နေရာရာမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
မိမိ ရည်ရွယ်ထားတဲ့ Focus မပျောက်ပါစေနဲ့။ ပတ်ဝန်းကျင် အသစ်ကိုရောက်တဲ့အခါစိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေအများကြီးရှိနေတာကြောင့် တစ်ခါတစ်လေfocus လွတ်သွားနိုင်ပါတယ်။ စာလေ့လာသင်ယူဖို့က ပထမဦးစားပေးဖြစ်ပြီး work-life balanced ရှိနေဖို့လည်း လိုအပ်ပါတယ်။
#LetsPlanYourCareerTogether#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar