စ်ခါမှာတော့ သြစတြေးလျ နိုင်ငံမှာ ပညာသင်ယူသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
မတူကွဲပြားသော ယဉ်ကျေးမှုများ၊ဖော်ရွေသောဒေသခံများနှင့်အရည်အသွေးမြင့်မားသော ပညာရေးစနစ်များကြောင့် နိုင်ငံတကာကျောင်းသားများက သြစတြေးလျမှာ ပညာသင်ယူဖို့ ရွေးချယ်ကြပါတယ်။ လတ်တလောတွင် သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် တတိယအကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။
သြစတြေးလျပညာရေးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ပြည့်မီခြင်း
သြစတြေးလျပညာရေး sector ကို ကမ္ဘာ့ ထိပ်တန်းဦးဆောင်နေသော ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်လေ့ကျင့်ရေးသင်ခန်းစာများ၊ ထူးချွန်သောဆရာ ဆရာမများ ဖြင့်ဖွဲ့စည်းထားပါတယ်။သြစတြေးလျ တက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်းအဆင့် ၁၀၀ တွင်ပါဝင်ကြောင်း Times Higher Education, QS and Shanghai Ranking များက အသိအမှတ်ပြုထားပါတယ်။
US, UK နိုင်ငံများထက် နေထိုင်စရိတ်သက်သာခြင်း
သြစတြေးလျ၏လူနေမှုအဆင့်အတန်းသည်ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်ပြီး နေထိုင်စရိတ်တွေနဲ့ ကျောင်းလခတွေကလည်း US, UK တို့နဲ့ နှိုင်းယှဉ်ရင် သိသိသာသာနည်းပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် စာသင်ကြားနေစဉ်ကာလများတွင် part-time jobs တွေဝင်ရောက်လုပ်ကိုင်ပြီး living cost ကာမိအောင် ဝင်ငွေရှာဖွေလို့ရပါတယ်။ သြစတြေးလျရှိ တက္ကသိုလ်အများစုသည် နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းတွေ ပေးလျက်ရှိပါတယ်။
ပညာရေးအစီအစဉ်တွေ အမျိုးမျိုးရှိခြင်း
သြစတြေးလျရှိ ကျောင်းများတွင် ဘာသာရပ်နယ်ပယ်အမျိုးမျိုးအတွက် courses နှင့် degrees တွေ အများကြီးသင်ကြားပေးနေတာဖြစ်လို့ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်နယ်ပယ်အတွက် အလွယ်တကူရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ထိပ်တန်းတက္ကသိုလ်တွေကစလို့ အသက်မွေးဝမ်းကြောင်း ပညာရေးအပြင် English language training တွေကိုပါတက်ရောက်နိုင်မှာဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း
သြစတြေးလျမှာ ပညာသင်ယူနေစဉ်ကာလအတွင်း အချိန်ပိုင်းအလုပ်လုပ်ဖို့အတွက် တစ်ပတ်ကို နာရီ ၂၀ ပေးထားပါတယ်။ သြစတြေးလျ ပညာရေးဆိုင်ရာအဖွဲ့အစည်းများကကျောင်းသားများကို အလုပ်ခွင်အဆင်သင့်ဖြစ်စေရန် တစ်ပါတည်းပြင်ဆင်ပေးထားသည့်အပြင်Australian qualification တွေကို နိုင်ငံတကာ အလုပ်ရှင်တွေက အသိအမှတ်ပြုကြပါတယ်။Australian degrees နှင့် vocational courses အတော်များများမှာ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေနိုင်တဲ့ internships အစီအစဉ်တွေပါဝင်တာကြောင့် ကျောင်းမပြီးခင်တည်းက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar