📣1995 တွင်စတင်တည်ထောင်ခဲ့သော Collège Avalonသည် Quebec တွင်အခြေစိုက်သည့် educational institution တစ်ခုဖြစ်ပြီး ကျောင်းသားများရဲ့ အနာဂတ်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့နှင့် အောင်မြင်မှုတွေရရှိဖို့ ပြင်ဆင်ပေးလျက်ရှိပါတယ်။
📌၂၅နှစ်ကြာ higher education provider နှင့် vocational training များအတွက် အောင်မြင်မှုတွေရရှိထားပြီးနောက် တိုးတက်ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်တွေမှာ personal growth, global awareness, employability များရရှိစေရန် corporate programs သင်ရိုးညွှန်းတမ်းတွေကို တိုးချဲ့ပြင်ဆင်ထားပါတယ်။
📌Quebec နှင့် Montreal campus များရှိပြီး နိုင်ငံတကာကျောင်းသားများအနေဖြင့် တက်ရောက်နိုင်သော Program များမှာ-
College Diploma – Executive Assistant
ဒီ program ကို Quebec နှင့် Montreal campuses ၂ခုလုံးမှာဖွင့်လှစ်သင်ကြားပေးပါတယ်။ ၁၅လတက်ရောက်ရမှာဖြစ်ပြီး tuition fees CAD 17,300 ကုန်ကျမှာဖြစ်ပါတယ်။ သင်ရိုးတွေကတော့ Specialization A of the College Diploma, Office System Technology 412.A0 တို့မှ foundation skills တွေအပေါ်အခြေခံပြီး သင်ကြားမှာဖြစ်ပါတယ်။ ရုံးလုပ်ငန်းတွေမှာ အသုံးပြုလေ့ရှိတဲ့
word processing, data processing လုပ်ရာမှာသုံးတဲ့ computer tools နှင့် software များကို ကျွမ်းကျင်စွာ သုံးတတ်အောင်လေ့ကျင့်သင်ကြားပေးခြင်း၊ ဘာသာစကားကျွမ်းကျင်မှုများ၊ written English နှင့် spoken French၊ Human Resource Management, budget management, and expenditure monitoring များကို ထည့်သွင်းသင်ကြားပေးပါတယ်။ Program တက်ရောက်ပြီးတဲ့ ကျောင်းသားတွေအနေနဲ့ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ tools တွေကို အသုံးပြုနိုင်မယ့်အပြင် problem solving နှင့် stress management skills တွေကိုပါတတ်မြောက်သွားမှာဖြစ်ပြီး career အနေနဲ့လည်း executive assistant, executive secretary အစရှိတာတွေကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
📌College Diploma – Computerized financial management
ဒီ program ကို Montreal campus မှာတက်ရောက်ရမှာဖြစ်ပြီး ၂၄လတက်ရောက်ရမှာ ဖြစ်ပါတယ်။
tuition fees CAD 23,900 ကုန်ကျပါတယ်။ Program သည် Accounting and Management Techniques တွေကို software တွေအသုံးပြုကာ စီမံခန့်ခွဲနိုင်ရန်အတွက် လိုအပ်တဲ့ specific skills တွေကိုသင်ကြားပေးတာဖြစ်ပါတယ်။ computerized financial management အပေါ်အခြေခံကာ သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ work ethics တွေကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။ ဒီ program အပြီးမှာတော့ ကျောင်းသားတွေအနေနဲ့ accounting and financial management မှာသုံးလေ့ရှိတဲ့ software တွေကို
ကျွမ်းကျင်စွာ သုံးနိုင်မှာဖြစ်ပြီး payroll standards များနှင့်အညီ လုပ်နိုင်ခြင်း၊ လုပ်ငန်းတွင်း financial management ကိုကောင်းစွာ အထောက်အကူပြုနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Career opportunities တွေအနေနဲ့လည်း budget officer, financial officer, finance officer, bookkeeping clerk, accounting technician, principal bookkeeper စသည်တို့ကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
📌College Diploma – International trade management
ဒီ program ကို Montreal campus မှာတက်ရောက်ရမှာဖြစ်ပြီး ၂၄လတက်ရောက်ရမှာ ဖြစ်ပါတယ်။
tuition fees CAD 23,900 ကုန်ကျပါတယ်။ online commerce ခေတ်မှာ လိုအပ်တဲ့ own management skills တွေ၊ IT ကို အသုံးပြုပြီး day-to-day management လုပ်တာတွေ၊ international markets မှ stocks အကြောင်းတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
အဓိက သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့ –
application of management software for analysis, financial and inventory management purposes;
marketing, promotional and customer service strategies;
commercial and international law
budget management and expense tracking
sale in international markets တို့ပဲဖြစ်ပါတယ်။
Career opportunities တွေအနေနဲ့ department manager – retail, Head of Section – Retail, assistant manager – retail, dealership manager, chain store manager, retail manager, retail owner အစရှိတာတွေလုပ်ကိုင်နိုင်ပါတယ်။
📌Collège Avalon တွင်တက်ရောက်လိုသူများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
secondary school diploma or the equivalent issued by a school board
သက်ဆိုင်ရာ နယ်ပယ်အတွက် လုပ်ငန်းအတွေ့အကြုံ
50% in academics
6.0 Bands No less then 5.5 each in IELTS / PTE accepted
College Link – https://collegeavalon.com/