သင်ဟာစီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာလိုသူဖြစ်ပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုနေရာကို တာဝန်ယူရမည့်သူတစ်ဦးလား
ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ကနေဒါနိုင်ငံ Crandall Universityမှာ သင်ကြားပေးနေတဲ့ Master of Organizational Management program အကြောင်းကို အပြီးထိဖတ်ကြည့်လိုက်ပါနော်။
Crandall University သည် Canada နိုင်ငံ Monctonတွင်တည်ရှိပြီး Department of Post-Secondary Education, Training and Labour, New Brunswick မှ အသိအမှတ်ပြုထားပါတယ်။ Master of Organizational Management (MOrgM) သည် people-focused program ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုနေရာများအတွက် professional များကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
Master of Business Administration (MBA) degree နဲ့ကွာခြားတဲ့အချက်ကတော့ business administration ရှုထောင့်တွေထက်စာရင် ဒီ program မှာကတော့ လူတွေနဲ့အတူတကွ ဘယ်လိုအလုပ်ပြီးမြောက်အောင်လုပ်မလဲဆိုတာတွေရယ် လူတွေကိုဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်မလဲဆိုတာတွေရယ်ကို လေ့လာရမှာဖြစ်ပါတယ်။
Program ကို 12 လ 30 credit-hour တက်ရောက်ရမှာဖြစ်ပြီး ဒီ program ပြီးတဲ့ကျောင်းသားတွေအနေနဲ့ ကနေဒါအစိုးရထံမှ Post-Graduation Work Permit ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ-
Managing Organizations in Social Change
Managing Organizations across Borders and Cultures
Non-Profit Issues and Management
Vision and Management
Leading Organizational Change
Corporate Social Responsibility and Managerial Ethics
Financial Management in Organizations
Strategic Organizational Management
Organizational Behaviour
Organizational Culture and Communication တို့ပဲဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
undergraduate Bachelor’s degree with a minimum grade point average of 3.0
သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်
a résumé and a cover letter
IELTS – Academic: minimum 6.5 overall, minimum 6.0 in each area
TOEFL-IBT: minimum 90 overall, minimum 21 in each area
PTE (Pearson) Academic: minimum score of 56
Duolingo English Test results (minimum score of 105)
Program Link – https://www.crandallu.ca/…/master-of-organizational…/
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar