fbpx
August 1, 2021

Australian National University (ANU)

Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိပြီး ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ကာ QS World University Ranking 2022 အရ ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။

2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။

စီးပွားရေး စီမံခန့်ခွဲမှုနယ်ပယ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ သတင်းအချက်အလက်စနစ်တွေအကြောင်းကို စိတ်ဝင်စားသူများအတွက် ANU မှ သင်ကြားပေးနေတဲ့ Master of Business Information Systems Program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ program မှာတော့ ဘွဲ့ရများနှင့် professional များအား အထောက်အထားအခြေပြု ဆုံးဖြတ်ချက်
ချမှတ်သူများ၊ ဆန်းသစ်တီထွင်စွာ ပြသနာဖြေရှင်းသူများ အဖြစ်ပျိုးထောင်ပေးမှာဖြစ်ပါတယ်။ MBIS programသည် စီးပွားရေးသတင်းအချက်အလက်များနှင့် ပတ်သက်သည့် အသေးစိတ်သိမှတ်ဖွယ်ရာများနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးမှာဖြစ်ပါတယ်။

2 year full-time တက်ရောက်ရတာဖြစ်ပြီး သင်ကြားပေးမည့် ဘာသာရပ်များမှာ-

Evidence-Based Management
Marketing and Stakeholder Communications
Managing in a Global Context
Technology and Project Management
Accounting Information Systems
Relational Databases
Digital Transformation
Intelligent Business Analysis: Models, Processes and Techniques
Business Analytics for Managers
Networked Information Systems
Enterprise Systems and Strategy
Digital Strategy, Executive and Operations

Tuition fees – $45,690.00

တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ-

Bachelor degree or international equivalent with a minimum GPA of 5.0/7.0 OR
GMAT (Graduate Management Admission Test) score of 550
3 years full-time work experience
IELTS – 6.5
TOEFL paper based test – A score of 570 with a TWE* score of 4.5.
PTE Academic – overall score of 64 with a minimum score of 55 in each of the communicative skills.

Program Link – https://programsandcourses.anu.edu.au/program/MBINS

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar