ဒီတစ်ခါမှတော့ Canada နိုင်ငံမှာပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မေးမြန်းလေ့ရှိတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးချင်ပါတယ်။
Canadian institutions တွေမှာ ဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ?
နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းတွေတိုင်းမှာ ချမှတ်ထားတဲ့ admission requirement တွေရှိပါတယ်။ ကျောင်းအပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။ Community Colleges များအတွက် educational qualification များ ၅၅%အထက်ရှိရမည်ဖြစ်ပြီး တက္ကသိုလ်များအတွက် ၆၀%အထက်ရှိဖို့လိုပါတယ်။ English Proficiency score တွေလည်း လိုအပ်ပါတယ်။
Canada နိုင်ငံမှာ ဘယ်လိုဘာသာရပ်နယ်ပယ်တွေကို ရွေးချယ်လေ့လာနိုင်သလဲ?
Business, agriculture and agri-food, health, social services, broadcasting and journalism, hospitality and tourism, design, technology, sciences, information technology, engineering, environment, languages, arts စတဲ့နယ်ပယ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ပညာသင်နေချိန်မှာ အလုပ်လုပ်လို့ရလား ?
တရားဝင် study permit နှင့် Social Insurance Number (SIN)တို့ရှိရင် ကျောင်းတက်ရင်း အလုပ်လုပ်လို့ရပါတယ်။ ကျောင်းတက်နေရတဲ့ ကာလအတွင်းမှာ part-time ကို တစ်ပတ်လျှင် နာရီ၂၀ လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ တစ်ပတ်လျှင် နာရီ၄၀ လုပ်နိုင်မှာဖြစ်ပါတယ်။ Canada ကျောင်းတော်တော်များများက ကျောင်းသားတွေရဲ့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွေအလိုက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေရအောင် paid internship opportunities တွေလည်း စီစဉ်ပေးလေ့ရှိပါတယ်။
Canada နိုင်ငံမှာ ပညာသင်ဖို့ ခန့်မှန်းချေကုန်ကျစရိတ်ဘယ်လောက်လဲ?
Canada နိုင်ငံက US, UK နိုင်ငံတွေထက်စာရင် ပညာသင်စရိတ်ပိုသက်သာပြီး နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ယူနိုင်မှာဖြစ်ပါတယ်။ Tuition fees တွေကတော့ မိမိတက်ရောက်လိုတဲ့ Program နဲ့ ကျောင်းအပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ College တွေ Vocational School တွေအတွက်
တစ်နှစ်ကို CAD 2,000 – CAD 18,000 ကုန်ကျနိုင်ပါတယ်။ University တွေအတွက် တစ်နှစ်ကို CAD 1,800 -CAD 20,000 ကုန်ကျနိုင်ပါတယ်။
ဘယ်လိုမျိုး English Test တွေကိုလက်ခံပေးသလဲ?
ကျောင်းတွေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် များသောအားဖြင့် IELTS, TOEFL, PTE– Academic Test တွေကိုလက်ခံပေးပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships တွေရှိလား?
နိုင်ငံတကာကျောင်းသားတွေအတွက် scholarship အခွင့်အရေးတွေများစွာရှိပြီး ကျောင်းသားတွေရဲ့ ပညာရေးထူးချွန်မှုမှတ်တမ်းတွေရယ် English score တွေရယ်အပေါ်မူတည်ပြီး ပေးလေ့ရှိပါတယ်။
အသေးစိတ်ကို https://www.canadavisa.com/financial-aid-for-international-students.html
တွင်ကြည့်နိုင်ပါတယ်တယ်။
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar