ယနေ့မှာတော့ မှုခင်း ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော BS in Criminology and Criminal Justice ဘာသာရပ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော ပရိုဂရမ်များသည် U.S News and World Report အရ နိုင်ငံတွင်း နံပါတ် ၅ တွင် ရပ်တည်နေပါတယ်။ ၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း Undergraduate ကျောင်းသားပေါင်း ၂၅၃၀၊ Graduate ကျောင်းသားပေါင်း ၂၈၇ ယောက်နှင့် PhD ကျောင်းသားပေါင်း ၃၈ ယောက် တက်ရောက်လျက်ရှိပါတယ်။
BS in Criminology and Criminal Justice ဘာသာရပ်သည် ပြစ်မှု ဖြစ်စဉ် ကို နားလည် ရန်၊ တရားဥပဒေ၏ အခန်းကဏ္ဍ ၊ ပြစ်မှု ထိန်းချုပ်မှုနှင့် ပြစ်မှု အကျိုးဆက်များကို လေ့လာလိုသူများအတွက် တက်ရောက်သင့်သော ပရိုဂရမ် ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် လူမှုဗေဒ၊ စိတ်ပညာ၊ ဇီဝဗေဒနှင့် တစ်ဦးချင်းစီ၏ အကြောင်းပြချက်များကို လေ့လာရမှာဖြစ်ပါတယ်။ သမိုင်းကြောင်း၊ ဥပဒေ အချက်အလက်၊ တရားရုံး ၊ အကျဉ်းသားများနှင့် ခံဝန်ချက်ဖြင့် လွှတ်မြောက်ထားသူများ စသည်တို့ကို လဲ သင်ယူရမှာဖြစ်ပါတယ်။
၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 32,188 ကျသင့်မှာ ဖြစ်ပါတယ်။
ဘွဲ့ရပြီးပါက အေဂျင်စီ ၂၀၀ တွင် အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်သော အခွင့်အလမ်းကို ရရှီမှာဖြစ်ပြီး လုပ်ကိုင်နိုင်သော နယ်ပယ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
• bank fraud
• corrections
• courts
• domestic terrorism
• federal agencies
• homeland security
• law enforcement
• legal offices
• parole offices
• private security
• probation offices
• victim advocate agencies
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar