fbpx
August 17, 2021

Western Sydney University

▪️ဒီနေ့တော့ Australia 🇦🇺  နိုင်ငံမှာရှိတဲ့ World Class University တစ်ခုဖြစ်တဲ့ Western Sydney University အကြောင်းလေးကို မိတ်ဆက်ပေးသွားမှာပါ။ 💁
▪️Western Sydney University ကို 1st January 1989 မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး World Class University တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ သုတေတနလုပ်ငန်းတွေနဲ့ တမူထူးခြားတဲ့ သင်ကြားမူပုံစံတွေကြောင့် ပိုပြီးလူသိများတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် world university ranking အနေနဲ့လဲ 251-300 ကြားရရှိထားပါသေးတယ်။ Campus အနေနဲ့လဲ စုစုပေါင်း ၆ခုရှိပြီး တစ်ခုနဲ့တစ်ခုကိုသွားလာနိုင်ဖို့အတွက် free shuttle bus တွေလဲစီစဥ်ပေးထားပါသေးတယ်။
▪️Undergraduate Programs, Postgraduate Programs, Research Programs, College နဲ့ Advanced Courses ဆိုပြီး International Students တွေအတွက် ရွေးချယ်စရာ Programs များစွာရှိပါတယ်။ လေ့လာသင်ယူနိုင်တဲ့ဘာသာရပ်တွေအနေနဲ့ကတော့ –
✔️Law
✔️Arts & Humanities
✔️Life Science
✔️Engineering & Technology
✔️Psychology
✔️Business & Economics
✔️Social Sciences
✔️Physical Sciences
✔️Clinical, Pre-Clinical & Health
✔️Computer Sciences
✔️Education တို့ပဲဖြစ်ပါတယ်။
▪️International Students တွေအနေနဲ့လိုအပ်တဲ့ Program Requirement တွေကတော့
⏺IELTS – Overall 6.5 (minimum 6.0 in each subtest)
⏺TOFEL – Total score 82 (Writing 21, Speaking 18, Reading 13, Listening 13)
⏺Pearson (PTE) – 58 overall; No communication skills less than 50 တို့လိုအပ်ပါတယ်။
▪️Student Services and Amenities Fee အနေနဲ့ တစ်နှစ်ကို AUD $308.00 နှင့် Tuition Fees – AUD $26,240 – $34,000 ထိ Programs အပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။
▪️အသေးစိတ်ပိုမိုသိရှိချင်ရင် ဒီ link လေးကနေ https://www.westernsydney.edu.au/international/home ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar