fbpx
September 17, 2021

What is a Top-up Degree? 

▪️What is a Top-up Degree? 

▪️Top-up Degree ဆိုတာကတော့ HND သို့မဟုတ် Foundation Degree တစ်ခုပြီးထားသော ကျောင်းသူ/သားများ အတွက် UK University တစ်ချို့တွင် final year ကိုဆက်လက်တက်ရောက်ပြီး B.A. သို့မဟုတ် B.A. (Honours) ကိုရယူနိုင်တဲ့ အခွင့်ရေးတစ်ခုဖြစ်ပါတယ်။ 🙆‍♂️

▪️HND degree ဟာ UK အသိမှတ်ပြု qualification တစ်ခုဖြစ်ပေမယ့် 1နှစ်ခန့် ဆက်လက်ပညာသင်ယူမည်ဆိုလျင် Top-up Bachelor ဘွဲ့ကိုရနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ HND ကို Top-up လိုက်ခြင်းက Career opportunities ပေါင်းများစွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 💁‍♂️

▪️UK မှာ 2022 မကုန်ခင်ကျောင်းတတ်နိုင်မည်ဆိုပါလျင် ဘွဲ့ရပြီးသည်နှင့် 2 year work permit ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး UK တွင်အခြေချနေထိုင်ရန် အတွက်ပါ အခွင့်ရေးတိုးလာမှာဖြစ်ပါတယ်။ 😇

▪️သက်ဆိုင်ရာ HND များနှင့် ဆက်နွယ်ပြီး ရွေးချယ်နိုင်မယ့် Field များကတော့

📌Applied Biosciences

📌Business Management & Leadership

📌Cloud Computing

📌Early Childhood Development & Learning

📌Electro-Mechanical Engineering

📌Financial Services

📌Health and Wellbeing Practice

📌Law & Practice

📌Marketing & Public Relations

📌Professional Policing

📌Professional Accounting

📌Public Health & Community Studies

📌Tourism & Hospitality Management တို့ပဲဖြစ်ပါတယ်။

▪️Top-up bachelor များကို University of Essex, University of Glasgow, University of Coventry, University of Pembrokeshire,  the University of Edinburgh အပြင်အခြား University ပေါင်းများစွာတွင်လဲ တက်ရောက်နိုင်ပါတယ်။ 🏫👩‍🏫

▪️Fees အနေနဲ့ကတော့ on campus အနေနဲ့ £16,000 ခန့်ကျသင့်ပြီး University of Essex ရဲ့ online Top-up bachelor ကတော့ £6,000 ကျော်သာကျသင့်မှာ ဖြစ်ပါတယ်။ 🙆‍♂️

▪️ဒါကြောင့် Top-up bachelor အကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့ ယခုပဲ EEVS ရဲ့chat box ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်နော်။😇