▪️ကနေဒါဆိုတာ ရှရှားပြီီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၁ အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံတွေထဲမှာလဲ နံပါတ် (၁) ရရှိထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေမှာ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးတွေကို လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကနေဒါနိုင်ငံမှာ International Students ပေါင်း သန်းတစ်ဝက်လောက် ပညာသင်ကြားလျက်ရှိပါတယ်။ 💁♂️
▪️ဒါဆိုရင်တော့ ဘယ်လိုအချက်တွေကြောင့် ကနေဒါမှာပညာသင်ကြားသင့်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ 🙆♂️
၁။ အကောင်းဆုံးပညာရေးအဆင့်အတန်း 👨🎓👩🎓
ကနေဒါမှာ တက္ကသိုလ်တွေသာမက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးတွေကိုလဲ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကြပါတယ်။ ဒါတင်မကသေးပဲ World Ranking 250 ထဲဝင်တဲ့ တက္ကသိုလ် ၁၀ ခုကလဲ ကနေဒါနိုင်ငံမှာရှိနေပါတယ်။
၂။ လုံခြုံနွေးထွေးမူ 🙆♂️😇
လူတော်တော်များများ ကနေဒါလူမျိုးတွေကို ‘warm and friendly’ ဖြစ်ကြတယ်လို့ ရည်ညွှန်းကြပါတယ်။ မြို့ပြကနေ ကျေးလက်ဒေသအထိ ဘယ်နေရာရောက်ရောက် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာက ကျောင်းသား/ ကျောင်းသူတွေက ကနေဒါကို ရွေးချယ်ကြတာပဲဖြစ်ပါတယ်။
၃။ အကောင်းမွန်ဆုံးနေထိုင်မှုဘဝ 🏫🏤
အဆင့်အတန်းမြင့်မြင့်နဲ့ ကောင်းမွန်တဲ့လူနေမှုဘဝကို လိုချင်သူတွေအတွက်တော့ ကနေဒါနိုင်ငံက ပြည့်စုံလှတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွေအရ ကနေဒါနိုင်ငံဟာ ကျောင်းသားတွေလေ့လာသင်ယူလို့ကောင်းတဲ့ နိုင်ငံအဆင့် ၄နေရာမှာရပ်တည်နေပါတယ်။
၄။ စိတ်ချ၊ သေချာတဲ့အနာဂတ်လမ်းကြောင်း 🛤🛣
နေထိုင်မှုဘဝသာမက အလုပ်အကိုင်အခွင့်အလှမ်းတွေကလဲ ပြည်တွင်းကျောင်းသားများ အတွက်ပါမက နိုင်ငံတကာကျောင်းသားများအတွက်ပါ ပေါများလှပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကနေဒါနိုင်ငံက ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေအတွက် အလုပ်အကိုင်ပေါင်း ၁.၆ သန်းဖန်တီးပေးခဲ့ပါတယ်။
၅။ သင့််တော်တဲ့ ပညာရေးစရိတ် 💸💰
ကနေဒါနိုင်ငံက အင်္ဂလိပ်စကားပြောနိုင်ငံတွေထဲမှာ ပညာသင်စရိတ်
အသက်သာဆုံးနိုင်ငံပဲဖြစ်ပါတယ်။
၆။ မတူကွဲပြားတဲ့ အတွေ့အကြုံများ 🤸⛷🪂
ကနေဒါနိုင်ငံမှာလူပြောများတဲ့ စကားတစ်ခွန်းက “စွန့်စားခန်းတွေနဲ့အတူ ကနေဒါနိုင်ငံက မင်းကိုစောင့်နေပါတယ်တဲ့”။ ကနေဒါနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနှင့်ဘဝပုံစံတွေကလဲ တခြားဘယ်နိုင်ငံနဲ့မှမတူတဲ့အတွက် လုံးဝကိုကောင်းမွန်တဲ့အတွေ့အကြုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။
ဒီလိုအချက်တွေကြောင့်ပဲ ကနေဒါနိင်ငံကပညာသင်ယူလို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ✨
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar