
ယနေ့မှာတော့ စက်မှုလုပ်ငန်းနယ်ပယ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံရှိ Drexel University တွင် တက်ရောက်နိုင်သော Bachelor of Science in Mechanical Engineering (BSME) ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။

ခေတ်အလျောက် လူမှုအဖွဲ့အစည်းတွင် ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ ၊ ဆက်သွယ်ရေးနှင့် အခြားသောကွန်ပျူတာနည်း စနစ်များ တိုးတက်လာသဖြင့် စက်မှုအင်ဂျင်နီယာများနှင့် စက်ယန္တားရားဆိုင်ရာ လေ့လာမှု နယ်ပယ်များအတွက် လုပ်ငန်းခွင် အခွင့်အရေးများမြင့်မားလျက် ရှိပါတယ်။

ထို့အတူ ယနေ့ခေတ် စက်မှုနယ်ပယ်များသည် လုပ်ငန်းခွင်အရည်အချင်းတစ်ခုသာမဟုတ်ဘဲ ကျွမ်းကျင်သော စက်မှုအင်ဂျင်နီယာများ၊ စွန့်ဦးတီထွင်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်များကို အဓိက လိုအပ်လျက်ရှိပါတယ်။

MEM ပရိုဂရမ်တွင် ကျောင်းသားများအနေဖြင့် မော်တော်ကားနှင့်ဆိုင်သော နည်းပညာများ၊ ပို့ဆောင်ရေး၊ ဒီဇိုင်းစီစစ်ချက်၊ အီလက် ထရောနစ်နှင့် စက်မှုဆိုင်ရာ သင်ကြားမှုများကို ခေတ်မီသော နည်းပညာစနစ်များဖြင့် လေ့လာရမှာဖြစ်ပါတယ်။ ထို့ပြင် ဆေးဝါး၊ ဥပဒေ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းများကိုလဲ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။

ဒီပရိုဂရမ်ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Quarter based တက်ရောက်ရမှာဖြစ်ပါတယ်။

Tuition fees မှာ တစ်နှစ်လျှင် USD 53,868 ကျသင့်မှာဖြစ်ပါတယ်။

Mechanical Engineer များအတွက် ပြည်နယ် အလိုက် ရရှိနိုင်သော လစာများကို ဖော်ပြပေးလိုက်ပါတယ်။
• Virginia: $91,167 per year
• Washington: $91,752 per year
• Louisiana: $92,865 per year
• Maryland: $93,625 per year
• Oklahoma: $93,736 per year
• Washington D.C.: $96,399 per year
• California: $100,722 per year
• Arizona: $107,618 per year
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar