fbpx
September 1, 2020

သင်နိုင်ငံခြားကို ပညာသင် သွားမည်ဆိုလျှင်

၁. Self-Depedent ဖြစ်အောင် ကြိုးစားပါ
မိမိက နိုင်ငံရပ်ခြားမှာ ပညာသင်ယူမယ် ဆိုလျှင် အရင်ဆုံး ကိုယ်သွားမယ့် နိုင်ငံနဲ့ မြို့ကို ရွေးကြရပါတယ်။ ဒီနေရာမှာ တော်တော်များများက မိသားစု ဆွေမျိုးသားချင်း ရှိ၍ ဖြစ်စေ သူငယ်ချင်းတွေ ရောက်နှင့်နေသည် ဖြစ်စေ သက်ဆိုင်ရာမြို့ကို ရွေးချယ်လေ့ရှိကြတယ်။ သူငယ်ချင်း ဆွေမျိုးသားချင်းများ ရှိခြင်းများသည် မိမိအတွက် တစ်ပန်းသာစေသည် မှန်သော်လည်း နိုင်ငံရပ်ခြားတွင် လူတိုင်းသည် မိမိအလုပ်နှင့် မိမိ ရှုပ်နေကြသည် ဖြစ်၍ တတ်နိုင်လျှင် ဒါတွေထက် မိမိက ဘာဖြစ်ချင်တာ ကျောင်းပဲတက်ရောက်ချင်တာ သို့ ကျောင်းတက်ပြီးနောက် ရေရှည်မှာ အလုပ်လုပ်ချင်တာမျိုးဆိုပါက မိမိအတွက် ဘယ်မြို့က ပိုပြီး အခွင့်အရေးတွေ များမှာလဲ ဆိုတာကို ပိုပြီး ဦးစားပေးရွေးချယ်သင့်သည်။ လူတိုင်းက အတိုင်းအတာ တစ်ခုထိ ကူညီနိုင်သည် မှန်သော်လည်း ရေရှည်မှာ မိမိကိုယ်သာ အားကိုးရမည် ဖြစ်၍ သင်က ကိုယ့်အားကိုယ် ကိုးတတ်ပြီလားလို့ ကိုယ့်ကိုကိုယ် မေးမြန်းသင့်ပါသည်။
၂. ဘာသာစကားကို အထိုက်အလျောက် ပြောနိုင်အောင် ကြိုးစားပါ
မိမိသွားရောက်မည့် နိုင်ငံ၏ ဘာသာစကားကို အထိုက်အလျောက် ပြောနိုင်အောင် ကြိုးစားထားသင့်ပါသည်။ ကျောင်းတတ်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား အလုပ်ရဖို့လွယ်လား ဒီလို မေးခွန်းတွေ မမေးမှီ မိမိအနေနဲ့ အတိုင်းအတာတစ်ခုအထိ သူတစ်ပါးပြောတာကို နားလည်နိုင်ပြီလား သို့ ပြန်ပြောနိုင်ပြီလားကို မိမိကိုယ်ကို ဆန်းစစ်သင့်ပါသည်။ ဘာသာစကားကို အထိုက်အလျောက် သို့ ကျွမ်းကျင်စွာ တတ်ရောက်ထားခြင်းက မိမိကြုံတွေ့ရမည့် အခက်အခဲ ၆၀% လောက်ကို ဖြေရှင်းဖို့ အကူအညီ ပေးနိုင်ပါသည်။
၃. သွားရောက်မည့် နိုင်ငံအကြောင်း လေ့လာပါ
မိမိသွားရောက်မည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းကို ထဲထဲ၀င်၀င် လေ့လာထားသင့်ပါသည်။ ပညာရေးသည် မိမိသတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီသော နိုင်ငံဖြစ်ရဲ့လား နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ သွားရောက် သင်ကြားမှု ရာခိုင်နှုန်း ဘယ်လောက်အထိ ရှိနေပြီလဲ သူတို့တွေရဲ့ အတွေ့အကြုံတွေက ဘယ်လို ရှိခဲ့ပါသလဲ နိုင်ငံတကာ ကျောင်းသားတစ်ယောက်အတွက် အခွင့်အရေး ဘယ်လို ရှိပါသလဲ အစရှိသည်ကို အသေးစိတ် လေ့လာထားသင့်ပါသည်။