Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိသော Public Research University ဖြစ်ပါတယ်။ ၁၉၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Parliament of Australia မှ တည်ထောင်ခဲ့သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ Canberra University College ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ၁၉၆၀ တွင် ANU ဟူ၍ ပြောင်းလဲခဲ့ပါတယ်။
ANU သည် ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး QS World University Ranking 2022 အရ ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။
2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။2020 QS World University by Subject အရ ထိပ်တန်းဘာသာရပ် ၁၀ ခုတွင် Anthropology, Earth and Marine Sciences, Geography, Geology, Philosophy, Politics, Sociology စသော ဘာသာရပ်များ ပါဝင်ပါတယ်။
ကျောင်းသား လျှောက်လွှာပေါင်း Undergraduate -10052, Postgraduate-10840 ရရှိခဲ့ပြီး ပညာရေးဝန်ထမ်းပေါင်း ၃၇၅၃ ဖြင့် အရည်အသွေးမြင့် ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ Main Campus မှာ Acton တွင် တည်ရှိပြီး ပညာရေးနှင့် သုတေသန ကောလိပ်ပေါင်း ၇ ခု ရှိပါတယ်။
တက်ရောက်နိုင်သော ဘာသာရပ်များမှာ Business, Economics, Finance, International Studies, Mathematics ,Politics, Statistics, Ceramics, Creative design, Film and Photography, Graphic Design, Music, Visual Arts, Woodwork, Biology, Computing, Creative Design, Engineering, Environmental Studies, Physics, Robotics, Software design, Criminology, Debating, Journalism, Legal Studies, Psychology, Chemistry, Human movement စသော ဘာသာရပ်များအပါအဝင် ၁၂၀ ကျော်ကို Foundation မှ PHD အထိ ရွေးချယ်တက်ရောက်နိုင်ပါတယ်။
Undergraduate Program လျှောက်ထားလိုသူများအတွက် University Average GPA score 4 to 6 လိုအပ်ပြီး IGCSE အောင်မြင်ထားသူများအတွက် University Foundation Program များကို လျှောက်ထားနိုင်ပါတယ်။ Postgraduate တွက် IELTS အနည်းဆုံး 6.5 လိုအပ်ပါတယ်။
ANU မှ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကျောင်းသားများအတွက် ANU Global Diversity Scholarship များကိုပေးအပ်လျက်ရှိပြီး ကျောင်းလျှောက်လိုက်တဲ့ application တွေကိုကြည့်ပြီး လိုအပ်ချက်များ ကိုက်ညီမှုရှိပါက တစ်နှစ်လျှင် $18,750 scholarship ကိုပညာသင်နှစ် လေးနှစ်စာအတွက် ပေးအပ်မှာဖြစ်ပါတယ်။အသေးစိတ်ကို https://www.anu.edu.au/study/scholarships/find-a-scholarship/anu-global-diversity-scholarshipတွင်ကြည့်နိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar