fbpx
September 1, 2020

ဒီနေ့တော့ Expert အနေနဲ့ သြစတြေးလျရောက်ရင် ဘယ်လို အကူအညီ ပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကျောင်းသားအနေနဲ့ သြစတြေးလျရောက်ပြီဆိုလျှင် Expert ရဲ့ ရုံးကို သွားရောက်ပြီး ဘဏ်အကောင့်ဖွင့်တာတို့ Taxfile Registration လုပ်တာတို့ ပြုလုပ်ရပါတယ်။

သြစတြေးလျနိုင်ငံမှာ Part-Time ပဲ လုပ်လုပ် Full-Time ပဲလုပ်လုပ် မည်သူမဆို အခွန်ဆောင်ရတာ ဖြစ်သည့်အတွက် ဒီအတွက် မဖြစ်မနေ Registration ပြုလုပ်ရပါတယ်။

ပြီးရင်တော့ အချိန်ပိုင်းအလုပ်ကို ဘယ်လို ရှာဖွေမလဲ ဘယ်နေရာတွေမှာ ရှာဖွေမလဲ ဆိုတာနှင့် ပတ်သက်ပြီး Guide လုပ်ပေးပါတယ်။

ဒါတွေ ပြီးသွားရင် ဒေါ်လာ ၅၀ တန်ဖိုး ရှိတဲ့ တစ်ပတ်လောက် မြို့တွင်း Travel လုပ်လို့ ရတဲ့ Opal Card တစ်ကဒ် လက်ဆောင် ပေးသလို တစ်လစာ ဖုန်းဘေလ်ပါတဲ့ Vodafone Sim Card နှင့် Expert Goodies တွေလည်း လက်ဆောင် အဖြစ်ပေးပါတယ်။

မိမိသွားရမယ့် ကျောင်းလိပ်စာကို အသေးစိတ် ညွန်ကြားပေးသလို နေထိုင်စရာ နေရာနှင့် ပတ်သက်ပြီးလည်း လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။

Expert အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တာ၀န်ရှိသူ တစ်ဦးနှင့်လည်း ဆက်သွယ်ပေးထားမည် ဖြစ်သည့်အတွက် မိမိအနေနဲ့ တစ်စုံတစ်ရာ အကူအညီလိုအပ်ပါကလည်း တာ၀န်ရှိသူအား ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်

EEVS အနေဖြင့် ကျောင်းသား/ကျောင်းသူများ၏ အရည်အချင်းအလိုက် ထိုက်တန်သော အခွင့်အလမ်းမျိုးတွေကို ရရှိသွားရန် အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီ။

EEVS က ဘာတွေ ဆောင်ရွက်ပေးပါသလဲ

1. ကျောင်းသား/သူများကို ကျောင်းရွေးတာမှအစ ဗီဇာ ကိစ္စအဆုံးကို အခမဲ့ ဆောင်ရွက်ပေးပါတယ်။

2. ၁၈ နှစ်အောက်ကျောင်းသား/သူများအတွက် Guardian ကိစ္စအ၀၀ကို ဆောင်ရွက်ပေးပါတယ်။

3. Part-Time Job ရဖို့အတွက် အကူအညီ ပေးပါတယ်။

4. နေစရာ အိမ်၊အဆောင်ရှာဖွေဖို့ ကူညီပေးပါတယ်။

5. မြန်မာနိုင်ငံသာမကပဲ သြစတြေးလျကို ရောက်ရင်လည်း သြစတြေးလျမှာ ရှိတဲ့ ရုံးများမှ လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။

6. Visa သက်တမ်းတိုးတာမှအစ Work Visa အဆုံး ရရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။

7. ကျောင်းသားနဲ့ အတူတူ လိုက်ပါလိုတဲ့ မိဘများအတွက် Parent Visa ကိစ္စများကို အပြည့်အ၀ တာ၀န်ယူပေးပါတယ်။

ကျွန်တော်တို့၏ ၀န်ဆောင်မှုများတွင် Honesty, Quality, Integrity and Value အချက်လေးချက်ကို အမြဲဆောင်လေ့ရှိသောကြောင့် ကျွန်တော်သို့ ထံသို့ လာရောက် အကြံဥာဏ် ရယူသော ကျောင်းသားနှင့် ကျောင်းသားမိဘတိုင်းအတွက် မှန်ကန်ပြီး တိကျသေချာသော ၀န်ဆောင်မှုကို ပေးဆောင်ရန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အရာဖြစ်ပါသည်။

သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။

Location : No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung

Let’s Plan Your Career Together

📩 myanmar@experteducation.com.au
#RelyOnExpert