fbpx
September 1, 2020

သင်သိပြီးပြီလား???

ဩစတေးလျနိုင်ငံမှာ လက်ရှိ ကျောင်းတက်နေပြီး အနည်းဆုံး (၁၂) လ အချိန်ပိုင်းအလုပ်လုပ်နေသူတွေအတွက် ကိုယ့်ရဲ့ Superannuation Fund ကနတစ်ဆင့် AUD 10,000 အထိ ထုတ်လို့ ရနိုင်ပါတယ်နော်…

Superannuation Fund ဟာ တစ်သက်မှာ တစ်ခါတည်း ထုတ်လို့ရတာ ဖြစ်ပေမယ့်လည်း COVID-19 အခြေအနေ ဆုံးရှုံးမှုတွေအတွက် ဩစတေးလျ အစိုးရက ကြိုတင်ထုတ်ခွင့် ပေးလိုက်တာပါ။ (သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရင်)

Superannuation ဆိုတာ ဘာလဲ?

Superannuation ဆိုတာကတော့ ဩစတြေးလျမှာ အလုပ်လုပ်ကြတဲ့ သူတိုင်း ရရှိကြတဲ့ ပင်စင်စား ရပိုင်ခွင့် သဘောမျိူး ဖြစ်ပါတယ်။ ဘယ်အလုပ်အကိုင်နယ်ပယ် မှာပဲ လုပ်လုပ် ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခရဲ့ တစ်စိတ်တစ်ပိုင်းကို (၂၀၂၀ သတ်မှတ်ချက်အရ ၉.၅၀ % ) ကို လစဉ် (လုပ်အားခအပြင် အပိုထပ်ဆောင်း) စုဆောင်းပေးရပါတယ်။ နှစ်တွေ ကြာလာလို့ အလုပ်တွေ ပြောင်းရင်လည်း ကိုယ့်ရဲ့ super က ရပ့်တန့်သွားခြင်း မရှိပါဘူး။

ဩစတေးလျနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်ခြင်းရဲ့ အကျိူးကျေးဇူး တစ်ခုပေါ့။

အသေးစိတ်ကိုတော့ အောက်က လင့်ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ်။

https://www.ato.gov.au/individuals/super/withdrawing-and-using-your-super/early-access-to-your-super/?fbclid=IwAR1t6UnW4DeeSFlxSvkMZoS4D2WT2lZNAuTBOdEqec2iGZ7XDeXHewMlDN8

Keep Safe! ဒီလိုကာလအတွင်းမှာ မြန်မာကျောင်းသားတွေအနေနဲ့ တစ်ခုခု တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ အကူအညီတစ်စုံ လိုအပ်တာပဲ ဖြစ်ဖြစ် အခမဲ့ ဖုန်းခေါ်ပြီး ဆွေးနွေးနိုင်ပါတယ်။

Superannuation နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက

EEVS (Sydney) – 0426169738
EEVS (Myanmar) – 09790839290 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

#LetsPlanYourCareerTogether
#RelyOnExpert