fbpx
September 1, 2020

သြစတြေးလျမှာ စျေးသက်သက်သာသာနှင့် ကျောင်းတက်လိုသူများအတွက်

Vocational Training သင်တန်းများကို အဓိကထား သင်ကြားလေ့ရှိပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အစိုးရပိုင် TAFE NSW သည် New South Wales State နှင့် Sydney ရှိ Campusပေါင်း ၁၃၀ ကျော်တွင် အင်္ဂလိပ်စာ ၊ ဒီပလိုမာ ၊ ဒီဂရီနှင့် တက္ကသိုလ်သို့ ၀င်ရောက်ရန် လိုအပ်သော အထောက်အပံ့များကို စာတွေ့ ၊ လက်တွေ့ ဖြင့် ကျောင်းသားပေါင်းများစွာကို ပေါင်းစပ်သင်ကြားပေးနေခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းသားပေါင်း ၅သိန်းနှင့် အထက် တက်ရောက်လေ့ရှိသော ဤကျောင်းသည် နှစ်တိုင်း နိုင်ငံတကာမှ ကျောင်းသားပေါင်း ၃၅၀၀ ကျော် လက်ခံလေ့ရှိပြီး Different Kind Of English Language Courses, Over 1200 Short and Certificate Courses ၊ Diploma, Advanced Diploma, Associate Degree, Bachelor Degree, နှင့် အခြားသော Graduate Courses များ သင်ကြားလေ့ရှိသည်။

၁၈၈၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ဤကျောင်းသည် သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော ပညာရေး၀န်ဆောင်မှုကျောင်းများအနက် တစ်ကျောင်းဖြစ်ပြီး ဤကျောင်းမှ ရယူသော ဒီဂရီများသည် တစ်ကမ္ဘာလုံးတွင် အသိအမှတ်ပြု ခံရသည်။

TAFE NSW တွင် တက်ရောက်လိုပါက IELTS Score အနည်းဆုံး 5.5 သို့ TOEFL 60% အနည်းဆုံး ရှိရမည် ဖြစ်ပြီး သင်ကြားလိုသော Course ပေါ်မှာ မူတည်ပြီး အနည်းအများ အပြောင်းအလဲ ရှိနိုင်ပါသည်။

Vocational Course များအတွက် Fees အနေနဲ့ A$4,210 မှ A$15,340ထိ per semester ကုန်ကျလေ့ရှိပြီး မိမိ သင်ယူလိုသော ဘာသာရပ်အပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။

TAFE NSW မှ တက်ရောက်နိုင်သော တစ်ချို့ Courses များ

– Accounting
– Business and Management
– Nursing
– Digital Media and Information Technology
– Early Childhood Educaiton and Community Services
– Building and Construction
– Maritime
– Health, Fitness and Beauty
– IT Project Management
– Travel and Tourism
– Beauty Therapy
– Logistics and Warehousing
– Animation
– Journalism
– Commercial Cookery and Baking
– Dental Industry
– Project Management
– Marketing and Communication
– Software Development and Programming
– Web Development
နှင့် အခြားသော Course ပေါင်းများစွာ တက်ရောက်နိုင်ပါသည်။

လျှောက်ထားလိုပါက Feb, April, July and September Intake များတွင် လျှောက်ထားနိုင်ပါသည်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက် ၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
———————————————————————————————————-
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

———————————————————————————————————–

09751871588, 09790839290, 09751871587

 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

———————————————————————————————————–

Let’s Plan Your Career Together
#RelyOnExpert