fbpx
July 7, 2021

အမေရိကန်နိုင်ငံမှာ ပညာသင်ယူသင့်တဲ့ အကြောင်းအရင်း

EEVS မှဒီတစ်ခါ ပြောပြမှာကတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူသင့်တဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ 

USA မှာပညာသင်ယူနေတဲ့ နိုင်ငံတကာကျောင်းသားပေါင်း တစ်သန်းကျော်ရှိပြီး နှစ်စဉ်နှစ်တိုင်း USA ရှိနိုင်ငံတကာကျောင်းသားအရေအတွက် တိုးပွားလာသည်နှင့်အမျှ ကျောင်းသားများကြား အကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

ဘာကြောင့် နိုင်ငံတကာကျောင်းသားအတော်များများက USA ရှိ colleges နဲ့ universities တွေကို ရွေးချယ်ကြတာလဲ?

အကောင်းဆုံးသော ပညာရေးစနစ်ရှိခြင်း

U.S. News & World Report အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ၏ထက်ဝက်နီးပါးသည် USA တွင်ရှိပါတယ်။ USA သည် နယ်ပယ်အားလုံးနီးပါးတွင်ထူးချွန်သောပရိုဂရမ်များဖြင့်ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စနစ်တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဘွဲ့ကြိုလေ့လာမှုများမှ PhD အဆင့် Program များအထိ အမေရိကန်ရှိတက္ကသိုလ်များသည် ထိပ်တန်းအဆင့်ပညာရေးဆိုင်ရာအခွင့်အလမ်းများကိုပေးပါတယ်။ 

အမျိုးမျိုးသောပညာရေးအခွင့်အလမ်းများ ရှိခြင်း 

USA တွင် ထောင်ချီသော တက္ကသိုလ်နှင့် ကောလိပ်များစွာရှိပြီး ကျောင်း campus များသည် အခြားနိုင်ငံများရှိ campus များထက် ဆယ်ဆကျယ်ဝန်းပါတယ်။ USA တွင် လူတိုင်းအတွက် အဆင့်မြင့် ပညာရေးရှိပါတယ်။ အချို့ အမေရိကန်ကောလိပ်များနှင့်တက္ကသိုလ်များတွင် ပညာရေးဆိုင်ရာအခြေခံမူများကို အလေးပေးပြီး အချို့ကလက်တွေ့ကျသောအလုပ်အကိုင်နှင့်ဆိုင်သော ကျွမ်းကျင်မှုများကိုအလေးထားကြပါတယ်။ အချို့ကအနုပညာ၊ လူမှုရေးသိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင်အထူးပြုကြပါတယ်။ ဒါကြောင့် မိမိလေ့လာချင်တဲ့ ဘယ်ဘာသာရပ်နယ်ပယ်တိုင်းအတွက်မဆို ရွေးချယ်စရာ Programs တွေ အမျိုးမျိုးရှိပါတယ်။ 

နောက်ဆုံးပေါ် နည်းပညာများရှိခြင်း 

USA ရှိ တက္ကသိုလ်များသည် နည်းပညာ၊ သုတေသနနှင့်နည်းစနစ်များအတွက် ခေတ်ရှေ့ပြေးလျက် ရှိပြီး ကျောင်းသားများအတွက် အကောင်းဆုံးဖြစ်နိုင်သည့် သင်ကြားရေးပစ္စည်းကိရိယာများနှင့်အရင်းအမြစ်များကို စီစဉ်ပေးလျက်ရှိပါတယ်။ မိမိ သင်ယူနေသော ဘာသာရပ် နယ်ပယ်သည် သိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုပြီး သုတေသနပြုခြင်းနှင့်သတင်းအချက်အလက်များကိုရယူခြင်းတို့ကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ပါတယ်။ 

သုတေသန၊ သင်ကြားရေးနှင့် Training များအတွက် အခွင့်အလမ်းများပေါများခြင်း 

ဘွဲ့လွန် Program အများစုတွင် သင်ကြားရေးနယ်ပယ်၏ရှုထောင့်အမျိုးမျိုးကိုလေ့လာနိုင်ပြီး ကျောင်းသားများအား teaching assistant နှင့် သုတေသနလက်ထောက်များဖြစ်လာစေရန်သုတေသနပြုခြင်းနှင့် စာသင်ကြားရေးအခွင့်အလမ်းများ ပေးပါတယ်။ နိုင်ငံတကာကျောင်းသားများသည်အမေရိကန်တက္ကသိုလ်များရှိ   ဆရာများနှင့်သုတေသီများဖြစ်လာကြပြီး အသစ်အသစ်သော စွမ်းရည်နှင့် တွေးခေါ်မှုများကို ယူဆောင်လာကြပါတယ်။ ဤလက်တွေ့ကျသောအတွေ့အကြုံများသည် အနာဂတ်အသက်မွေးဝမ်းကျောင်းတွင်လည်း ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Support Services တွေများစွာရှိခြင်း 

USA မှာပညာသင်ယူရခြင်းသည် အလွန်ကောင်းမွန်သောအခွင့်အရေးဖြစ်သော်လည်း တစ်ခါတစ်ရံ စိန်ခေါ်မှုများစွာကို တွေ့ကြုံရနိုင်ပါတယ်။ ကောလိပ်နှင့် တက္ကသိုလ်များရှိ international student office သည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ပညာရေးစနစ်များကို လိုက်လျောညီထွေမှုရှိစေရန်ကူညီပေးပါတယ်။ USA တွင်ရှိနေသော ကာလတစ်လျှောက်လုံးတွင် visa status၊ ငွေကြေး အခြေအနေ၊ housing၊ အလုပ်အကိုင်အခွင့်အရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ အစရှိသည့် ကိစ္စများအတွက် မေးမြန်းမှုများကိုinternational student office မှ ဖြေကြားပေးမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၌ဘွဲ့ယူရန်ရွေးချယ်ပါက ဘွဲ့ရခါနီးလာသည်နှင့်အမျှကိုယ်ရေးရာဇဝင်နှင့်အလုပ်အကိုင်အကူအညီများကိုမကြာခဏပေးလေ့ရှိပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar