Information Technology နယ်ပယ်တွေကို စိတ်ဝင်စားသူများအတွက် Academies Australasia College Singapore မှသင်ကြားပို့ချပေးနေတဲ့ Advanced Diploma of Information Technology Program အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။
သတင်းအချက်အလက်နည်းပညာနှင့်ဆော့ (ဖ်)ဝဲပရိုဂရမ်များသည် ယခင်ကလူတွေလုပ်ကိုင်ရတဲ့ အလုပ်တွေမှာ အစားထိုးဝင်ရောက်လာတာကြောင့် Information Technology အရည်အချင်းပြည့်မီတဲ့ graduates တွေကိုများစွာလိုအပ်လာပါတယ်။
Website အခြေပြု စီးပွားရေးတိုးတက်မှုနှင့်အတူ web developers များသည် အသုံးပြုသူများနှင့်အွန်လိုင်းစီးပွားရေးလုပ်ငန်းများအကြားအပြန်အလှန်ဆက်သွယ်နိုင်တဲ့ web page တွေကို ပိုဖန်တီးဖို့လိုအပ်လာပါတယ်။ Information Technology programme graduate များအနေဖြင့် user-website interface များဖန်တီးရာတွင် လိုအပ်သော technical နှင့် analytical skills များရှိနေမည်ဖြစ်ပြီး အထက်ဖော်ပြပါposition တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
Advanced Diploma of Information Technology Program သည် စီးပွားရေးနှင့် အခြားသော လုပ်ငန်းများဖြစ်သော manufacturing, logistics, marine တို့နှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒီ Program ကိုတက်ရောက်ပြီးသူများအနေဖြင့် ICT projects များကို စီမံကိန်းရေးဆွဲခြင်းနှင့်ဒီဇိုင်းရေးဆွဲခြင်း၊ ICT communication များကို စီမံခန့်ခွဲခြင်း၊ ICT ဆိုင်ရာ copyrights, ethics, privacy issues များကိုကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ကို လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။
Program ကာလမှာ ၉လကြာမည်ဖြစ်ပြီး သင်ကြားပေးမည့် modules များမှာ-
– Project Design and Planning
– Project Development
– Project Implementation
– ICT Sustainability
– Cloud Computing
– Managing ICT Communication
– ICT Copyrights and Ethics
– Project Management
– Manage ICT Team
Intake – လစဉ်လတိုင်း ပထမဦးဆုံး တနင်္လာနေ့တွင် လျှောက်ထားနိုင်ပါတယ်။
Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-
မည်သည့် GCE A-Level subject အတွက်မဆို အနည်းဆုံး D ရရှိထားရမည်။ (သို့)
အနည်းဆုံး ၁၂နှစ် အထက်တန်းပညာရေးရှိရမည်။ (သို့)
AAC Diploma of Information Technology ရှိရမည်။
IELTS 5.5 or AAC EFL Level-5 or equivalent
Program Link – http://www.aca.edu.sg/courses/Advanced-Diploma-of-Information-Technology-36
#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar