fbpx
August 31, 2020

Australia သို့ ပညာသင်သွားရောက်မည့်သူများ သိထားသင့်သည့်အချက်မျာ

သြစတြေးလျသည် လက်ရှိအချိန်တွင် UK နှင့် USA တို့ပြီးလျှင် အင်္ဂလိပ်စကားပြော နိုင်ငံများတွင် နိုင်ငံတကာရှိကျောင်းသားများ လာရောက်သင်ကြားမှုနှုန်း အများဆုံးသောနိုင်ငံ ဖြစ်သည်။သူ့ရဲ့ နိုင်ငံတကာကျောင်းသားများအပေါ် ဖော်ရွေစွာလက်ခံမှု, မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးစံများအား လက်ခံကျင့်သုံးမှုနှင့် ကမ္ဘာ့အဆင့် ပညာရေးစနစ်များကြောင့် နှစ်စဉ် လာရောက်သင်ကြားသော ကျောင်းသားဦးရေမှာ တိုးသထက် တိုးလာခဲ့သည်။အကယ်၍ မိမိက သြစတြေးလျ ပညာသင်သွားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အောက်ပါအချက်များကို သိထားပြင်ဆင်ထားသင့်ပါသည်
Study The Country
 
ပထမဆုံးအနေနဲ့တော့ ကိုယ်သွားမယ့် နိုင်ငံနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သြစတြေးလျမှာ လက်ရှိပညာသင်ယူနေတဲ့ နီးစပ်ရာ သူငယ်ချင်းအသိုင်းအဝိုင်းမှာ ဖြစ်ဖြစ် သို့မဟုတ် အင်တာနက်ကနေ ဖြစ်ဖြစ် Expert လိုယုံကြည်စိတ်ချရမယ့် အေဂျင်စီမျိုးကို လာရောက်၍ ဆွေးနွေးတာမျိုးပဲဖြစ်ဖြစ် မေးမြန်းပြီး ကြိုတင် သွားရောက်မယ့် မြို့နဲ့ ပတ်သက်ပြီး နေစရိတ် စားစရိတ် လူနေမှုပတ်၀န်းကျင်အကြောင်းကို လေ့လာထားသင့်ပါတယ်။ Expert ကိုယ်တိုင်လည်း သြစတြေးလျရှိ မြို့ကြီးရှစ်မြ်ို့တွင် တည်ရှိသောကြောင့် နိုင်ငံတကာကျောင်းသားတွေကို သွားရောက်တက်ရောက်မယ့် University,College , မြို့များနှင့် ပတ်သက်၍ အသေးစိတ် အခမဲ့ ကူညီပေးနေသည်မှာ ၁၅နှစ်ရှိခဲ့ပြီဖြစ်သည်။🇦🇺 🇦🇺
 
IELTS
 
သြစတြေးလျကို ပညာသင်သွားဖို့ ဆုံးဖြတ်ထားပြီဆိုရင် IELTS ကတော့ မဖြစ်မနေ ပြင်ဆင်ရပါတယ်။ Band Scoreတောင်းဆိုမှုသည် မိမိသင်ကြားမည့်ဘာသာရပ်ပေါ် မူတည်ပါသည်။ မိမိအနေနဲ့ ပညာသင်ယူပြီး အလုပ်ဆက်လက်လုပ်ကိုင်ကာ PR ( Permanent Residency ) ရဖို့အထိ စဉ်းစားထားပါက IELTS ကို သေချာပေါက် အမှတ်ကောင်းကောင်းရအောင် ကြိုးစားထားသင့်သည်။ ( သြစတြေးလျတွင် PR ရယူလိုပါက PR Point ရေတွက်သည့် အမှတ်ပုံစံရှိပြီး IELTS Band Score 8 လောက်ရနေပါက ဒီတစ်ခုတည်းကြောင့်ပင် အမှတ် ၂၀လောက်ရနိုင်ပါသည်။) ဒါတွေနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ၁၅ မိနစ်လောက် EEVSအား ဖုန်းဆက်ပြီး အခမဲ့ ဆွေးနွေးရုံနဲ့ သိနိုင်ပါတယ်။🇦🇺 🇦🇺
 
Choose School and University
 
တတိယအချက်အနေနဲ့ကတော့ သြစတြေးလျကို သွားရောက်ဖို့နဲ့ ကိုယ်တက်ရောက်ချင်တဲ့ ဘာသာရပ်ဆုံးဖြတ်လိုက်ပြီဆိုရင် မိမိအတွက် သင့်လျော်တဲ့ ကျောင်းကို ရွေးချယ်သင့်ပါတယ်။ သြစတြေးလျမှာ မိမိသင်ကြားမယ့် ဘာသာရပ်အလိုက် ကျောင်းတွေလည်း ( University, TAFE, College, Institue and Private School ) အစသဖြင့် ရှိသောကြောင့် မိမိသင်ကြားလိုရာဘာသာရပ်နှင့် အသက်မွေး၀မ်းကျောင်းအတွက် ရွေးချယ်ရမယ့် University, Institutions ကွဲပြားသွားနိုင်သလို ကျောင်းစရိတ် ကလည်း နေရာ၊ဒေသ courses အပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။ မြန်မာနိုင်ငံမှာ မိမိသင်ကြားထားသော ပညာရပ်အခြေခံပေါ်မူတည်ပြီးလည်း ရွေးချယ်ရမည့် ကျောင်းအစရှိသဖြင့် ကွဲပြားနိုင်ပါသည်။ ဒီလိုရွေးချယ်ရန်အတွက် မြန်မာနိုင်ငံရှိ Expert Team နှင့် သြစတြေးလျရှိ Expert Teamမှ သင့်ကို အသေးစိတ် အခမဲ့ ကူညီပေးနိုင်ပါသည်။🇦🇺 🇦🇺
 
Choose The City
 
သြစတြေးလျသည် လူနေမှုစရိတ်လည်း အတန်အသင့် မြင့်မားသောကြောင့် ( UK,USA တို့ နီးပါး) မိမိအနေနဲ့ နေထိုင်ရမယ့် မြို့အကြောင်းနှင့် စရိတ်များကိုလည်း ကြိုပြီးလေ့လာထားသင့်ပါသည်။ သြစတြေးလျနိုင်ငံ၏ ပညာရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တူညီသောကြောင့် မိမိအနေနဲ့ စရိတ်စက များ ချွေတာလိုပါက ဆစ်ဒနီ,မဲလ်ဘုန်းတို့လို လူနေမှုစရိတ် မြင့်မားသော မြို့ကြီးများအစား အခြားသော မြို့ငယ်များ၌ နေထိုင်ပါက ကုန်ကျစရိတ်ကို ပို၍ သက်သာစေနိုင်ပါသည်။🇦🇺 🇦🇺
 
Getting Visa
 
သြစတြေးလျသွားမယ်ဆိုရင်တော့ Visa မလွှဲမသွေ လုပ်ရမည်မှာ သာမန်ပင် ဖြစ်ပါသည်။ Visa အတွက် လက်ရှိ သြစတြေးလျအစိုးရမှ တရား၀င် သတ်မှတ်ထားသောစျေးမှာ AUD 620$ ( ယခင် 575$) ဖြစ်ပါသည်။ Australia ဗီဇာသည် စာရွက်စာတမ်း‌ေပါင်းများစွာကိုကိုင်တွယ်ရပြီး ခက်ခဲရှုပ်ထွေးလှပါသည်။
 
Expert သည် ပညာရေး အေးဂျင့်တစ်ခုအနေနှင့် သာမကပဲ အလုပ်အကိုင် ဗီဇာ , PR အစရှိသဖြင့် အခြားသော ၀န်ဆောင်မှုများကိုလည်း ပေးဆောင်လျက်ရှိသောကြောင့် ဗီဇာလျှောက်ထားရာတွင် အတွေ့အကြုံရင့် ရှေ့နေများနှင့် migration agents များမှ တိုက်ရိုက်ကိုင်တွယ်ပြီး ဆောင်ရွက်ပေးသောကြောင့် Australia ဗီဇာအတွက် EEVS ကို ယုံကြည်စိတ်ချစွာအားကိုးနိုင်ပါသည်။
 
🇦🇺🇦🇺Expert Education and Visa Services သည် လွန်ခဲ့သည့် 2003 ခုနှစ်မှ စတင်၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၅၅၀၀၀ ကျော်ကို ၀န်ဆောင်မှု ပေးခဲ့ပြီး တိကျသေချာပြီး ယုံကြည်စိတ်ချရသော ၀န်ဆောင်မှုများကြောင့် သြစတြေးလျတွင်လည်း ကျောင်းပေါင်းများစွာမှ တရား၀င် ကိုယ်စားလှယ်အဖြစ် ယုံကြည်စွာ ခန့်အပ်ခံထားရသည်။
 
အကယ်၍ မိမိအနေနဲ့ သြစတြေးလျသွားရောက်ဖို့စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျပညာရေးအကြောင်း အသေးစိတ် မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဖုန်းခေါ်ဆို၍ ဖြစ်စေ Expert ၏ ရုံးသို့ ကိုယ်တိုင်လာရောက်၍ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
 
09751871588, 09790839290,09751871587
 
No.(270), Lucky Nice Tower, ဒဂုံစင်တာအနီး, မြေနီကုန်း, ပြည်လမ်း, စမ်းချောင်းမြို့နယ်