fbpx
August 31, 2020

 Australian Qualifications Framework ဆိုတာ ဘာလဲ??

Australian Qualifications Framework (AQF) ဆိုတာ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ ပညာရေးဝန်ဆောင်မှု ပေးသူတွေ ကို ကွပ်ကဲဖို့၊ ပညာရေးရပ်ဝန်းတစ်ခုလုံးကို ထိန်းကျောင်းဖို့နဲ့ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ဖို့ စတာတွေအတွက် သြစတြေးလျအစိုးရက ပြ ဋ္ဌာန်းထားတဲ့ national policy တစ်ခု ဖြစ်ပါတယ်။

AQF ကို ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး သြစတြေးလျနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ Secondary Education မှ စပြီး Higher Educaiton, Doctorate Studies (Research) အဆုံး Education Framework တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။

 AQF Level အရ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Diploma ၊ Degreee များကို အောက်ပါအတိုင်း Level သတ်မှတ်ထားပါတယ်။ တစ်ချိူ့ဘွဲ့တွေဟာ ကျောင်းသားတွေရဲ့ ပညာအရည်အချင်း၊ accrediated parthway နဲ့ university/college တွေပေါ် မူတည်ပြီး Level ထပ်တူတာတွေ တွေရှိပေမယ့်လို့ ဘွဲ့အားလုံးဟာ AQF Framework ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ရှိကြပါတယ်။

Secondary Education
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Secondary High School
2. Certificate I
3. Certificate II

Vocational Education Training (VET)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Certificate I
2. Certificate II
3. Certificate III
4. Certificate IV
5. Diploma
6. Advanced Diploma

Higher Education Sector
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

7. Associate Degree = Advanced Diploma
8. Bachelor
9. Bachelor Honours Degree
10. Graduate Certificate
11. Graduate Diploma
12. Master
13. Doctorate
14. Research

Australian Qualitifications Framework ထဲ မ၀င်သော Certificate နှင့် Degree များကို သြစတြေးလျအစိုးရမှ အသိအမှတ်ပြုခြင်း မရှိပါဘူး။

EEVS မှာလည်း တရားဝင် (RTO) လိုင်စင်ရ ကျောင်းတွေနဲ့ AQF အသိအမှတ်ပြု ဘွဲ့တွေကိုသာ ကျောင်းသား၊ကျောင်းသူတွေအတွက် လျောက်ပေးပါတယ်။

#LetsPlanYourCareerTogether
#RelyOnExperts

Image may contain: 1 person, text that says 'EEVS EXPERT &I AUSTRAILIA သို့ ပညာသင်သွားရောက်မည့်သူများ သိထားသင့်သောအရာများ အပိုင်း(၃) www.experteducation.com.au'