fbpx
August 2, 2021

Bachelor of Engineering (Honours) – Mechatronic Engineering (University of Wollongong)

University of Wollongong သည်Australia နိုင်ငံ၏ public research university တစ်ခုဖြစ်ပြီး Sydney မြို့၏တောင်ဘက် ကီလိုမီတာ ၈၀ခန့်တွင် တည်ရှိပြီး New South Wales ပြည်နယ်၊ ကမ်းရိုးတန်းမြို့ Wollongong တွင်တည်ရှိပါတယ်။Times Higher Education(THE) World University Ranking 2021 အရ Australia နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၁၃ တွင် ရပ်တည်လျက်ရှိပါတယ်။
Engineering ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက်တော့ University of Wollongongမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Bachelor of Engineering (Honours) – Mechatronic Engineering Program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
Mechatronic Engineering ဆိုသည်မှာစက်မှု၊ လျှပ်စစ်နှင့်ကွန်ပျူတာနည်းပညာများကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပထမစာသင်နှစ်မှာဆိုရင် engineering ဘာသာရပ်နယ်ပယ်မျိုးစုံအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ mathematics, statistics, physics, chemistry, computing, engineering science and communication, mechanics, materials and fluids စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အခြေခံမရှိမဖြစ်လိုအပ်တဲ့ knowledge တွေကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ်မှာတော့ မိမိလေ့လာချင်တဲ့ ဘာသာရပ်နယ်ပယ်ကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။
၁၂ပတ် အလုပ်သင်ဆင်းရမည့် အစီအစဉ်ပါဝင်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်အတွေ့အကြုံများအရ credit point တွေရရှိမှာဖြစ်ပါတယ်။
UOW Engineer ကျောင်းသားတွေအနေနဲ့ ခေတ်မီလုပ်ငန်းခွင်တွေမှာ အသုံးပြုနေတဲ့ computer-aided softwareတွေ laboratories တွေနဲ့ သင်ကြားရမှာဖြစ်ပြီး အောက်ပါလက်တွေ့သင်ကြားရေးများကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။
Laboratory experiments
Problem based learning
Computer simulations
Teamwork assignments
Industrial case studies
Project management
Site visits to industry
တတိယနှစ်နဲ့ နောက်ဆုံးနှစ်တို့မှာတော့ control theory, microcontroller architecture and applications, electronics, mechanical engineering design, foundation in electrical energy utilisation, robotics and flexible automation စတဲ့ဘာသာရပ်နယ်ပယ်တွေမှာ အသေးစိတ်သင်ကြားရမှာဖြစ်ပါတယ်။
Program ကို၄နှစ်တက်ရောက်ရမှာဖြစ်ပြီး Course Fees – $150,144 ကုန်ကျမှာဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအနေနဲ့ လိုအပ်သော သတ်မှတ်ချက်များမှာ-
IELTS Academic – 6.0
TOEFL (Internet-based) – 70
UOW မှ engineering programs များကို Engineers Australia နှင့် Washington Accord မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတကာ အင်ဂျင်နီယာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar