fbpx
June 23, 2021

EEVS မှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  သြစတြေးလျနိုင်ငံရှိ Victoria Universityမှာသင်ကြားပေးနေတဲ့ Bachelor of Nursing program ပဲဖြစ်ပါတယ်။ 

 

Victoria University သည် Melbourne,Victoria, Australia တွင် တက်ရောက်နိုင်သော Public Research University ဖြစ်ပါတယ်။ အဆင့်မြင့် ပညာရေးစနစ်နှင့် Technical and Further Education (TAFE ) ဘာသာရပ်များကို  ကောလိပ် ၆ ခု၊ သုတေသန ဌာန ၇ ခုတွင် တက်ရောက်နိုင်ပါတယ်။ Melbourne Central Business District, Melbourne Western Region, Sydney တို့တွင် Campus များရှိပါတယ်။

 

Victoria University တွင် Bachelor of Nursing တက်ရောက်ပြီးနောက် Healthcare Professional အနေဖြင့် လုပ်ကိုင်နိုင်ပါတယ်။  Mental Health Nurse ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှာ ဖြစ်ပြီး သင်ကြားရာတွင် သိပ္ပံနည်းကျ သာမက လက်တွေ့ဆောင်ရွက်မှုများကို  ခေတ်သစ်သင်ကြားရေးစနစ်အသုံးပြု ကာ သင်ကြားပေးလျက်ရှိပါတယ်။

 

 VU မှ ဘွဲ့ရပြီးနောက် Division 1 Registered Nurse အဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ VU ၏ Bachelor of Nursing ပရိုဂရမ်သည် AMBA မှ တရားဝင် အသိအမှတ်ပြုခံရပြီး Tuition fees- A $ 15,600/semester ကျသင့်မှာဖြစ်ပါတယ်။ ၃ နှစ်တက်ရောက်ရမှာ ဖြစ်ပြီး တစ်နှစ်လျှင် Semester -2 ခု တက်ရောက်ရမှာ ဖြစ်ပါတယ်။ 

 

Western Health, Werribee Mercy Hospital တို့နှင့် ချိတ်ဆက်ထားပြီး Clinical အေဂျင်စီပေါင်း ၂၀၀ ဖြင့် လည်းချိတ်ဆက်ထားပါတယ်။ လက်တွေ့သင်ကြားချိန်များအနေဖြင့် 800 professional practice hours, 140 clinical simulation hours သင်ကြားရမှာဖြစ်ပါတယ်။ 

 

VU တွင် Bachelor of Nursing တက်ရောက်ပြီးနောက်  Poyal Children’s Hospital, Royal Women’s Hospital, Royal Flying Doctor Service တွင် လုပ်ကိုင်နိုင်သော နယ်ပယ်များမှာ

  • general practice
  • acute care
  • paediatric care
  • rehabilitation
  • aged care
  • mental health
  • residential care
  • emergency
  • research
  • health education.

 

သြစတြေးလျနိုင်ငံတွင် ၂၀၁၉ Graduate Outcomes Survey အရ Nursing ဘွဲ့ရ နှုန်းမှာ 76.3% ဖြစ်ပြီး  ဘွဲ့ရပြီး ၄ လအတွင်း အချိန်ပြည့် အလုပ်အကိုင် ခန့်အပ်မှု များကို ရရှိခဲ့ပါတယ်။

 

Victoria University ၏ Bachelor of Nursing ပရိုဂရမ် အတွက် လိုအပ်သော English proficiency သတ်မှတ်ချက်များမှာ-

 

  • IELTS with a minimum IELTS (academic module) overall score of 7 and a minimum score of 7 in each of the four components (listening, reading, writing and speaking).

OR

  • OET with a minimum score of B in each of the four components (listening, reading, writing and speaking).

OR

  • PTE Academic with a minimum overall score of 65 (listening, reading, writing and speaking).

OR

  • TOEFL iBT with a minimum total score of 94 and 24 for listening, 24 for reading, 27 for writing, and 23 for speaking.

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar