ယခုပြောပြပေးမှာက နိုင်ငံတကာ ကျောင်းသား/သူများအကြားတွင် ပညာသင်ယူဖို့ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အမေရိကန်ရှိ မြို့များကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
- Boston
Boston မြို့သည် အမေရိကန်နိုင်ငံတွင် အကောင်းဆုံး ကျောင်းသားမြို့တော်အဖြစ် အသိအမှတ်ပြုခံထားရပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်ကျောင်းများတွင် ပါဝင်သော Massachusetts Institute of Technology (MIT) နှင့် Harvard University တို့တည်ရှိရာမြို့ ဖြစ်ပါတယ်။ Boston မြို့တွင် အဖွဲ့အစည်းများစုက ကျောင်းသားများအတွက် အထူးလျှော့ဈေးရှိသော metro pass များကို စီမံပေးထားသောကြောင့် သက်သာလွယ်ကူစွာ သွားလာနိုင်ပါတယ်။
- New York
နယူးယောက်မြို့သည် အမေရိကန်နိုင်ငံတွင် ဒုတိယ အကောင်းဆုံး မြို့တော်ဖြစ်ပြီး World Ranking အရ 19th နေရာတွင် တည်ရှိသော မြို့ ဖြစ်ပါတယ်။ လူဦးရေ ၂သန်းကျော်ရှိပြီး 1.5% သည် ကျောင်းသား/သူများ ဖြစ်ကြပါတယ်။ Columbia University, University of New York, Cornell University များတည်ရှိရာ NYမြို့သည် Brooklyn Bridge, Empire State Building, Central Park, Liberty စသည့် ထင်ရှားသော အဆောက်အအုံများကြောင့် ဗဟုသုတများစွာ ရှာဖွေနိုင်သော မြို့ပဲဖြစ်ပါတယ်။
- Los Angeles
Los Angeles မြို့သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များကြီးများဖြစ်သော California Institute of Technology, University of California, Los Angeles (UCLA), University of Southern California ကျောင်းကြီးများတည်ရှိပြီး business, technology, science, fashion, medicine, sports စသည့် အမျိုးမျိုးသော နယ်ပယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်သော မြို့လဲဖြစ်ပါတယ်။ နေရောင်ခြည်ကောင်းစွာ ရရှိပြီး နေထိုင်လို့ကောင်းသော မြို့ပဲဖြစ်ပါတယ်။
- San Francisco
San Francisco သည် အမေရိကန်နိုင်ငံတွင် လည်ပတ်မှု အများဆုံး မြို့ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်များ ဖြစ်ကြသော Stanford University, University of California, Berkeley ကျောင်းများတည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ နှစ်သက်ဖွယ် လူနေထိုင်မှုပုံစံ၊ ဖော်ရွေတတ်မှု၊ လှပသော ရာသီဥတုများရှိခြင်းကြောင့် နိုင်ငံတကာကျောင်းသားများအကြား ရေပန်းစား ကြော်ကြားခြင်းဖြစ်ပြီး Google, Facebook, Apple စသည့် ကုမ္ပဏီများနှင့် နည်းပညာ ဖွံ့ဖြိုးသော မြို့ဖြစ်တာကြောင့် အတွေ့အကြုံနှင့် နည်းပညာ ဗဟုသုတများ ရှာမှီးလိုသူများအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar