fbpx
July 22, 2021

📌စီးပွားရေးဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက် ကနေဒါနိုင်ငံ Vancouver မြို့ရှိ Acsenda School of Management မှသင်ကြားပေးနေတဲ့ Business Program တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

📌နိုင်ငံတကာကျောင်းသားအရေ အတွက်များပြီး Undergraduate degrees များနှင့် Pathway Programs
များကို အဓိက သင်ကြားပေးလျက်ရှိပါတယ်။

📌Bachelor of Business Administration Program သည် လေးနှစ်တက်ရောက်ရသော Undergraduate Degree ဖြစ်ပြီး ကျောင်းသားများကို မတူညီတဲ့ business operation တွေအတွက် စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ skills နှင့် knowledge တွေရရှိအောင်ပြင်ဆင်ပေးတာဖြစ်ပါတယ်။

📌Business Administration မှာ စီးပွားရေးလုပ်ငန်းတစ်ခုကောင်းစွာ လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ decision making တွေ၊ ဝန်ထမ်းတွေကို ထိရောက်အောင် စီမံခန့်ခွဲနိုင်မှုတွေ၊ ဈေးကွက်ဖော်ဆောင်ရေးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

📌ဒီ Program မှာကျောင်းသားတွေအတွက် မိမိစိတ်ဝင်စားတဲ့ဘာသာရပ်နယ်ပယ်ကို professional designationအတွက် အဓိကထားရွေးချယ်နိုင်ပါတယ်။ ရွေးချယ်နိုင်တဲ့ ဘာသာရပ်တွေကတော့ –

Accounting
International Business Management
General Business Management
Human Resources Management
Marketing Management တို့ပဲဖြစ်ပါတယ်။

📌Bachelor of Hospitality Management သည် လေးနှစ်တက်ရောက်ရသော Undergraduate Degree ဖြစ်ပြီး hotels, cruise ships, convention center အစရှိသော နယ်ပယ်များတွင် စီမံခန့်ခွဲမှုဆိုင်ရာများကို သင်ကြားပေးတာဖြစ်ပါတယ်။ Hospitality industry အတွက် လိုအပ်တဲ့ skills နှင့် knowledge တွေကို သင်ကြားပေးမှာဖြစ်ပြီး accommodation managers, marketing executives, tourism officers, catering managers, hotel managers အစရှိသော career များကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

📌ဒီ Program မှာ international internship opportunity တွေလည်းပါဝင်ပြီး ကျောင်းသားတွေအတွက် သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချစေမှာဖြစ်ပါတယ်။
ကျောင်းသားတွေအနေနဲ့လည်း potential employer တွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

📌ထို Degree Programs တွေအပြင် Association of Chartered Certified Accountants (ACCA), Canadian Institute of Management (CIM), Canadian Institute of Traffic and Transportation (CITT), Chartered Professional Accountants (CPA), CPHR British Columbia & Yukon, Forum for International Trade Training (FITT) စသောနိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး Professional Pathways Program တွေကို သင်ကြားပေးလျက်ရှိပါတယ်။

📌Acsenda School of Management တွင် တက်ရောက်လိုသူများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ-

TOFEL(IBT) -84
TOFEL(PBT) -560
IELTS- 6
PTE -60

Application fees – 155 CAD
Enrollment fees (Per term) – 51 CAD
International Tuition(per 3 credit course) – 1560 CAD
Accomodation -756-3000 CAD ကုန်ကျနိုင်ပါတယ်။

Intake – October, January, April, and July

Program Link – https://acsenda.com/

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 21, 2021

🇵🇱အထက်တန်းအောင်မြင်ပြီး ဆေးပညာရပ်နယ်ပယ်ကို စိတ်ဝင်စားသော ကျောင်းသားများအတွက် ပိုလန်ရှိ ထိပ်တန်းဆေးတက္ကသိုလ်ဖြစ်သော Medical University of Lodz အကြောင်းကို ပြောပြပေးချင်ပါတယ်။

📌1949 တွင်တည်ထောင်ခဲ့သော Medical University of Lodz သည်ပိုလန်နိုင်ငံရှိ ထိပ်တန်း အစိုးရဆေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ပိုလန်နိုင်ငံရှိ ထိပ်တန်းသုတေသနဌာနတစ်ခုလည်း ဖြစ်ပါတယ်။

📌U.S. News & World Report မှသတ်မှတ်ပေးသော Best Global Universities Rankings စာရင်းတွင်
ranking #1247 ရရှိထားပြီး နိုင်ငံတကာကျောင်းသားများအတွက် တက်ရောက်နိုင်သော Program များမှာ-

6-year MD (Medicine program)
MD Advanced program
5-year DMD (Dentistry program)
3-year BSc Nursing program
Ph.D. program
Preparatory Course (PREMED) တို့ပဲဖြစ်ပါတယ်။

📌Medical University of Lodz မှာ ပညာသင်ယူသင့်တဲ့ အကြောင်းတွေကတော့-

ကျောင်းသားတွေရဲ့ တိုးတက်မှုအတွက် အဆင့်မြင့်ပညာရေးစနစ်များကိုပေးနိုင်ခြင်း

နိုင်ငံတကာရှိ တက္ကသိုလ်ကျောင်း ၂၂ကျောင်းနှင့် ပူးတွဲလုပ်ဆောင်ခြင်း

နိုင်ငံတကာမှ အသိအမှတ်ပြုမှုကို ရရှိခြင်း

စနစ်တကျသင်ရိုးညွှန်းတမ်းနှင့်အတူ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ သင်ကြားပို့ချပေးခြင်း

ကုန်ကျစရိတ်သက်သာခြင်း

Skype entrance exam ဖြေဆိုနိုင်ခြင်း

Europe ၏အချက်အချာနေရာတွင် တည်ရှိခြင်း

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

သက်ဆိုင်ရာ အသိအမှတ်ပြု ကျောင်းများမှ အထက်တန်းအောင်မြင်ရမည်။

ဝင်ခွင့်စာမေးပွဲအတွက် Biology, Chemistry, Physics, Mathematics ဘာသာရပ်များနှင့် ပတ်သက်သည့် General Questions များကို ဖြေဆိုရမည်။

IELTS – 6.0
TOEFL – 75 points

📌Application Fee EUR 120 (non-refundable) ဖြစ်ပြီး Microsoft Teams entrance exam မတိုင်မီ ပေးသွင်းရမှာဖြစ်ပါတယ်။ Program အလိုက် ကုန်ကျစရိတ်များမှာ-

6-year MD program
11 800 EUR for the1st year
11 600 EUR/year for years from the 2nd to the 6th

5-year DMD program
13 200 EUR for the 1st year
13 000 EUR/year for years from the 2nd to the 5th

3-year BSc Nursing
5 700 EUR for the 1st year
5 500 EUR/year for years from the 2nd to the 3rd

University Link – https://studymed.umed.pl/

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 21, 2021

သင်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ပြီး ဆေးပညာနယ်ပယ်ကို World Ranking ကောင်းကောင်းရထားတဲ့ ကျောင်းမှာ တက်ရောက်ချင်ပါသလား

ဒါဆိုရင်တော့ ပိုလန်နိုင်ငံမှာရှိတဲ့ World Ranking QS#801 ရှိပြီးTop-5 စာရင်းဝင် Nicolaus Copernicus University ကတော့ သင့်ရဲ့ပညာရေးအိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ ဖြစ်ပါတယ်နော်။

1945 တွင်တည်ထောင်ခဲ့သော Nicolaus Copernicus University သည် ပိုလန်နိုင်ငံ Toruń တွင်တည်ရှိပြီး ကျောင်းသားပေါင်း 30,000 ကျော်ပညာသင်ယူလျက်ရှိပါတယ်။ ပိုလန်ရှိ ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာဌာန ၃ ခုအပါအဝင် ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၁၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာကျောင်းသားများအတွက် ၂၀၀၉ ခုနှစ်တွင် ၆ နှစ်တက်ရောက်ရသော Full-degree Medical program ကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီး ထိုအချိန်မှစ၍ လူကြိုက်များခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်းတွင် ဆေးဘက်ဆိုင်ရာနယ်ပယ်များစွာအတွက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သူနာပြု၊ ပြင်ပလူနာကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ မိသားစုဆေးပညာ၊ ခွဲစိတ်ကုသမှု၊ အရေးပေါ်ဆေးပညာ၊ သားဖွားမီးယပ် အစရှိသောနယ်ပယ်မျိုးစုံကို သင်ကြားပေးပါတယ်။ Program အစ ပထမတစ်လတွင် biology, physics, chemistry, basics of Polish အစရှိသည်များကို preparatory course အဖြစ်သင်ကြားပေးပါတယ်။

ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေးနှင့်အားကစားသိပ္ပံနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များကို
မွေးထုတ်ပေးပြီး ရောဂါရှာဖွေခြင်း၊ လူနာကုသမှု၊ ကြိုတင်ကာကွယ်ရေးကျန်းမာရေးနှင့်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတို့နှင့်သက်ဆိုင်သည့်လက်တွေ့ကျသောကျွမ်းကျင်မှုများရရှိစေနိုင်ပါတယ်။

Program တက်ရောက်ဖို့အတွက် လိုအပ်ချက်တွေကတော့-

အထက်တန်းအောင်မြင်ပြီးကြောင်းလက်မှတ်မူရင်း
အမှတ်စာရင်းမူရင်း
IELTS 5.5
ကျောင်းဝင်ခွင့်ရရန်အတွက် နှုတ်ဖြေ ဖြေဆိုရန်လိုအပ်ပြီး Biology, Physics, Chemistry ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ A level မေးခွန်းများနှင့် ခန္ဓာဗေဒ ဆိုင်ရာ မေးခွန်းများ ကို ဖြေဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာများနှင့် သင်ထောက်ကူပစ္စည်းများရှိခြင်း၊ အခြားနိုင်ငံများနှင့် ယှဉ်လျှင် ကုန်ကျစရိတ်သက်သာခြင်း၊ အစိုးရဆေးရုံများတွင် လက်တွေ့ အလုပ်သင်ဆင်းရခြင်း၊ဥရောပနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားခြင်းတို့ကြောင့် ဆေးကျောင်းတက်ဖို့ စိတ်အားထက်သန်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

မြန်မာကျောင်းသားများကို 2021 October Intake အတွက်စတင်လက်ခံပေးနေပြီဖြစ်လို့ EEVS မှတစ်ဆင့် အမြန်ဆုံးဆက်သွယ်လျှောက်ထားလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 20, 2021

🇵🇱ပိုလန်နိုင်ငံမှာ ဆေးပညာသင်ယူဖို့ စိတ်အားထက်သန်သူတွေအတွက် Lublin မြို့တွင်တည်ရှိသော Medical University of Lublin (MUL) အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

📌၁၉၄၄ ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး ၁၉၉၅
ခုနှစ်တွင်နိုင်ငံတကာကျောင်းသားများကိုစတင်သင်ကြားပေးလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်တွင်နိုင်ငံပေါင်း ၅၀ ကျော်မှ MD နှင့် DDS ကျောင်းသားများအပါအဝင် ကျောင်းသားခုနစ်ထောင်ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

📌MUL ကို ပြည်တွင်းနှင့် EU ပညာရေးအဖွဲ့အစည်းများသာမက US Department of Education, Medical Board of California, New York State Education Department, FAIMER, Medical Councils of Thailand များနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

📌ဆေးပညာနယ်ပယ်အမျိုးမျိုးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတာနဲ့ တက်ရောက်နိုင်တဲ့ Program တွေကတော့-

၆နှစ်တက်ရောက်ရသော Medicine Degree program
၅နှစ်တက်ရောက်ရသော Dentistry Degree program
၃နှစ်တက်ရောက်ရသော Bachelor of Nursing Program
၃နှစ်တက်ရောက်ရသော Bachelor of Midwifery Program

📌Program များအသေးစိတ်ကို https://www.umlub.pl/en/candidates/program-offer/ တွင်ကြည့်နိုင်ပါတယ်။

📌Medical University of Lublin (MUL) တွင်တက်ရောက်နိုင်ဖို့အတွက် အထက်တန်းအောင်မြင်ပြီး
ကြောင်းအောင်လတ်မှတ်များနှင့် အမှတ်စာရင်းတွေပြပေးဖို့လိုအပ်တဲ့အပြင် ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

📌Medicine နှင့် Dentistry Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology, Chemistry, Mathematics, Physics ဘာသာရပ်များကို Multiple Choice Question အပုဒ်ရေ ၁၀၀ ကိုဖြေဆိုရပါမယ်။

📌Nursing/Midwifery Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology အတွက် မေးခွန်းအပုဒ် ၃၀ နှင့် မေးခွန်းအပုဒ်ရေ ၂၀ကို ( mathematics, physics or chemistry)မှ တစ်ဘာသာကိုရွေးချယ်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူးဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

အသေးစိတ်ကို https://www.umlub.pl/en/candidates/admission-requirements-and-procedures/
တွင်ကြည့်နိုင်ပါတယ်။

Intake Seasons – October, February

University Link – http://umlub.pl/en/university/about-us/

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 19, 2021

📌Richard Bland College (RBC) သည် ၂နှစ်တက်ရောက်ရသော public junior college ဖြစ်ပြီး College of William & Mary နှင့်ချိတ်ဆက်ထားကာ Prince George County, Virginia တွင်တည်ရှိပါတယ်။

📌Richard Bland College (RBC) သည် ကျောင်းသားများအတွက် liberal arts tradition အရ
ပညာရေးဆိုင်ရာတိကျခိုင်မာသည့်အစီအစဉ်များမှတစ်ဆင့် strategic partnerships များနှင့်အတူ Virginia မှာရှိတဲ့ ranking မြင့်တက္ကသိုလ်တွေကို တိုက်ရိုက် transfer တက်ရောက်နိုင်ဖို့အတွက် foundation program တွေကိုသင်ကြားပေးပါတယ်။

📌RBC Global Student Success Program မှာ၂နှစ်တက်ရောက်ပြီးလျှင် Associate Degree ရရှိမှာဖြစ်
ပြီး William & Mary တွင်သာမက Virginia မှာရှိတဲ့ universities နဲ့ colleges ၄၀ကျော်မှာ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး Bachelor Degree ရရှိမှာဖြစ်ပါတယ်။

📌တက်ရောက်နိုင်တဲ့ Associate Degree options တွေကတော့

Associate of Arts Degree (A.A.)
Associate of Science Degree (A.S.)
Associate of Science Degree – Behavioral Sciences (A.S.-Behavioral Science)
Associate of Science Degree – Business Administration (A.S.-Business Administration)
Associate of Science Degree – Math/Computer Science (A.S.-Math/Computer Science)
Associate of Science Degree – Physical Science (A.S.-Physical Science)
Associate of Science Degree – Life Science (A.S.-Life Science)
Associate of Science Degree – Clinical Lab Sciences (A.S.-Clinical Lab Sciences) တို့ပဲဖြစ်ပါတယ်။

📌Annual tuition fees (based on 30 credits per year) – $19710

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

အထက်တန်း ပညာရေး ၁၂နှစ်ပြီးမြောက်ရမည်။

GPA – US 2.5 GPA
IELTS- 5.5
TOEFL – 69
Pearson Versant – 50
Duolingo – 95

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 18, 2021

📌University of Massachusetts—Boston သည် ၁၉၆၄ တွင်တည်ထောင်ခဲ့သော public institution
တစ်ခုဖြစ်ပါတယ်။

📌ဘွဲ့ကြိုကျောင်းသားစုစုပေါင်း ၁၂,၅၉၅ ရှိပြီး ၁၂၀ဧက ကျယ်ဝန်းသော campus ရှိပါတယ်။
University of Massachusetts—Boston သည် ၂၀၂၁ ခုနှစ်အကောင်းဆုံးကောလိပ်များ အဆင့်သတ်မှတ်ချက်တွင် #227 ရရှိထားပါတယ်။

📌ကျောင်းသားဆရာအချိုး ၁၆: ၁ ဖြစ်ပြီးကျောင်းတွင် ၃၆.၅% သောစာသင်ခန်းများတွင် ကျောင်းသားဦးရေ ၂၀လောက်သာထားရှိပါတယ်။ Undergraduate နှင့် Graduate Program ပေါင်း ၁၅၀ကျော်ကိုဖွင့်လှစ်ပေးထားပြီး အထင်ရှားဆုံး ဘာသာရပ်နယ်ပယ်များမှာ-

Business, Management, Marketing, and Related Support Services
Health Professions and Related Programs
Psychology
Social Sciences
Biological and Biomedical Sciences

📌Application deadline သည် March 1ဖြစ်ပြီး Application fees 100 USD ကုန်ကျမှာဖြစ်ပါတယ်။

📌Program များတက်ရောက်လိုသူများအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-

TOEFL IBT- 79-80
IELTS- 6.0
SAT – 480 or higher

Intake Seasons – Fall and Spring

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 18, 2021

📌Queens College သည် liberal arts and sciences Program များစွာအတွက် national reputation ကောင်းကောင်းရှိပါတယ်။ Graduate and undergraduate degrees, honors programs, research opportunities များစွာကိုသင်ကြားပေးလျက်ရှိပြီး အလုပ်သင်အစီအစဉ်များပါထည့်သွင်းပေးထားကာ ကျောင်းသားပေါင်း ၂၀၀၀၀ကျော် ပညာသင်ယူလျက်ရှိပါတယ်။

📌New Yorkရှိ လှပပြီး ၈၀ ဧကကျယ်ဝန်းသည့် campus တွင်တည်ရှိပြီး Princeton Review တွင် ၂၈နှစ်တိုင်တိုင် “Best Value College” အဖြစ်သတ်မှတ်ခံရပါတယ်။ Queens Collegeကို U.S. News, World Report, Forbes magazine တို့ကလည်း “Best Value College” အဖြစ်သတ်မှတ်ပေးကြပါတယ်။

📌ကျောင်းသားဆရာအချိုး ၁၆း၁ရှိပြီး Pre-College programs, Undergraduate programs နှင့် Graduate programs များစွာကိုသင်ကြားပေးလျက်ရှိပါတယ်။
ထင်ရှားသော ဘာသာရပ်နယ်ပယ်များမှာ-

Arts & Humanities
Education
Mathematics and Natural Sciences
Social Sciences
Business & Liberal Arts အစရှိသည်တို့ဖြစ်ပါတယ်။

📌Application fees မှာUndergraduate များအတွက် 65 USD ကုန်ကျပြီး Graduateများအတွက် 75 USDကုန်ကျမှာဖြစ်ပါတယ်။

📌Program များတက်ရောက်လိုသူများအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-
TOEFL iBT – 61
TOEFL PBT – 500
IELTS – 6
PTE – 53
SAT/ACT Scores SAT Required ( Middle 50% Range 1060 -1220)
GMAT/GRE Required for certain programs

Intake – Fall, Spring

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 15, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ UKမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

UK ပညာရေးက ဘယ်ဘာသာရပ်နယ်ပယ်တွေအတွက် ဦးဆောင်နေသလဲ?

UK ပညာရေးသည် Engineering, science, art & design, business & management, law and finance စတဲ့ ဘာသာရပ်နယ်ပယ်များစွာအတွက် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။ 

UK Qualifications တွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလား?

UK တက္ကသိုလ်များမှ Degree များကို  ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး အရည်အသွေးမြင့် ပညာရေးကြောင့် ကျော်ကြားလှပါတယ်။

UK တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?

IELTS ကို UK မှာရှိတဲ့ တက္ကသိုလ်အဖွဲ့အစည်းအားလုံးနီးပါးက လက်ခံကြပါတယ်။ 98% သောတက္ကသိုလ်များသည်လည်း TOEFL နှင့် PTE Academic Test ကိုလက်ခံပေးပါတယ်။Score သတ်မှတ်ချက်တွေကတော့ မိမိလျှောက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားများအနေဖြင့် UK မှာကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်လုပ်လို့ရပါသလား?

ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်ကို နာရီ၂၀ part-time လုပ်ကိုင်နိုင်ပြီး ကျောင်းပိတ်နေတဲ့အချိန်တွေမှာ အချိန်ပြည့်လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် UK မှာပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

နိုင်ငံတကာကျောင်းသားတွေအတွက်Undergraduate Program များတက်ရောက်လျှင် £10,000 မှ £38,000 အတွင်းကုန်ကျနိုင်ပြီး  medical degrees များတက်ရောက်မည်ဆိုပါကပိုမိုကုန်ကျစရိတ်များနိုင်ပါတယ်။ Postgraduate Program များအတွက် £30,000 မှ £50,000 အတွင်းကုန်ကျနိုင်ပါတယ်။s Business, Engineering , Computer Science ဘာသာရပ်များသည် Journalism , Humanities စတဲ့ဘာသာရပ်တွေထက် အနည်းငယ်ပိုကုန်ကျနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships အခွင့်အရေးတွေရှိလား?

UK အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်လေ့ရှိသော Scholarships အများစုမှာ-

Chevening Commonwealth Scholarships

Fulbright Foreign Student Program

Edinburgh Global Research Scholarships အစရှိတာတွေပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 15, 2021

UK နိုင်ငံမှာ သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားတွေ အတွက်UK မှာ အသုံးများသော application များအကြောင်းကို ပြောပြပေးချင်ပါတယ်။

Stint

UK မှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေ part-time jobs တွေရှာတဲ့အခါ အသုံးဝင်တဲ့ app ဖြစ်ပါတယ်။ Stint သည် အလုပ်ရှာဖွေတဲ့ app တစ်ခုဖြစ်ရုံသာမကပဲ မိမိ study schedule နှင့် အားလပ်ချိန်များအပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ်များကိုရှာဖွေနိုင်မှာပါ။ Stint တွင်  retailersများစွာရှိပြီး     အချိန်ပိုင်းအလုပ်ခေါ်စာများကို မကြာခဏ ကြေညာသော စီးပွားရေးလုပ်ငန်းများစွာရှိပါတယ်။ ကျောင်းသားများသည် app တွင် အသေးစိတ်အချက်အလက်များကိုဖြည့်စွက်ပြီး မိမိနှင့် ကိုက်ညီမည့် အလုပ်အကိုင်များကိုစတင်ရှာဖွေနိုင်ပါတယ်။

University App

UK ရှိတက္ကသိုလ်အများစုတွင်ကိုယ်ပိုင် mobile app ရှိပါတယ်။ UK မှာပညာသင်ဖို့သွားတဲ့အခါ မဖြစ်မနေ download လုပ်ဖို့လိုအပ်တာကတော့ မိမိတက်ရောက်နေတဲ့ တက္ကသိုလ်က app ဖြစ်ပါတယ်။ပုံမှန်တက္ကသိုလ် app တွင်အီးမေးလ်၊ ဘာသာရပ်အချိန်ဇယား၊ ဟောပြောပွဲမှတ်စုများ၊တက္ကသိုလ်ရှိဖြစ်ရပ်များနှင့်ပတ်သက်သောအသိပေးချက်များနှင့်  campus mapများပါဝင်မှာဖြစ်ပါတယ်။

Too Good To Go

UK စားသောက်ဆိုင်တွေမှာ အစားအစာတွေပိုလျံပြီးကျန်နေတာနဲ့ ပတ်သက်ရင် တင်းကြပ်တဲ့ ဥပဒေတွေရှိပါတယ်။ မရောင်းရတဲ့ အစားအစာတွေကို ဆိုင်ပိတ်ချိန်မှာ စနစ်တကျစွန့်ပစ်ရပါတယ်။Too Good To Go ဆိုတာကတော့ တစ်နေ့တာအတွက်ပိုလျံနေတဲ့အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ့် restaurant တွေကို user တွေနဲ့ချိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီ app သုံးပြီး အစားအသောက်ကောင်းကောင်းတွေကို ကုန်ကျစရိတ်သက်သာစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Trainline

UK မှာပညာသင်နေတဲ့ ကာလအတွင်းမှာ tourist attractionနေရာတွေကို သွားရောက်လည်ပတ်တဲ့အခါ ရထားစီးပြီးလည်ပတ်တာကလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။Trainline  app တွင် UK နှင့်ဥရောပတစ်ခွင်ရှိ ရထားလတ်မှတ်တွေကို ဈေးနှုန်းချိုသာစွာဖြင့် booking တင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ရထားအခြေအနေကို တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ရထားအချိန်ဇယားများကိုစစ်ဆေးနိုင်သလို ရထားခရီးစဉ်များတွင်ငွေစုရန် SplitSave ကိုသုံးနိုင်ပါတယ်။

RefME

UK တက္ကသိုလ်တွေ မှာ ပညာရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်ပါတယ်။coursework အဖြစ်တင်သွင်းရတဲ့ Essay နဲ့ စာတမ်းတစ်စောင်ချင်းစီမှာ ရည်ညွှန်းစာအုပ်မှအကြောင်းအရာများကိုဖော်ပြရန် (သို့) ထည့်သွင်းရန်အတွက်သင့်လျော်သောအညွှန်းများအမြဲတမ်းပါဖို့လိုပါတယ်။RefME app ကဒါနဲ့ပတ်သက်ပြီး ကူညီနိုင်ပါတယ်။ RefME ကိုသုံးပြီး reference book တွေမှာရှိတဲ့ barcode တွေကို scan ပြီး တက္ကသိုလ်မှသတ်မှတ်ထားတဲ့ ပုံစံအတိုင်းထည့်သွင်းနိုင်ပါတယ်။ RefME သုံး၍ ဖတ်စာအုပ်များ၏ဓာတ်ပုံများကိုရိုက်ကူးပြီးစာသားကို  digital format အဖြစ်ပြောင်းနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar