fbpx
September 1, 2020
IELTS preparation classတွေကိုလည်းတက်ပြီးပြီ။ Practice test တွေလည်းဖြေကြည့်ပြီးပြီ။လိုအပ်သလောက်စာတွေလည်းလုပ်ပြီးပြီဆိုရင် ငါဘာတွေများ ထပ်လုပ်ဖို့လိုအပ်အုံးလိုမလဲလို့စဉ်းစားနေကြမှာပေါ့နော်။
IELTS စာမေးပွဲကို မနက်ဖြန်လိုမှာ ဖြေဆိုတော့မယ့်သူတွေအတွက် ဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေသွားပါမယ်။
 Take a break.
 ခဏလောက်တော့ အနားယူလိုက်ပါ။ ဦးနှောက်ကိုလည်းအနားပေးပါ။IELTS Examဟာ မှတ်ဉာဏ်ကိုမှတ်တဲ့ စာမေးပွဲတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ English language skill ဘယ်လောက်ရှိလဲဆိုတာကိုသာစစ်ဆေးတဲ့test ဖြစ်တဲ့ အတွက် အရမ်းကြီး ဖိအားတွေများနေမယ်ဆိုရင် စိတ်ပူပန်မှု
နဲ့ ဖိစီးမှုတွေ
ွအများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြေခင်တစ်ရက်မှာ ကိုယ့်ကိုကို အားဖြည့်ပါ။
Prepare what you need.
 အနားယူလို့ပြီးပြီဆိုရင် စာမေးပွဲမဖြေခင်ဘာတွေယူသွားရမလဲဆိုတာအဆင်သင့်လုပ်ပါ။ ကိုယ်ဘယ်လိုအစီအစဉ်နဲ့ စာမေးပွဲဖြေတဲ့နေရာကို သွားမယ်။ ကိုယ်ဘယ်အချိန်လောက်အိမ်ကနေထွက်မယ်။ Passport, National ID, Student ID စတဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေတစ်ခါထဲ ကြိုတင်ပြီး အိတ်တစ်အိတ်ထဲမှာစုထည့်ထားပါ။
 Be confident.
 စာမေးပွဲတစ်ခုကို မဖြေဆိုခင်မှာ စိတ်လှုပ်ရှားပြီး စိုးရိမ်တတ်ကြတာကျောင်းသားတိုင်းရဲ့ သဘာဝတစ်ခုပါ။ အရမ်းကြီးမစိုးရိမ်ပါနဲ့။ ကြံဖန်တွေးပြီးလဲမကြောက်ပါနဲ့။ ငါလုပ်နိုင်တယ်။ငါအကောင်းဆုံးဖြေမယ်ဆိုတဲ့ စိတ်ကိုသာထည့်ထားပါ။ Your positive thinking and action can lead the success.
ကဲ ဒီအချက် ၃ ချက်ကို စာမေးပွဲ မဖြေခင်မှာ လုပ်ကြည့်ဖို့မမေ့နဲ့နော်။
IELTS Exam ကို Band scores ကောင်းကောင်းနဲ့ အောင်မြင်အောင်ဖြေဆိုနိင်ကြပါစေလို့ EEVSမှ ဆုတောင်းလျက်
09751871587,09751871588,09751871589
Expert Education and Visa Services Myanmar
#Let‘s_plan_your_career_together
September 1, 2020

ပထမဆုံးအနေနဲ့ ကျောင်းသားအနေနဲ့ သြစတြေးလျရောက်ပြီဆိုလျှင် Expert ရဲ့ ရုံးကို သွားရောက်ပြီး ဘဏ်အကောင့်ဖွင့်တာတို့ Taxfile Registration လုပ်တာတို့ ပြုလုပ်ရပါတယ်။

သြစတြေးလျနိုင်ငံမှာ Part-Time ပဲ လုပ်လုပ် Full-Time ပဲလုပ်လုပ် မည်သူမဆို အခွန်ဆောင်ရတာ ဖြစ်သည့်အတွက် ဒီအတွက် မဖြစ်မနေ Registration ပြုလုပ်ရပါတယ်။

ပြီးရင်တော့ အချိန်ပိုင်းအလုပ်ကို ဘယ်လို ရှာဖွေမလဲ ဘယ်နေရာတွေမှာ ရှာဖွေမလဲ ဆိုတာနှင့် ပတ်သက်ပြီး Guide လုပ်ပေးပါတယ်။

ဒါတွေ ပြီးသွားရင် ဒေါ်လာ ၅၀ တန်ဖိုး ရှိတဲ့ တစ်ပတ်လောက် မြို့တွင်း Travel လုပ်လို့ ရတဲ့ Opal Card တစ်ကဒ် လက်ဆောင် ပေးသလို တစ်လစာ ဖုန်းဘေလ်ပါတဲ့ Vodafone Sim Card နှင့် Expert Goodies တွေလည်း လက်ဆောင် အဖြစ်ပေးပါတယ်။

မိမိသွားရမယ့် ကျောင်းလိပ်စာကို အသေးစိတ် ညွန်ကြားပေးသလို နေထိုင်စရာ နေရာနှင့် ပတ်သက်ပြီးလည်း လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။

Expert အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တာ၀န်ရှိသူ တစ်ဦးနှင့်လည်း ဆက်သွယ်ပေးထားမည် ဖြစ်သည့်အတွက် မိမိအနေနဲ့ တစ်စုံတစ်ရာ အကူအညီလိုအပ်ပါကလည်း တာ၀န်ရှိသူအား ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်

EEVS အနေဖြင့် ကျောင်းသား/ကျောင်းသူများ၏ အရည်အချင်းအလိုက် ထိုက်တန်သော အခွင့်အလမ်းမျိုးတွေကို ရရှိသွားရန် အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီ။

EEVS က ဘာတွေ ဆောင်ရွက်ပေးပါသလဲ

1. ကျောင်းသား/သူများကို ကျောင်းရွေးတာမှအစ ဗီဇာ ကိစ္စအဆုံးကို အခမဲ့ ဆောင်ရွက်ပေးပါတယ်။

2. ၁၈ နှစ်အောက်ကျောင်းသား/သူများအတွက် Guardian ကိစ္စအ၀၀ကို ဆောင်ရွက်ပေးပါတယ်။

3. Part-Time Job ရဖို့အတွက် အကူအညီ ပေးပါတယ်။

4. နေစရာ အိမ်၊အဆောင်ရှာဖွေဖို့ ကူညီပေးပါတယ်။

5. မြန်မာနိုင်ငံသာမကပဲ သြစတြေးလျကို ရောက်ရင်လည်း သြစတြေးလျမှာ ရှိတဲ့ ရုံးများမှ လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။

6. Visa သက်တမ်းတိုးတာမှအစ Work Visa အဆုံး ရရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။

7. ကျောင်းသားနဲ့ အတူတူ လိုက်ပါလိုတဲ့ မိဘများအတွက် Parent Visa ကိစ္စများကို အပြည့်အ၀ တာ၀န်ယူပေးပါတယ်။

ကျွန်တော်တို့၏ ၀န်ဆောင်မှုများတွင် Honesty, Quality, Integrity and Value အချက်လေးချက်ကို အမြဲဆောင်လေ့ရှိသောကြောင့် ကျွန်တော်သို့ ထံသို့ လာရောက် အကြံဥာဏ် ရယူသော ကျောင်းသားနှင့် ကျောင်းသားမိဘတိုင်းအတွက် မှန်ကန်ပြီး တိကျသေချာသော ၀န်ဆောင်မှုကို ပေးဆောင်ရန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အရာဖြစ်ပါသည်။

သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။

Location : No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung

Let’s Plan Your Career Together

📩 myanmar@experteducation.com.au
#RelyOnExpert

September 1, 2020
Professional Make-Up Artist အဖြစ်လျှောက်လှမ်းနိုင်မဲ့ အခွင့် အရေး
Beauty Design ပိုင်း ကို စိတ်ဝင်စားသူများ၊ မိတ်ကပ် ဆံပင် နှင့် ပတ်သတ်ပြီး professional အလုပ် လုပ်ကိုင်လိုသူများ အတွက် Canberra Institute of Technology မှာ တက်ရောက်နိုင် ဖို့  အခွင့်အရေး ရောက် ရှိလာပါ ပြီ။ Canberra Institute of Technology သည် သြစတေးလျနိုင်ငံ ၏ မြို့ တော် Canberra မှာ ရှိပြီး Paid Internship နှင့် အလုပ်အကိုင် အခွင့် အရေးများပြားသောမြို့  တစ်မြို့  လည်း ဖြစ်ပါတယ်။
Barber အဖြစ် လုပ်ကိုင် လိုသူများ အတွက် လိုအပ် သော ပညာရပ် များ၊ ဗဟုသုတများနှင့် လူမှု ပေါင်းသင်းဆက် ဆံရေး ပညာရပ် များကို သင် ကြားပေးသွားမှာ ဖြစ် ပြီး Professional Barber တစ် ယောက် ဖြစ်လာ အောင် လေ့ ကျင့်သင် ကြား ပေးသွားမှာ ဖြစ်ပါတယ်။ Semester ၂ ခု (တစ်နှစ်) စာသင် ကြားသွားမှာ ဖြစ် ပြီး Intake အနေနဲ့ ဖေဖော်ဝါရီလ မှာ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
မိတ်ကပ် ပိုင်းကိုစိတ် ၀င်စားသူများအတွက် လည်း မိတ်ကပ် ပိုင်းနှင့် ပတ်သတ် သော ပညာရပ် များ ကို လက်တွေ့ အသုံးချ လေ့ကျင့် ပေးသွားမှာ ဖြစ် ပြီး Professional Make-up artist တစ် ယောက် ဖြစ်လာ အောင်သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ မိတ်ကပ် ပညာရပ် ကို ၆ လ သင်ကြားရ မှာ ဖြစ် ပြီး 2020 February မှာ intake ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
Hairdressing ပိုင်းကို စိတ်ဝင်စားသူများ၊ ဆံပင် ထုံးဖွဲ့ မှု အပိုင်းနဲ့ ပတ်သတ် ပြီး လေ့လာလိုသူများ အနေနဲ့ လည်း တက် ရောက်နိုင်မှာ ဖြစ်ပြီး အရည် အချင်း ပြည့် မှီသော Hairdresser တစ်ယောက် ဖြစ်လာအောင် လေ့ကျင့် ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ အနေနဲ့  ၁နှစ်ခွဲ စာ ကြာမြင့် မှာ ဖြစ် ပြီး Semester ၂ခုစာသင်ကြားသွားမှာ ဖြစ်ပါတယ်။
Beauty Therapy ပိုင်းကို စိတ် ၀င်စားသူများအတွက် Certificate program နဲ့  Diploma program ကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ Beauty Therapy ပိုင်းမှာ တော့ အလှအပဆိုင်ရာကုထုံးများ၊ Body message၊ Nail Treatments အစရှိတဲ့ လိုအပ် သောပညာရပ်များကို လက် တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Certificate Program နှင့် Diploma Program အတွက် တစ်နှစ် စီ ကြာမြင့်မှာ ဖြစ်ပြီး Semester နှစ်ခုစီ လေ့လာသင်ကြားရ မှာဖြစ်ပါတယ်။
လေ့လာသင်ယူနိုင်မဲ့ ဘာသာရပ် များကတော့
Certificate III in Barbering
Certificate III in Make-Up
Certificate III in Hairdressing
Certificate IV in Beauty Therapy
Diploma of Beauty Therapy
အထက်ပါ သင်တန်းများ ကို ပညာအရည် အချင်း ၁၂ တန်း (သို့ မဟုတ်) ညီမျှ သော ပညာ အရည် အချင်း ရှိသောသူများ တက် ရောက်နိုင်ပြီး IELTS 5.5 အနည်း ဆုံးရှိရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့၏ ဝန်ဆောင်မှုများတွင် Honesty, Quality, Integrity and Value အချက်လေးချက်ကို အမြဲဆောင်လေ့ရှိသောကြောင့် ကျွန်တော်သို့ ထံသို့ လာရောက် အကြံဉာဏ် ရယူသော ကျောင်းသားနှင့် ကျောင်းသားမိဘတိုင်းအတွက် မှန်ကန်ပြီး တိကျသေချာသော ဝန်ဆောင်မှုကို ပေးဆောင်ရန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အရာဖြစ်ပါသည်။
September 1, 2020

၁. သြစတြေးလျနိုင်ငံ ပညာရေးသည် ကမ္ဘာ့အဆင့်မှီပြီး ကျောင်းများတွင် ကမ္ဘာ့အဆင့်မှီ ပညာရပ်များကို သင်ယူခွင့်ရရှိနိုင်သည်။

၂. တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသော ဘွဲ့ဒီဂရီများကို ရရှိနိုင်သည်။

၃. ပညာသင်ပြီးနောက် ၂ နှစ် သို့မဟုတ် ၃ နှစ် အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်သည်။

၄. ကျောင်းတက်နေစဉ်ကာလအတွင်း တရား၀င် အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်သည်။

၅. ရေရှည်မှာ နိုင်ငံသား အဖြစ် လျှောက်ထားခွင့် ရရှိနိုင်သည်။

၆. ကျောင်းတက်နေစဉ်ကာလအတွင်း နွေရာသီ ပိတ်ရက်၌ အလုပ်လုပ်ကိုင်လိုပါက ၃လ သို့မဟုတ် ၄လ တိတိ အချိန်ပြည့်လုပ်ကိုင်နိုင်သည်။

၇. ပထမ ခြောက်လကျောင်းစရိတ် သွင်းပြီး တက်ရောက်နိုင်သည်။

၈. အင်္ဂလိပ်စကားပြောနိုင်ငံတွင် ပညာသင်ကြားခွင့် ရရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုကို မြန်မြန် တတ်မြောက်နိုင်သည်။

၉. နှစ်စဉ် မြန်မာကျောင်းသား ၁၇၀၀ ကျော် ပညာသင်ကြားနေသော နိုင်ငံတစ်ခု ဖြစ်သည်။

၁၀. သြစတြေးလျသည် နယူးဇီလန်နိုင်ငံပြီးလျှင် အမျိုးသမီးများကို မဲပေးခွင့်ပေးသော ဒုတိယနိုင်ငံဖြစ်သည်။

၁၁. Australia ဆိုသည့် နာမည်သည် “ Australis” ဆိုသည့် လက်တင်ဘာသာစကားမှ ဆင်းသက်လာသည် ဖြစ်ပြီး “ Southern” ဟု အဓိပ္ပါယ်ရသည်။

၁၂. သြစတြေးလျနိုင်ငံသည် ၇.၆ သန်း ကီလိုမီတာ ကျယ်၀န်းပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက် အကြီးမားဆုံးနိုင်ငံဖြစ်သည်။

၁၃. သြစတြေးလျနိုင်ငံ၏ လူဦးရေသည် ၂၀၁၉ စစ်တမ်းအရ ၂၅.၂ သန်း ကျော် ရှိသည်။

၁၄. သြစတြေးလျနိုင်ငံတွင် ကမ်းခြေပေါင်း ( Beaches ) ၁၁၀၀၀ ကျော် ရှိသည်။

၁၅. သြစတြေးလျနိုင်ငံ၏ မဲလ်ဘုန်းမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး နိုင်ငံအဖြစ် ၂၀၁၀ မှ ၂၀၁၆ အထိ ခုနှစ်နှစ်ကြာ ရပ်တည်လာခဲ့သည်။

၁၆. ၂၀၁၈/၁၉ နွေရာသီသည် သြစတြေးလျနိုင်ငံ သမိုင်းတစ်လျှောက် အပူဆုံးနွေရာသီ အဖြစ် မှတ်တမ်း၀င်ခဲ့သည်။

၁၇. သြစတြေးလျနိုင်ငံ လူဦးရေ၏ ၂၅% သည် အခြားသော နိုင်ငံများမှ ရွှေ့ပြောင်းလာရောက်နေထိုင်သောသူများ ဖြစ်သည်။

” Education is the most powerful weapon you can use to change the world.”

သင့်အိပ်မက်က နိုင်ငံခြားမှာ ကမ္ဘာ့အဆင့်မှီ ပညာရပ်တွေကို သင်ယူနိုင်ဖို့လား ?? ကျွန်တော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒက သင့်ရဲ့ အိပ်မက် ခရီးလမ်းကြောင်းမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်ကူညီပေးဖို့ပါ။

EEVS သည် မြန်မာကျောင်းသားတွေအတွက် မြန်မာနိုင်ငံတွင် လိုအပ်သည့် အင်္ဂလိပ်စာသင်တန်းများ, ကျောင်းရွေးချယ်ခြင်း ဗီဇာ လျှောက်ထားခြင်း သြစတေးလျနိုင်ငံရောက်လျှင်လည်း လိုအပ်သည့် Career Counselling, Internship Placement, Part-Time Job Search, Tax Return, Work Visa နှင့် အခြားသော အကြံပေးမှုများကို ဆောင်ရွက်ပေးနေပါသည်။

သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။ 

Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together

September 1, 2020
Adelaide ဟာဆိုရင် သြစတြေးလျနိုင်ငံရဲ့ Budget City လို့ နာမည်ကြီးပြီး CBD အတွင်းမှာလည်း Public Transportation က အခမဲ့ ဖြစ်တာကြောင့် ကုန်ကျစရိတ် သက်သက်သာသာနဲ့ သြစတြေးလျမှာ ပညာသင် သွားရောက်ဖို့ စဉ်းစားနေတဲ့သူတွေနဲ့ ပညာသင်သွားရောက်ဖို့ စဉ်းစားသင့်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
Adelaide မှာ နေထိုင်စားသောက်စရိတ် ဘယ်လောက် ရှိပါသလဲ?? အောက်ပါ ပုံမှာ နေထိုင်စားသောက်စရိတ်ကုန်ကျငွေကို အသေးစိတ် ဖော်ပြပေးထားပါတယ်။
EEVS Myanmar နှင့် EEVS Adelaide တို့မှ သင့်အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပေးဆောင်ဖို့ EEVS Myanmar နဲ့ Adelaide တို့အသင့် ဖြစ်နေပါပြီ။
Adelaide မှာ ရှိတဲ့ University နှင့် College များအကြောင်း အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။
သင့်အတွက် ကျောင်း‌‌ေလျာက်သည်မှ စတင်၍ ဗီဇာ ကိစ္စ ,လေယာဉ်လက်မှတ်ဖြတ်ခြင်း , နေထိုင်စရာနေရာရှာဖွေခြင်း , အချိန်ပိုင်းအလုပ် ရှာဖွေနည်း၊ လေဆိပ်အကြို
ကိစ္စအ၀၀ကို ဆောင်ရွက်ပေးနေပါပြီ။
သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။
Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
#Let’s Plan Your Career Together
#Rely on Expert
September 1, 2020
၁. Self-Depedent ဖြစ်အောင် ကြိုးစားပါ
မိမိက နိုင်ငံရပ်ခြားမှာ ပညာသင်ယူမယ် ဆိုလျှင် အရင်ဆုံး ကိုယ်သွားမယ့် နိုင်ငံနဲ့ မြို့ကို ရွေးကြရပါတယ်။ ဒီနေရာမှာ တော်တော်များများက မိသားစု ဆွေမျိုးသားချင်း ရှိ၍ ဖြစ်စေ သူငယ်ချင်းတွေ ရောက်နှင့်နေသည် ဖြစ်စေ သက်ဆိုင်ရာမြို့ကို ရွေးချယ်လေ့ရှိကြတယ်။ သူငယ်ချင်း ဆွေမျိုးသားချင်းများ ရှိခြင်းများသည် မိမိအတွက် တစ်ပန်းသာစေသည် မှန်သော်လည်း နိုင်ငံရပ်ခြားတွင် လူတိုင်းသည် မိမိအလုပ်နှင့် မိမိ ရှုပ်နေကြသည် ဖြစ်၍ တတ်နိုင်လျှင် ဒါတွေထက် မိမိက ဘာဖြစ်ချင်တာ ကျောင်းပဲတက်ရောက်ချင်တာ သို့ ကျောင်းတက်ပြီးနောက် ရေရှည်မှာ အလုပ်လုပ်ချင်တာမျိုးဆိုပါက မိမိအတွက် ဘယ်မြို့က ပိုပြီး အခွင့်အရေးတွေ များမှာလဲ ဆိုတာကို ပိုပြီး ဦးစားပေးရွေးချယ်သင့်သည်။ လူတိုင်းက အတိုင်းအတာ တစ်ခုထိ ကူညီနိုင်သည် မှန်သော်လည်း ရေရှည်မှာ မိမိကိုယ်သာ အားကိုးရမည် ဖြစ်၍ သင်က ကိုယ့်အားကိုယ် ကိုးတတ်ပြီလားလို့ ကိုယ့်ကိုကိုယ် မေးမြန်းသင့်ပါသည်။
၂. ဘာသာစကားကို အထိုက်အလျောက် ပြောနိုင်အောင် ကြိုးစားပါ
မိမိသွားရောက်မည့် နိုင်ငံ၏ ဘာသာစကားကို အထိုက်အလျောက် ပြောနိုင်အောင် ကြိုးစားထားသင့်ပါသည်။ ကျောင်းတတ်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား အလုပ်ရဖို့လွယ်လား ဒီလို မေးခွန်းတွေ မမေးမှီ မိမိအနေနဲ့ အတိုင်းအတာတစ်ခုအထိ သူတစ်ပါးပြောတာကို နားလည်နိုင်ပြီလား သို့ ပြန်ပြောနိုင်ပြီလားကို မိမိကိုယ်ကို ဆန်းစစ်သင့်ပါသည်။ ဘာသာစကားကို အထိုက်အလျောက် သို့ ကျွမ်းကျင်စွာ တတ်ရောက်ထားခြင်းက မိမိကြုံတွေ့ရမည့် အခက်အခဲ ၆၀% လောက်ကို ဖြေရှင်းဖို့ အကူအညီ ပေးနိုင်ပါသည်။
၃. သွားရောက်မည့် နိုင်ငံအကြောင်း လေ့လာပါ
မိမိသွားရောက်မည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းကို ထဲထဲ၀င်၀င် လေ့လာထားသင့်ပါသည်။ ပညာရေးသည် မိမိသတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီသော နိုင်ငံဖြစ်ရဲ့လား နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ သွားရောက် သင်ကြားမှု ရာခိုင်နှုန်း ဘယ်လောက်အထိ ရှိနေပြီလဲ သူတို့တွေရဲ့ အတွေ့အကြုံတွေက ဘယ်လို ရှိခဲ့ပါသလဲ နိုင်ငံတကာ ကျောင်းသားတစ်ယောက်အတွက် အခွင့်အရေး ဘယ်လို ရှိပါသလဲ အစရှိသည်ကို အသေးစိတ် လေ့လာထားသင့်ပါသည်။
September 1, 2020

၁. ကိုယ့်အားကိုယ်ကို မကိုးတတ်ခြင်း

သင်က ဘယ်အရာမဆို ကိုယ့်အားကိုယ် မကိုးတတ်သေးဘူး အသေးအမွှားအရာတွေကအစ သူများဆီကို အားကိုးအားထားတတ်တဲ့ အကျင့်ရှိတယ် ပြသာနာ သေးသေးလေးကအစ ကိုယ်တိုင် မဖြေရှင်းတတ်သေးဘူးဆိုရင်တော့ သင့်အနေနဲ့ နိုင်ငံခြားကို ပညာသင်သွားရောက်ဖို့ အသင့် မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။

၂. ဆင်ခြေဆင်လက် ပေးလွန်းခြင်း

သင်က ကြိုးစားရုန်းကန်လိုစိတ် မရှိဘူး စိတ်အားထက်သန်မှု မရှိဘူး အချိန်ကို လေးလေးစားစားနဲ့ အသုံးမချတတ်သေးဘူး အခွင့်အရေးတွေကို လက်ကိုင် မရယူတတ်သေးဘူးဆိုရင်လည်း သင်က နိုင်ငံခြားကို ပညာသင်သွားရောက်ဖို့ အသင့် မဖြစ်သေးပါဘူး။

၃. ဘာသာစကား အားနည်းလွန်းခြင်း

ဒါကတော့ အခုနှောက်ပိုင်းဆိုရင် နိုင်ငံခြားမှာလည်း ဘာသာစကားကို သင်ယူလို့ ရတဲ့အတွက် ပြသာနာတစ်ခု မဟုတ်ပေမယ့် အခြေခံကိုတောင် အနိုင်နိုင်ဆိုရင်တော့ သင့်အနေနဲ့ မိခင်နိုင်ငံမှာပဲ လပိုင်းကြာ အရင်လေ့လာပြီးမှ ပညာသင် သွားသင့်ပါတယ်။

၄. အသစ်အသစ်တွေကို သင်ယူလိုစိတ် မရှိခြင်း

နိုင်ငံခြားကို ပညာသင် သွားရောက်မည်ဆိုလျှင် သင့်အနေနဲ့ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ လူတွေရဲ့ နေထိုင်ပြောဆိုပုံတွေကို မိခင်နိုင်ငံနှင့် မတူ တမူကွဲပြားစွာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် မိမိအနေနဲ့ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေစိတ် အသစ်အသစ်တွေကို လေ့လာသင်ယူလိုစိတ်ကို အမြဲမွေးမြူထားဖို့ လိုအပ်ပါတယ်။

၅. အခက်အခဲတွေကို ရင်ဆိုင်လိုစိတ် မရှိခြင်း

မိမိအနေနဲ့ နေရာသစ်တစ်ခုကို ဖြစ်ဖြစ် တိုင်းတစ်ပါးကို ဖြစ်ဖြစ် ပညာသင် သွားရောက်မည် ဆိုလျှင် အစပိုင်းမှာ အနည်းငယ်သော အခက်အခဲတွေကို ကြုံတွေ့ရမည်မှာ ကြိုတင် မှန်းဆထားသင့်သော အရာတစ်ခုဖြစ်သည်။ ဒီအတွက် မိမိအနေနဲ့ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်စွာ ရင်ဆိုင်တတ်ဖို့ လိုအပ်ပါသည်။

၆. ပေါင်းသင်း ဆက်ဆံရေး အားနည်းခြင်း

သင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမှာ အားနည်းတယ် တစ်ဦးတစ်ယောက်တည်း နေတတ်တာမျိုးဆိုရင် ပြသာနာ မဟုတ်ပေမယ့် မိမိအနေနဲ့ အမြဲ ဒီလို ပြုမူ ကျင့်ကြံနေပါက Career, အလုပ်အကိုင် အခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်ပါတယ်။ ဒီအတွက် မိမိအနေနဲ့ လူတောတိုးတက်ဖို့ လိုပါတယ်။

#စေတနာဖြင့်
#EEVS

September 1, 2020

🌏 ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား❓❓

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ ❓❓

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ်လိုရှာလို့ ရပါသလဲ❓❓

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ❓❓

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ ❓❓

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ ❓❓

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။ာင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ

အကယ်၍ မိမိဘက်ကနေ တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ တက်ချင်သောကျောင်း ဗီဇာအစရှိသဖြင့် ကိစ္စအ၀၀ကို သင်သြစတြေးလျ မရောက်မချင်း Expertမှ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျကို ထွက်လာခါနီး ဘာတွေ ပြင်ဆင်ထားရမှာလဲ

မိမိအနေနဲ့ ပညာသင်ထွက်လာခါနီးဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ passport, မိမိတက်ရောက်မည့် University သို့ institution မှ လက်ခံရရှိထားသော COE ( Confirmation Of Enrolment ) Letter, ကျောင်းအောင်လက်မှတ်, သြစတြေးလျရောက်ရင် မိမိနေထိုင်မည့် နေရာလိပ်စာ , အစရှိသဖြင့် အရေးကြီးတဲ့ စာတမ်းတွေကို ယူခဲ့ဖို့ မမေ့ဖို့ရယ် မိမိသွားရောက်မည့် နေရာဒေသရဲ့ ရာသီဥတုကို အင်တာနက်ကနေ ကြည့်ပြီး သင့်လျော်မယ့် အ၀တ်အစား, ငွေကြေးအနည်းငယ် အစရှိသဖြင့် ပြင်ဆင် ထားသင့်ပါတယ်။

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ PR ကော လျှောက်လို့ရပါသလား

ရပါတယ်လို့ပဲ ပြောရပါမယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။

သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း40000 ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587

No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert

ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ်လိုရှာလို့ ရပါသလဲ

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။

ကျောင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ

အကယ်၍ မိမိဘက်ကနေ တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ တက်ချင်သောကျောင်း ဗီဇာအစရှိသဖြင့် ကိစ္စအ၀၀ကို သင်သြစတြေးလျ မရောက်မချင်း Expertမှ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျကို ထွက်လာခါနီး ဘာတွေ ပြင်ဆင်ထားရမှာလဲ

မိမိအနေနဲ့ ပညာသင်ထွက်လာခါနီးဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ passport, မိမိတက်ရောက်မည့် University သို့ institution မှ လက်ခံရရှိထားသော COE ( Confirmation Of Enrolment ) Letter, ကျောင်းအောင်လက်မှတ်, သြစတြေးလျရောက်ရင် မိမိနေထိုင်မည့် နေရာလိပ်စာ , အစရှိသဖြင့် အရေးကြီးတဲ့ စာတမ်းတွေကို ယူခဲ့ဖို့ မမေ့ဖို့ရယ် မိမိသွားရောက်မည့် နေရာဒေသရဲ့ ရာသီဥတုကို အင်တာနက်ကနေ ကြည့်ပြီး သင့်လျော်မယ့် အ၀တ်အစား, ငွေကြေးအနည်းငယ် အစရှိသဖြင့် ပြင်ဆင် ထားသင့်ပါတယ်။

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ PR ကော လျှောက်လို့ရပါသလား

ရပါတယ်လို့ပဲ ပြောရပါမယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။

သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း40000 ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

09751871588, 09790839290, 09751871587

No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert

September 1, 2020
သြစတြေးလျနိုင်ငံတွင် Sydney, Melbourne နှင့် Brisbane တို့မှ အပ ကျန်သည့် မြို့များကို Regional လို့ သတ်မှတ်ထားပြီး ဒီအထဲမှာ Canberra, Perth, Adelaide, Darwin, Hobart တို့လို မြို့ကြီးများလည်း ပါ၀င်ပါတယ်။
ဒီလို Regional တွေကို သွားရောက်တဲ့အတွက် ဘယ်လို အခွင့်အရေးတွေ ရရှိနိုင်ပါသလဲ ??
နေထိုင်စားသောက်စရိတ် သက်သာနိုင်ပါတယ်။
Transportation Fees သက်သာနိုင်ပါတယ်။
Postgraduate work visa ကို Sydney, Melbourne တို့နှင့်မတူဘဲ သုံးနှစ်တိတိ ရရှိနိုင်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့် လျှောက်ဖို့ ပိုပြီးတော့ လွယ်ကူပါတယ်။
ကျောင်းတွေကော ဘယ်လို ရွေးချယ်ခွင့် ရှိပါတယ်။
Canberra မှာ ဆိုရင် Australian National University, University of Canberra, Canberra Institute of Technology, Canberra Business and Technology College, Australian Capital College, Crown Institute of Business and Technology Canberra, Unity College Australia တို့လို ထိပ်တန်း တက္ကသိုလ်များနှင့် ကောလိပ်များမှာ တက်ရောက်ခွင့် ရယူနိုင်ပါတယ်။
Perth မှာ ဆိုရင် Curtin University, Edith Cowan University, University of Western Australia, Southern Cross University, TAFE Western Australia, Engineering Institute of Technology, Kingston College, Academies Australasia, Lead College, Stott’s College, Murdoch Institute of Technology တို့လို ထိပ်တန်း တက္ကသိုလ်များနှင့် ကောလိပ်များမှာ တက်ရောက်ခွင့် ရယူနိုင်ပါတယ်။
Adelaide မှာဆိုရင်လည်း Flinders University, Torrens University, University of Adelaide, University of South Australia, Kaplan Business School, Australian Ideal College, Aspen College, Sheffield College, Queensford College, English College of Adelaide, Adelaide Institute of Business and Technology တို့လို ထိပ်တန်း တက္ကသိုလ်များနှင့် ကောလိပ်များမှာ တက်ရောက်ခွင့် ရယူနိုင်ပါတယ်။
Darwin မှာ ဆိုရင်လည်း Charles Darwin University, International House Business College, Australian Careers College, တို့လို ထိပ်တန်း တက္ကသိုလ်များနှင့် ကောလိပ်များမှာ တက်ရောက်ခွင့် ရယူနိုင်ပါတယ်။
EEVS မှ လျှောက်ထားခြင်းဖြင့်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
မိမိနှစ်သက်ရာ ကောလိပ်၊ တက္ကသိုလ်များကို စိတ်တိုင်းကျ လျှောက်ထားနိုင်ခြင်း။
• ကျောင်းလျှောက်သည်မှ စတင်ပြီး ဗီဇာ ‌ကိစ္စ အ၀၀ကို အခမဲ့ လျှောက်ထားပေးခြင်း
• လေဆိပ်သို့ လာရောက်ကြိုဆိုပေးခြင်း
• နေထိုင်စရာနေရာ အသေးစိတ် စီစဉ်ပေးခြင်း
• မိမိ Budget နှင့် ကိုက်ညီသော ကျောင်းများကို ရှာဖွေနိုင်ရန် ကူညီပေးခြင်း
• အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် စီစဉ်ပေးခြင်း
• အချိန်ပိုင်း အလုပ်အကိုင်များနှင့် ပတ်သက် ၍ Training များ ပေးခြင်း
• ကျောင်းပြီးသွားလျှင်လည်း အလုပ်အကိုင်ဗီဇာနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုရယူနိုင်ခြင်း
• သြစတြေးလျနိုင်ငံတွင်လည်း လိုအပ်သော အကူအညီများ ထပ်မံရယူနိုင်ခြင်း
နှင့် အခြားသော အခွင့်အရေးများကို ရရှိနိုင်ပါသည်။
သင်လည်း သြစတြေးလျမှာ ပညာသင်ယူဖို့ အိပ်မက်မက်နေပါသလား ?? EEVS ရဲ့ အပြင်းပြဆုံး ဆန္ဒက သင့်ရဲ့ အိပ်မက်ခရီးလမ်းကြောင်းမှာ ထောင့်တစ်နေရာကနေ ပါ၀င်ကူညီပေးဖို့ပါ။
သင့်အတွက် ကျောင်းလျှောက်သည်မှ စတင်၍ ဗီဇာ ကိစ္စ ,လေယာဉ်လက်မှတ်ဖြတ်ခြင်း , နေထိုင်စရာနေရာရှာဖွေခြင်း , အချိန်ပိုင်းအလုပ် ရှာဖွေနည်း၊ လေဆိပ်အကြို
ကိစ္စအ၀၀ကို ၀န်ဆောင်ခအခမဲ့ဖြင့် ဆောင်ရွက်ပေးနေပါပြီ။
#let‘s plan your career together
September 1, 2020
မိမိတက်ရောက်ထားသော ဘာသာရပ်နှင့် မြို့အလိုက် မိမိရရှိတဲ့ ဗီဇာနှုန်းထားက ကွာခြားမှု ရှိပါတယ်။
Post-Graduate Program (Bachelor, Master or Doctorate) ပြီးထားတဲ့ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Sydney, Melbourne, Brisbane တို့မှာ ဆိုရင် နှစ်နှစ်ကြာ အလုပ်ဗီဇာ ရရှိပြီး Canberra, Perth, Adelaide, Hobart တို့မှာဆိုရင် ၃ နှစ် အထိ ရရှိကြပြီး အခြားသော Regional State ကို သွားရောက်ပါက လေးနှစ်အထိ ရရှိနိုင်ပါတယ်။
နောက်တစ်ခုဖြစ်တဲ့ Graduate Work Stream (skills and qualifications က specific occupation list ထဲပါ၀င်သူ ဥပမာ – Early Childhood, Commercial Cookery) တို့လို ဘာသာရပ်တွေ ပညာသင်ယူသူတွေအနေနဲ့ ဆိုရင်တော့ နှစ်နှစ်ကြာ Certificate နှင့် Diploma ပြီးရုံနှင့် ၁၈လကြာ အလုပ်ဗီဇာ
ရရှိနိုင်ပါတယ်။
ဒီဗီဇာ နှစ်ခုလုံးကို Subclass – 485 လို့ခေါ်ပါတယ်။
သင်ကော လက်ရှိ သြစတြေးလျမှာ ပညာသင်ယူနေပြီလား ??
အခုမှ သင်ယူဖို့ စဉ်းစားနေတုန်းလား ??
သင်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ သင်ပညာသွားရောက်မယ့် မြို့နဲ့ဆိုရင် သင့်အနေနဲ့ ဘယ်လို အခွင့်အရေးတွေကို ရရှိနိုင်သလဲဆိုတာကို သိရှိလိုပါက 09790839290 ကို ဆက်သွယ်ပြီး EEVS ရဲ့ Qualified Education Counselor များထံမှ အခမဲ့
အကြံဥာဏ်များ ရယူနိုင်ပါပြီ။