fbpx
September 25, 2021

Drexel University သည် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Philadelphia, Pennsylvania တွင်တည်ရှိပါတယ်။  ၁၈၉၁ ခုနှစ်တွင် Drexel Institute of Art, Science and Industry အဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၃၆ တွင် Drexel Institute of Technology ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ Drexel University အဖြစ်ကိုတော့ ၁၉၇၀ ခုနှစ်တွင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Drexel University သည် အမေရိကန်နိုင်ငံတွင်းရှိ ထိပ်တန်း ပုဂ္ဂလိက ၁၅ ခုတွင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျောင်းသား/သူပေါင်း ၂၄၀၀၀ ကျော်သည် undergraduate programs ပေါင်း ၇၀ ကျော်နှင့် master’s, doctoral နှင့် professional programs ပေါင်း ၁၀၀ ကျော်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/သူများ၏ degree program များအလိုက် paid, full-time နှင့် part-time job များကို စီစဥ်ပေးလျက်ရှိပါတယ်။

Drexel University ကို

  • College Of Arts and Sciences, 
  • School of Biomedical Engineering,
  • Science and Health Systems, 
  • Lebow College of Business,
  • College of Computing & Informatics,
  • School of Education, and
  • College of Engineering တို့ဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ဘာသာရပ်များမှာ Mechanical Engineering, Accounting, Nursing စသော ဘာသာရပ်များဖြစ်ပါတယ်။ 

Tuition Fees အနေနဲ့ Undergraduate – 54,615 USD, Graduate – 36,021 USD ကျသင့်နိုင်မှာပဲ ဖြစ်ပါတယ်။ Intake များအနေဖြင့် Fall Intake, Winter Intake နှင့် Spring Summer Intake စသဖြင့် စာသင်နှစ်များကို သတ်မှတ်ထားပါတယ်။ 

Drexel University Ranking ၏ rankings များမှာ

#133-National University Ranking – US News & World Report 2021

#387-Global Universities – US News & World Report 2021

#351-400-University Ranking – THE (Times Higher Education) 2021

#601-650 -World University Ranking – QS 2021

#301-400 Universities Rankings – ARWU (Shanghai Ranking) 2020

 

University Website Link – https://drexel.edu 

တက်ရောက်နိုင်သော Degree program များကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://drexel.edu/search/?q=course is&t=web& 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 25, 2021

နိုင်ငံတကာမှာပဲဖြစ်စေ၊ မြန်မာနိုင်ငံပြန်ပြီးပဲ Service industry ထဲဝင်ရောက်၍ဖြစ်စေ အလုပ်လုပ်ကိုင်လိုသူများအတွက် Canada နိုင်ငံ St.Lawrence College ကပေးအပ်မယ့် Ontario College Diploma (Hospitality) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

 

အဆိုပါ Diploma ကို သက်တမ်းရင့် Professor ကြီးများအပြင် လက်တွေ့လုပ်ငန်းခွင်၌ ဦးစီးလုပ်ကိုင်နေသော Supervisor, Manger များက စာတွေ့နှင့် လက်တွေ့ပူးပေါင်း၍ Accommodations Management, Food and Beverage Management, Specialized Marketing, Conferencing and Banqueting, and Financial Management အစရှိသောဘာသာရပ်များကို workplace ready ဖြစ်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။

 

ကျောင်းသား/သူများအနေနဲ့ Diploma ကိုအောင်မြင်ပြီးပါက ကျောင်းနှင့် ချိတ်ဆက်ထားသော လုပ်ငန်းများ တွင်အလုပ်ရရှိနိုင်ရန်လျောက်ထားနိုင်ပါတယ်။ 

အလုပ်ရရှိနိုင်သောအလုပ်နယ်ပယ်များမှာ-

Airlines

Cruise Ships

Casinos

Hotels, Inns, Clubs, Spas and Resorts

Convention and Conference Centres

Catering Companies

Bed and Breakfasts

Restaurants, Bars, Cafes

Hospitality Management Facilities တို့မှာပဲဖြစ်ပါတယ်။ 

 

အလုပ်မလုပ်လိုပဲ Bachelor ကိုဆက်လက်တက်ရောက်လိုသူများအတွက်လည်း College GPA 3.0 ရရှိပါက Victoria ပြည်နယ်၏ အဆင့် 2 University ဖြစ်သော Royal Roads University တွင် B.A (International Hotel Management) နှင့် B.A (Global Tourism Management) တို့တွင် Year 3 ကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ 

 

ဤ Hospitality Diploma သည် 2 နှစ်တက်ရောက်ရမှာဖြစ်ပြီး Intakes များအနေနဲ့ ကတော့ May နှင့် September ဟူ၍နှစ်ခုရှိမှာပါ။ International Students များအတွက် Annual Tuition Fees ကတော့ CA$ 16,958 ကျသင့်မှာပါ။

 

တက်ရောက်လိုသော နိုင်ငံတကာကျောင်းသား/သူများအတွက် လိုအပ်သည့် English Requirements များကတော့

(IELTS) – Academic (Overall 6.0 with no band less than 5.5)

TOEFL Internet-based Test (iBT) or Home Edition – Overall 78

TOEFL Computer-based Test – Overall 213

Pearson English Test (PTE) – 55

Duolingo – 105 

တို့ကိုရရှိထားဖို့တော့လိုပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 24, 2021

▪️Civil Engineering ဘာသာရပ်ကို တက်ရောက်လိုသူများအတွက် အမေရိကန်နိုင်ငံရှိ University of Massachusetts,Lowell တွင် တက်ရောက်နိုင်သော M.Sc Civil Engineering Program ကို ဖော်ပြပေးလိုက်ပါတယ်။ 😇

▪️M.Sc Civil Engineering ဘာသာရပ် ကို University of Massachusetts Lowell မှ  ခေတ်မီ နည်းပညာများဖြင့် ပို့ချပေးလျက်ရှိသော Intensive program ဖြစ်ပါတယ်။ ထို ပရိုဂရမ်တွင် ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကိုက်ညီသော သင်ကြားရေးနည်းစနစ် များကို အသုံးပြုထားပါတယ်။ 🙆‍♂️

▪️သင်ကြားရမည့် ဘာသာရပ်များမှာ

📚Physical and Chemical Treatment Processes

📚Physical and Chemical Hydrogeology

📚Environmental Aquatic Chemistry

📚Environmental Fate and Transport

📚Biological Wastewater Treatment တို့ဖြစ်ပါတယ်။

▪️Tuition Fees မှာ $29,841 USD/per year ကျသင့်နိုင်ပြီး တစ်နှစ်ကြာမြင့် မှာဖြစ်ပါတယ်။ Intake များအနေဖြင့် Sep -2022, January-2023 တွင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။  🗓🙆‍♂️

▪️အင်္ဂလိပ်စာ လိုအပ်ချက်အနေဖြင့် IELTS-6.5 or TOEFL-80 ပြပေးရန် လိုအပ်ပါတယ်။ အခြားသော လိုအပ်ချက်များအနေဖြင့် တက္ကသိုလ် အောင်လက်မှတ်နှင့် အမှတ်စာရင်းများ၊ Bank Statement, CV တို့ကို ပြပေးရန် လိုအပ်ပါတယ်။ 🧾📋

🔍 Website- https://www.uml.edu/about/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 23, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Polytechnic Institute တွင် တက်ရောက်နိုင်သော Ms in Computer and Information Science ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Computer and Information Sciences Department သည် SUNY Poly ၏ အကြီးဆုံး ဌာန ဖြစ်ပြီး Graduate program – 3, Undergraduate program – 4 ခုကို ပို့ချပေးလျက်ရှိပါတယ်။ 🏫📚

▪️Ms in Computer and Information Science ပရိုဂရမ်သည် သီအိုရီ နှင့် လက်တွေ့အသုံးချမှု နည်းပညာများကို အလေးပေး လေ့လာသော ပညာရပ်ဖြစ်ပါတယ်။ ကျောင်းသာများအနေဖြင့် လုပ်ငန်းခွင် နယ်ပယ်၊ စီးပွားရေးနှင့် ပညာရေး ကဏ္ဍ တွင် computer ဆိုင်ရာ နည်းစနစ်များနှင့် ပြသာနာ ဖြေရှင်းနည်းများကို လဲ သင်ကြားပေးလျက်ရှိပါတယ်။ 💁‍♂️

▪️၁၈ လကြာ တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 21,186 ကျသင့်မှာ ဖြစ်ပါတယ်။

သင်ကြားရမည့် ဘာသာရပ်များမှာ 

•    programing language and software engineering,

•    systems and architectures, 

•    algorithms and theory, 

•    artificial intelligence and modeling

🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://sunypoly.edu/academics/majors-and-programs/ms-computer-information-science.html

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 23, 2021

▪️Graphic Design ဘာသာရပ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံ University of Illinois Chicago ၏ College of Architecture, Design and the Arts တွင် တက်ရောက်နိုင်သော Bachelor of Design in Graphic Design ဘာသာရပ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

 

▪️Bachelor of Design in Graphic Design ဘာသာရပ်သည် School of Design ဌာန တွင် တက်ရောက်ရမှာဖြစ်ပြီး နာရီပေါင်း ၁၃၃ နာရီကြာတက်ရောက်ရမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် Tuition Fees – USD 29,662  ကျသင့်မှာဖြစ်ပြီး  လုပ်ငန်းခွင် နယ်ပယ်သို့တိုက်ရိုက်ဝင်ရောက်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ 💁‍♂️

▪️Minimum GPA – 2.75/4.00 လိုအပ်ပြီး ၄ နှစ်ကြာတက်ရောက်ရမှာ ဖြစ်ပါတယ်။ English Proficiency အနေဖြင့်

•    TOEFL : 80

•    IELTS : 6.5 (With minimum 6 in each band)

•    PTE : 54 (With 47 in Listening, 56 in Writing, 51 in Reading and 53 in Speaking)

▪️ဘွဲ့ရပြီးပါက လုပ်ကိုင်နိုင်သော ထိပ်တန်းလုပ်ငန်းခွင် များကို ဖော်ပြပေးလိုက်ပါတယ်။ 

•    Graphic designer

•    Creative director

•    User experience (UX) designer

•    User interface (UI) designer

•    Production artist

•    Product developer

•    Art director

•    Marketing specialist

•    Multimedia artist or animator

▪️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://catalog.uic.edu/ucat/colleges-depts/architecture-design-arts/des/bdes-gd/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 22, 2021
👨‍🎓သြစတေးလျနိုင်ငံတွင် ပညာသင်ကြားဖို့ စဥ်းစားနေသော ကျောင်းသား/သူများအတွက် Australian Catholic University မှ ပေးအပ်မယ့် scholarship အကြောင်း မျှဝေပေးသွားပါမယ်။
🏫Australian Catholic University သည် သြစတေးလျနိုင်ငံ၏ အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး campus ၇ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် Rome တွင်လည််း campus တစ်ခုကို ယခုတိုင် ထိန်းသိမ်းထားပါသေးတယ်။ 📈Times Higher Education Impact Rankings အရ top 101–200 universities များတွင် ပါဝင်ပါတယ်။ Faculties လေးခုဖြင့် ဖွဲ့စည်းထားပြီး Bachelor, Master နှင့် Doctoral Degrees များကို သင်ကြားပို့ချလျက်ရှိပါသည်။
💸ယခုလိုမျိုး ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တစ်ခုကနေ 2022, Semester 1 Intake အတွက် Tuition Fee 50% လျှော့ပေးသွားမှာဖြစ်ပါတယ်။ Scholarship က Undergraduate နှင့် Postgraduate ကိုတက်ရောက်မယ့် ကျောင်းသား/သူအားလုံး လျှောက်ထားနိုင်ပါတယ်။ International Student Scholarship က နှစ်စဥ် scholarships အခု ၂၀ ကိုပေးအပ်လျက်ရှိပါတယ်။ ဒီ Scholarship က အချိန်ကန့်သတ်ထားတဲ့ အတွက် လျှောက်ထားလိုသူများအနေနဲ့ စက်တင်ဘာ ၃၀ ရက်မတိုင်ခင် လျှောက်ထားဖို့တော့ လိုအပ်ပါတယ်။ ⏰
🕵️Scholarship နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️09751871589, 09790839290, 09751871587
September 21, 2021

▪️နိုင်ငံတကာမှာ ပညာသွားရောက် သင်ယူဖို့စဥ်းစားနေတဲ့ ကျောင်းသား/သူများ အတွက် အဓိကလိုအပ်တဲ့ English Test တွေဖြစ်တဲ့ IELTS နဲ့ TOEFL Test တွေက ဖြေဆိုလို့မရသေးဘူးဆိုတာ ကျောင်းသား/သူတိုင်း သိကြမှာပါ။ ဒါပေမယ့် နိုင်ငံတကာတက္ကသိုလ် အများစုက လက်ခံပေးနေတဲ့ နောက်ထပ် Test option တစ်ခုရှိသေးတာကိုတော့ မေ့နေကြမယ်ထင်ပါတယ်။ အဲ့ Test လေးကတော့ PTE Academic Test ပဲဖြစ်ပါတယ်။ 💁‍♂️

▪️PTE Academic Test သည် UK, Australia, Canada Student Visa များလျှောက်ထားနိုင်တဲ့အပြင် နိုင်ငံတကာတက္ကသိုလ်များစွာကလဲ လက်ခံပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️PTE Academic Test အကြောင်းအသေးစိတ်တွေကိုတော့ အရှေ့ကပို့စ်လေးတွေမှာ ပြောပြခဲ့ပြီးပြီဖြစ်တဲ့ အတွက်ကြောင့် ဒီတစ်ခါမှာတော့ “Professional PTE Training” အကြောင်းလေးကို ပြောပြပေးသွားမှာပါ။ PTE Academic Test တွေအကြောင်း ပြန်ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်တွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ 

📌 https://www.facebook.com/433298177253835/posts/876242019626113/?d=n

📌 https://www.facebook.com/433298177253835/posts/874309156486066/?d=n

▪️အခု မိတ်ဆက်ပေးမယ့် Professional PTE Training သည် Sydney PTE Study Center နှင့် EEVS Myanmar တို့ မှပူးပေါင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Professional PTE Training မှာဆိုရင် training period package (၁လ၊၃လ၊၆လ၊၁၂ လ) အမျိုးမျိုးရှိပြီး  package ယူထားတဲ့ကာလအတွင်းမှာတော့ class တွေ feedbacks sessions တွေနဲ့ learning resources တွေကို unlimited access ရရှိသွားမှာဖြစ်ပါတယ်။ 😇

▪️Live class သင်ကြားပေးသွားမှာ ဖြစ်ပြီး ပါဝင်သော training sessions များမှာ- 

📌Live Class portal : Non-stop Live Training 

📌20 PTE Topic Confidence Tracker 

📌Broadcast Video Lectures

📌PTE Materials Portal 

📌AI-aided Practical Portal

📌Intensive Exam Support 

📌24/7 Video Lectures Portal 

📌Daily Q and A Support 

📌Guided Practice Support 

📌Daily Speaking Feedback 

📌Full Mock Test with Automated Scoring 

📌1-on-1 Full Mock Test Feedback 

📌Topicwise 1-on-1 Intensive Feedback တို့ပါဝင်ပါတယ်။ 

▪️Package နှုန်းထားများမှာ- 

🔹 1-Month Package – $315

🔹 3-Month Package – $395

🔹 6-Month Package – $495

🔹 12-Month Package – $695 

▪️သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက page messenger (သို့) အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💁‍♂️🙆‍♂️

☎️09751871589, 09790839290, 09751871587

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 20, 2021

▪️2008 ခုနှစ်တွင် စတင်ခဲ့သော Kaplan Business School သည် Australia အဆင့်မြင့်ပညာရေးစနစ်ကိုဖော်ဆောင်သော institution ဖြစ်ပြီး  Tertiary Education Quality and Standards Agency မှ အသိအမှတ်ပြုထားပါတယ်။ 🏫🙆‍♂️

▪️1993ခုနှစ်တွင် Kaplan ၏ ပထမဆုံးသော International centerကို Londonတွင်ဖွင့်လှစ်ခဲ့ပြီး 2008ခုနှစ် Adelaideတွင် institutionကိုစတင်ခဲ့ကာ  Sydney နှင့် Melbourneတို့တွင် campusများ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ 💁‍♂️

▪️Undergraduate နှင့်  Postgraduate course များစွာကိုသင်ကြားပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

📚Business

📚Accounting 

📚Business analytics

📚Management

📚Marketing

🏫Hospitality and Tourism Management

▪️အသေးစိတ်ကိုhttps://www.kbs.edu.au/courses တွင်ကြည့်နိုင်ပါတယ်။

▪️Kaplan Business Schoolတွင်ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ-

▪️For Undergraduate ‐ Diploma and PQP

📌Academic IELTS – Overall 5.5, no individual band score under 5.0

📌PTE – Academic Score of 42

📌TOEFL iBT – 46

📌KITE (Kaplan International Test of English) – Score greater than 396 Overall for listening, reading and grammar, and B2 for speaking and writing

📌CAE (Cambridge English: Advanced from Cambridge ESOL) – 162

📌Cambridge Proficiency – 162

📌Duolingo English Test – Overall score of 90

📌General Certificate of Education (GCE) – GCE Ordinary Level – Grade C in English Language or English Literature

▪️For Undergraduate ‐ Bachelor and Postgraduate

📌Academic IELTS – Overall 6.0, with not less than 6.0 for Speaking and Writing and 5.5 for Listening and Reading

📌PTE – Academic Score of 50

📌TOEFL iBT – 60

📌KITE (Kaplan International Test of English) – Score greater than 426 Overall for listening, reading and grammar, and B2 for speaking and writing;

📌CAE (Cambridge English: Advanced from Cambridge ESOL) – 169

📌Cambridge Proficiency – 169

📌Duolingo English Test – Overall score of 100

📌General Certificate of Education (GCE) – GCE Ordinary Level – Grade C in English Language or English Literature GCE Advanced Subsidiary Level – Grade C in English Language or English Literature GCE Advanced Level – Grade D in English Language or English Literature

▪️Kaplan institute သည် Sydney Swans နှင့် Davidson တို့ရှိ companies များနှင့် လက်တွဲပူးပေါင်းကာ ကျောင်းသားများအတွက် internship အခွင့်အလမ်းများဖန်တီးပေးပြီး ဘွဲ့ရပြီးသောအခါတွင် Australia-based companies များတွင်လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော skillများရရှိစေရန်လည်း ပြင်ဆင်ပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️High Achievers Scholarship, Dean’s Award, Alumni Scholarship, Regional Scholarship စသော Scholarship အမျိုးအစားများစွာကို ပေးအပ်လျက်ရှိပြီး အသေးစိတ်ကို https://www.kbs.edu.au/admissions/scholarships တွင်ကြည့်နိုင်ပါတယ်။ 💁‍♂️😇

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 19, 2021

▪️Torrens University Australia ရဲ့ Bachelor of Health Science in Aesthetics က အလှအပနဲ့ အရေပြားဆရာဝန်ဖြစ်ချင်သူများအတွက် ရွေးချယ်သင့်တဲ့ program တစ်ခုပဲဖြစ်ပါတယ်။ ဒီ program ကနေ ကျောင်းသား/သူများကို clinical knowledge and skills, focusing on preventative skin health and anti-ageing dermal therapies တွေကို သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ 👩‍🏫👨‍🏫

▪️ဒါတွေတင်မကသေးဘဲ Esthetics Doctor တစ်ယောက်အတွက် လိုအပ်တဲ့ theoretical foundation in health science, in-depth aesthetic course covers advanced skin health protocols နဲ့ appropriate applications of techniques and therapies using the most up-to-date aesthetic technology and products ဘာသာရပ်တွေပါ သင်ယူရမှာဖြစ်ပါတယ်။ 📚🧑‍⚕️

▪️စာတွေ့သင်ခန်းစာများသာမက လက်တွေ့အတွေ့အကြုံများပါ ပြည့်ဝစေဖို့အတွက် ဆေးဝါးကုသမှုပိုင်းများ၊ နောက်ဆုံးပေါ်နည်းပညာရပ်များနှင့် အလုပ်ခွင်ပြင်ပ ပေါင်းသင်းဆက်ဆံမှု နည်းစနစ်များကိုပါ သင်ကြားပေးမှာပဲဖြစ်ပါတယ်။ 💁‍♂️

▪️အလုပ်ခွင်ဝင်ရောက်ဖို့ အတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ ပြင်ပဆေးခန်းများတွင် (၆၅) နာရီ အလုပ်သင်ဆင်းရမှာဖြစ်ပြီး ကျောင်း၏ student-led clinic တွင်လည်း နာရီ (၅၀) လေ့လာရမှာဖြစ်ပါတယ်။ Torrens University Australia နဲ့ partnership လုပ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ Australian Society of Dermal Clinicians နဲ့ Dermalogica တို့ပဲဖြစ်ပါတယ်။ 🙆‍♂️🏫

▪️ဒီလိုမျိုးပြည့်စုံလှတဲ့ သင်ကြားမှုပုံစံတွေနဲ့  Bachelor of Health Science in Aesthetics Program က သင့်ကို beauty industry မှာ အရည်အချင်းအပြည့်နဲ့ ယုံကြည်ချက်ရှိရှိလျှောက်လှမ်းနိုင်ဖို့ ကူညီပေးသွားမှာပါ။ 🧑‍⚕️👨‍⚕️

▪️Program ကိုတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ International Students တွေအနေနဲ့  IELTS 6.0 (no band less than 5.5) or equivalent လိုအပ်ပါတယ်။ 💁‍♂️

▪️Tuition Fees အနေနဲ့ AUD$ 78,600 ကျသင့်နိုင်ပြီး February Intake နဲ့ May Intake ဆိုပြီး intake season ၂ခုရှိပါတယ်။ 🗓

🗂 Program Link – https://www.torrens.edu.au/courses/health/bachelor-of-health-science-aesthetics 

🏫 School Website – https://www.torrens.edu.au 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 18, 2021

▪️1964 တွင်စတင်တည်ထောင်ခဲ့သော Macquarie University သည် public university ဖြစ်ပြီး QS World University Rankings, 2020 အရ နိုင်ငံတကာရှိ ထိပ်တန်းတက္ကသိုလ် ၁%တွင် ပါဝင်ကာ 

Australia နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များတွင် top 10 ရရှိထားပါတယ်။ 🏫🙆‍♂️

▪️Macquarie University ၏ main campusသည် Sydneyမြို့မှ ၁၅ကီလိုမီတာအကွာတွင်ရှိပြီး ကျောင်းသားပေါင်း ၄၀၀၀၀ကျော် ပညာသင်ကြားလျက်ရှိပါတယ်။ 👩‍🎓👨‍🎓

▪️Undergraduate နှင့် Graduate Programs များစွာကို သင်ကြားပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

📚Business

📚Education

📚Engineering

📚Law

📚Science

📚Medicine and health

📚Arts and social sciences

📚Information technologies

📚Languages and linguistics

📚Media, communications and creative arts

📚Psychology and cognitive science

📚Security, intelligence and criminology တို့ဖြစ်ပါတယ်။ 

🗂 အသေးစိတ်ကို https://www.mq.edu.au/study/find-a-course တွင်ကြည့်နိုင်ပါတယ်။

▪️Macquarie University တွင်ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ-

📌IELTS – 6.5 & above

📌TOEFL –  94 & Above

📌PTE – 65 & Above

▪️International နှင့် Domestics Scholarship အမျိုးအစားများစွာပေးပြီး

နှစ်စဉ်  Scholarship $6 millionကို ကျောင်းသားများအတွက်ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

အသေးစိတ်ကို https://www.mq.edu.au/study/why-study-here/scholarships တွင်ကြည့်နိုင်ပါတယ်။ 💁‍♂️

▪️Career and Employment Service များထားရှိပေးကာ ကျောင်းသားများ၏ life-long career planning များအတွက် လိုအပ်သော skillsများကို ပြင်ဆင်ပေးခြင်းအပြင် လုပ်ငန်းခွင်ရှိ industry expert များနှင့် လေ့လာသင်ကြားနိုင်သည့် အစီအစဉ်များကိုပါ ထည့်သွင်းပေးထားပါတယ်။ 🙆‍♂️😇

🏫 School website- https://www.mq.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar