fbpx
September 6, 2021

“𝐅𝐮𝐥𝐟𝐢𝐥 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦𝐬 𝐭𝐨 𝐛𝐞𝐜𝐨𝐦𝐞 𝐚 𝐏𝐢𝐥𝐨𝐭 𝐚𝐭 𝐒𝐰𝐢𝐧𝐛𝐮𝐫𝐧𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲”

▪️ဒီနေ့မိတ်ဆက်ပေးချင်တဲ့ 3 year Bachelor လေးကတော့ Swinburne University ရဲ့ Bachelor of Aviation and Piloting ပဲဖြစ်ပါတယ်။ 💁‍♂️

▪️Swinburne University ကို 🇦🇺 သြစတေးလျနိုင်ငံ Melbourne မြို့တွင် 1908 ခုနစ်ကတည်းက Eastern Suburbs Technical College အဖြစ်စတင်တည်ထောင်ခဲ့ပြီး 1913 ခုနစ်တွင်မှု Swinburne University အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ 🙆‍♂️

▪️Swinburne University သည် 2021 QS World Ranking တွင် ranking #321 နှင့်ရပ်တည်လျက်ရှိပြီး သြစတေးလျနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်များစာရင်းတွင် အဆင့် 19 နေရာတွင် ရပ်တည်လျက် ရှိပါသည်။ 🏆

▪️Bachelor of Aviation and Piloting ကို တက်ရောက်မယ့် ကျောင်းသား/သူများကို Educational Basics များအဖြစ် လေကြောင်းပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်၊ စီမံခန့်ခွဲမှု နှင့် နည်းပညာများအပြင် pilot training courses များစွာကို လက်တွေ့သင်ကြားလေ့လာရမှာပဲ ဖြစ်ပါတယ်။ Group Project များကို လုပ်ငန်းဆိုင်ရာအခက်ခဲနှင့် အဖွဲ့စည်းအကြောင်းများကို လက်တွေ့လေ့လာနိုင်ရန် Melbourne နှင့် Qantas လေဆိပ်များမှာပြုလုပ်စေမှာလည်းဖြစ်ပါတယ်။ 🛫

▪️ဒါ့အပြင် Graduates များအနေနှင့် Professional Pilot တစ်ယောက်အနေဖြင့် ရပ်တည်နိုင်ရန် Commercial Pilot License (CPL) ထုတ်ပေးမှာဖြစ်တဲ့အတွက် Public Airline Industry တွင် Professional Pilot တစ်ယောက်အဖြစ်လုပ်ကိုင်နိုင်သလို Flight Instructor တစ်ယောက်အဖြစ်ပါပြန်လည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ 👨‍✈️👩‍✈️

▪️သင်ကြားရမဲ့ ဘာသာရပ််တွေကတော့ –

📚Introduction to Aviation

📚Human Performance and Limitations in Aviation

📚Aviation Regulation and Operations

📚Aviation Industry Forum (Part 1)

📚Aviation Mathematics

📚Introduction to Physics

📚Aviation Business Strategies and Management *

📚Aviation Industry Forum (Part 2)

📚Aviation Research Project Part 1 *

📚Aviation Research Project Part 2 *

📚Private Pilot Licence Practicum

📚Commercial Pilot Licence Practicum 1

📚Either Multi Crew Cooperation and Jet Orientation Course Practicum

or Flight Instructor Rating Practicum

📚Commercial Pilot Licence Practicum 2

📚Private Pilot Licence Theory

📚Commercial Pilot Licence Theory 1

📚Human Factors and Performance in Aviation

📚Current and Future Airline Technical Operational Concepts

📚Commercial Pilot Licence Theory 2

📚Air Transport Pilot Licence Theory 3 *

📚Air Transport Pilot Licence Theory 1 *

📚Air Transport Pilot Licence Theory 2 *

💵 Annual Tuition Fees အနေနဲ့က AU$ 188,125 – 202,000 ကြားကျသင့်မှာဖြစ်ပြီး 2022 January Intake များအတွက်စတင်လျောက်ထားလို့ရပါပြီ။ 📃

▪️Program တက်ရောက်ဖို့ လိုအပ်တဲ့ Minimum English Requirement အနေနဲ့က – 

📌IELTS – 6.0 ( no band less than 6.0)

📌PTE (Academic)- 50 ( no skill less than 50)

📌Duolingo- Overall score between 95-100

📌TOFEL (IBT)- 64 ( 13 in Reading, 12 in listening, 18 in Speaking, 21 in Writing) 

📌TOFEL (IBT) Home Edition- 64 (no less than 13 in reading, 12 in listening, 18 in speaking, 21 in writing) 

တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။

🗂 အသေးစိတ်အကြောင်းရာများကို 🔍 https://www.swinburne.edu.au/study/course/international/bachelor-of-aviation-and-piloting/  မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ 😇

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 6, 2021

USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းတက္ကသိုလ် ၅ခုကိုဖော်ပြပေးလိုက်ပါတယ်။

🏫𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Stanford University သည် ၁၈၈၅ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ဧကပေါင်း ၈၁၈၀ ကျယ်ဝန်းပြီး  quarter-based တက်ရောက်ရပါတယ်။ ကျောင်း ၇ ကျောင်းဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ကျောင်းများမှာ School of Education, School of Engineering, School of Law.School of Medicine, Graduate School of Business တို့ဖြစ်ပါတယ်။ နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၆ ၊ Best Undergraduate Teaching တွင် နံပါတ် ၉ တွင် ရပ်တည်နေပါတယ်။ 🪜

Website-https://www.stanford.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗵𝗶𝗰𝗮𝗴𝗼

University of Chicago သည် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပြီး ဧကပေါင်း ၂၁၇ ကျယ်ဝန်းပါတယ်။ Tuition Fees- $59,298 ကျသင့်ပြီး quarter-based တက်ရောက်ရပါတယ်။ နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၆ တွင် ရပ်တည်နေပြီး ကျောင်းသားလျှောက်လွှာပေါင်း ၆၈၀၀ ကျော်လက်ခံရရှိပါတယ်။ 

Postgraduate program များကို Booth School of Business, Law School, Pritzker School of Medicine and Harris School of Public Policy Studies တွင် တက်ရောက်နိုင်ပါတယ်။  ကျောင်းသားများအနေဖြင့် Major-50 ,Minor-40 ကျော် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ 💁🏼

Website-http://www.uchicago.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗣𝗲𝗻𝗻𝘀𝘆𝗹𝘃𝗮𝗻𝗶𝗮

University of Pennsylvania သည် ၁၇၄၀ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၁၀၀၁၉ လက်ခံရရှိသော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Benjamin Franklin မှ Philadelphia တွင် တည်ထောင်ခဲ့ပြီး Undergraduate,Graduate သင်ကြားမှုများအတွက် ကျောင်း ၅ ကျောင်း၊ Graduate  လ့လာမှု သီးသန့်အတွက် ကျောင်း ၇ ကျောင်း ဖွဲ့စည်းပေးထားပါတယ်။ နိုင်ငံပေါင်း ၅၀ မှ ကျောင်းသားပေါင်း ၂၅၀၀ နှင့် အထက် နှစ်စဉ် နိုင်ငံတကာ ပညာရေး ပရိုဂရမ်များကို တက်ရောက်လျက်ရှိပါတယ်။ 📚

Website-https://www.upenn.edu/ 

🏫𝗖𝗮𝗹𝗶𝗳𝗼𝗿𝗻𝗶𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 𝗼𝗳 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆

California Institute of Technology သည် ၁၈၉၁ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။quarter-Based တက်ရောက်ရမှာဖြစ်ပြီး  သိပ္ပံ ပညာရပ်နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို အဓိက သင်ကြားပေးသော တက္ကသိုလ်ဖြစ်ပါတယ်🔬။ ဧကပေါင်း ၁၂၄ ကျယ်ဝန်းပြီး ကျောင်းသားနားနေဆောင်ပေါင်း ၁၁ ခုဖြင့် တည်ဆောက်ထားပါတယ်။ နိုင်ငံတွင်း ထိပ်တန်းကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။

Website-http://www.caltech.edu/

🏫𝗝𝗼𝗵𝗻𝘀 𝗛𝗼𝗽𝗸𝗶𝗻𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Johns Hopkins University သည် ၁၈၇၆ တွင် စတင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းပေါင်း ၉ ကျောင်း အနက် ၅ ကျောင်းမှာ Undergraduate,Graduate ကျောင်းသားများကို သင်ကြားပေးလျက်ရှိပါတယ်။ ထင်ရှားသော ကျောင်းများမှာ  Bloomberg School of Public Health ,School of Education, Whiting School of Engineering, School of Medicine တို့ဖြစ်ပါတယ်🗂။ 

Website- http://www.jhu.edu/

Reference-https://www.usnews.com/best-colleges/rankings/national-universities

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 4, 2021

▪️ဒီတစ်ခါမှာတော့ အမေရိကန်မှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေအတွက် အမေရိကန်နိုင်ငံမှာရှိတဲ့ Community Colleges များအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ 💁‍♂️

▪️Community College ဆိုတာက University အကြီးကြီးတွေကိုတက်ရောက်နိုင်ဖို့အတွက် အကူးအပြောင်းလုပ်ပေးတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Community College က ၂နှစ်တက်ရောက်ရမှာဖြစ်ပြီး Associate Degree ရရှိမှာဖြစ်ပါတယ်။ ရရှိတဲ့ Associate Degree နဲ့ University တွေရဲ့ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University မှ Bachelor Degree ကိုရရှိမှာဖြစ်ပါတယ်။👩‍🎓👨‍🎓

🔹ဘာကြောင့် US မှာရှိတဲ့  Community College တွေတက်ရောက်သင့်သလဲ?

▪️အမေရိကန်နိုင်ငံမှာရှိတဲ့ University အများစုက ကုန်ကျစရိတ်အရမ်းများလေ့ရှိပါတယ်။ ဒါပေမယ့် Community College တက်ရောက်ရတာ University တွေတက်ရောက်ရတာထက် ကုန်ကျစရိတ်အများကြီးသက်သာပါတယ်။ ကုန်ကျစရိတ်အနေနဲ့ USD 9000 မှ 12000 အထိသာ ကုန်ကျနိုင်ပါတယ်။ 💵

▪️ဒါ့အပြင် မိမိတက်ရောက်ချင်သော University က အမှတ်အရမ်းမြင့်နေပြီး ဝင်ခွင့်ခက်ခဲနေတာမျိုးဖြစ်နေလျှင် Community College ကိုအရင်တက်ရောက်ပြီးမှ နှစ်သက်ရာ တက္ကသိုလ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ပါတယ်။ 🙆‍♂️

 

▪️အမေရိကန်နိုင်ငံမှာက Community College များတစ်ထောင်ကျော်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် Degrees နှင့် Certificates Program ပေါင်းများစွာကို သင်ကြားပေးလျက်ရှိပါတယ်။ 🧑‍🏫👨‍🏫

▪️USA မှာရှိတဲ့ Community College တွေမှာ တမူထူးခြားတဲ့ learning environment တွေဖန်တီးပေးထားပြီး  class size သေးပြီး ကျောင်းသားတစ်ဦးချင်းစီ အပေါ် သေချာအာရုံစိုက် သင်ကြားပေးပါတယ်။ Community College အများစုမှာ နိုင်ငံတကာကျောင်းသားများအတွက် နည်းပညာနှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကိုပါ  ပို့ချပေးလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး job training programs များကိုလည်း ပြုလုပ်ပေးထားပါတယ်။ 😇

▪️ဒါ့အပြင် ၂နှစ် Associate Degree ပြီးရင် American Community College Federal Law အရ USA တွင် Optional Practical Training အဖြစ် တစ်နှစ် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်သည် မိမိတက်ရောက်ထားသည့် မေဂျာနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိရမည်။ Associate Degree တက်ရောက်နေသည့် နောက်ဆုံး semester တွင် OPT အတွက် လျှောက်ထားရမှာဖြစ်ပါတယ်။ 📚

🔹USA မှာရှိတဲ့ Community College တွေ လျှောက်ထားနိုင်ဖို့ ဘာတွေလိုအပ်သလဲ?

📌အထက်တန်း အောင်လတ်မှတ်နဲ့ အမှတ်စာရင်းများ Or  IGCSE O Level အမှတ်

📌English အရည်အချင်းစစ် စာမေးပွဲ result များ (TOEFL or IELTS or Duolingo test)

📌Extracurricular Activities

📌Recommendation Letters 

📌Application Essay and Optional Personal Interview 

📌Bank Statement 

📌Passport တို့လိုအပ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 3, 2021

▪️ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ community ကို အပြုံးလှလှလေးတွေဖန်တီးပေးချင်သူများအတွက် The University of Adelaide က Bachelor of Dental Surgery Program အကြောင်းမိတ်ဆက်ပေးသွားမှာပါ။ သွားဆေးပညာဆိုတာက သိပ္ပံနဲ့အနုပညာ ပေါင်းစပ်ထားတယ်လို့လဲဆိုကြပါတယ်။ ဒီလိုအနုစိတ်လှတဲ့ သွားဆေးပညာကို Australia နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်မှာ သင်ယူခွင့်ရရှိမှာပဲဖြစ်ပါတယ်။ 💁‍♂️

▪️ The University of Adelaide က Australia နိုင်ငံရဲ့ private university တစ်ခုဖြစ်ပြီး Group of Eight အဖွဲ့ဝင်တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ Group of Eight ဆိုတာက သြစတေးလျနိုင်ငံရဲ့ သုတေသနလုပ်ငန်းများကိုဦးဆောင်ကြတဲ့ တက္ကသိုလ်တွေပေါင်းထားတဲ့ သက်တမ်းအရှည်ဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ 🏫

▪️ Bachelor of Dental Surgery Program ကနေ သွားနှင့်ခံတွင်းခွဲစိတ်မှုပညာရပ်တွေ၊ ဆေးခန်းအတွေ့အကြုံတွေ၊ case learing system တွေအပြင်အခြားသောပညာရပ်များစွာကို စာတွေ့၊ လက်တွေ့နဲ့ professional တစ်ယောက်ဖြစ်သည်အထိ သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ဆေးပညာအတွေ့အကြုံတွေတင်မကဘဲ လူနာနဲ့ထိတွေ့ဆက်ဆံပြီး လေ့လာသင်ယူရမှာဖြစ်တဲ့အတွက် ကျောင်းပြီးတာနဲ့တစ်ခါထဲ အလုပ်ခွင်ဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ 👩‍⚕️🧑‍⚕️

▪️ ဒီ ပညာရပ်တွေအားလုံးကို Australia နိုင်ငံရဲ့ နောက်ဆုံးပေါ်သွားဘက်ဆိုင်ရာ သင်ကြားရေးဆေးရုံဖြစ်တဲ့ Adelaide Health and Medical Sciences မှာသင်ကြားရမှာဖြစ်ပါတယ်။ Bachelor of Dental Surgery Program ကို ၅နှစ် သင်ယူရမှာဖြစ်ပြီး သင်ကြားရမဲ့ဘာသာရပ်တွေကတော့ – 

🔹 Year 1

Dental Science and Practice I Parts 1 & 2

🔹Year 2

Dental Science and Practice II Parts 1 & 2

🔹 Year 3

Dental Science and Practice III Parts 1 & 2

🔹 Year 4

Dental Science and Practice IV Parts 1 & 2

🔹 Year 5

Dental Science and Practice V Parts 1 & 2

▪️ တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ- 

📌 IELTS  : Overall 7.0 with all band 7.0

📌 TOEFL: Overall 94 with R-24, L-24, S-23, W-27

📌 Pearson : Overall score of 65 with all band 65

📌 C1 Advanced : Overall 185 with all band 185

▪️ Tuition Fees အနေနဲ့  A$83,000 (annual fees based on 2021 tuition fees)  ကျသင့်မှာပဲဖြစ်ပါတယ်။ အကယ်၍ ဒီ Bachelor of Dental Surgery Program ကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင် အခုထဲက  EEVS မှာ လျှောက်ထားလို့ရပြီနော်။ 😇🙆‍♂️

🔍 Program Link – https://www.adelaide.edu.au/degree-finder/2022/bds_bds.html

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

September 2, 2021
🏫Curtin University သည် Western Australia တွင် အကြီးဆုံး တက္ကသိုလ်ဖြစ်ပြီး ကျောင်းသားပေါင်း ၅၇၀၀၀ ကို Perth, Kalgoorlie, Malaysia, Dubai, Mauritius နှင့် Singapore Campus များစွာဖြင့် နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ ကျောင်းသားများကို အဆင့်မြင့် ပညာရေးစနစ်ဖြင့် ထောက်ပံ့ပေးလျက်ရှိပါတယ်။💁🏼
👨‍👨‍👦‍👦 ထို့ပြင် Australian Technology Network(ATN) ၏ အဖွဲ့ဝင်ဖြစ်ပြီး Curtin Singapore သည် Committee for Private Education Singapore(CPE) တွင် မှတ်ပုံတင်ထားပါတယ်။
⏰Curtin Singapore တွင် တက်ရောက်နိုင်သော Diploma of Arts and Creative Industries ဘာသာရပ်ကို 4 trimesters အဖြင့် ၁၆ လကြာ တက်ရောက်ရမှာဖြစ်ပြီး Intake များမှာ ဖေဖော်ဝါရီ၊ ဇူလိုင် နှင့် နိုဝင်ဘာ လများတွင် လျှောက်ထားနိုင်ပါတယ်။
💸နိုင်ငံ တကာကျောင်းသားများအတွက် Tuition fees –
Stage 1 -S$13,920
Stage 2 – S$17,960
Total tuition fee -S$31,880 ကျသင့်ပါတယ်။
📚📚Semester အလိုက် သင်ကြားရမည့် ပရိုဂရမ်များကို ဖော်ပြပေးလိုက်ပါတယ်။
𝙎𝙩𝙖𝙜𝙚 𝟭
📌Trimester 1
Academic Communication Skills
Academic Research and Writing
Management
Marketing
📌Trimester 2
Accounting
Economics
Information and Media Technologies
Media, Culture and Communications
𝙎𝙩𝙖𝙜𝙚 𝟮
📌Trimester 3
Web Communications
Academic and Professional Communications
Introduction to Screen Practice
Design Computing
📌Trimester 4
Engaging Media
Culture to Cultures
Introduction to Print
Discovering Marketing
👨‍🎓Diploma program အောင်မြင်ပြီးပါက Curtin University ၏ Bachelor of Communications ပရိုဂရမ်ကို ဆက်လက် တက်ရောက်နိုင်ပါတယ်။
🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
September 1, 2021

▪️ 2012 တွင်စတင်တည်ထောင်ခဲ့သော Torrens University သည် Australia ရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Adelaide, Sydney, Melbourne နှင့် Brisbane တို့တွင် campus များရှိပါတယ်။ Torrens University သည် ခေတ်မီအလုပ်အကိုင်များအပေါ်ကိုအဓိကထားသော အဆင့်မြင့်ပညာရေးကို ပေးအပ်လျက်ရှိပါသည်။ 💁‍♂️

▪️ ကမ္ဘာတလွှားရှိကျောင်းသား ၁ သန်းကျော်ရှိ အသိအမှတ်ပြုတက္ကသိုလ် ၇၀ နှင့်အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ ကွန်ယက်ဖြစ်သော  Laureate International Universities ၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။ 🙆‍♂️

▪️ Undergraduate Degrees, Postgraduate Degrees, Double Degrees များစွာအပြင် pathway program တွေကိုပါသင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားပေါင်း 11,000 ကျော်ရှိပြီး တက်ရောက်နိုင်သော ဘာသာရပ်နယ်ပယ်များမှာ- 

📌Business & Management 

📌Education & Training 

📌Computer Science & IT 

📌Medicine & Health

📌Hospitality, Leisure & Sports 

📌Social Sciences

📌Arts, Design & Architecture 

📌Humanities 

📌Journalism & Media

📌Natural Sciences & Mathematics 

💵 Tuition Fees – $21041

🗓 Intake Seasons – July, February

▪️ တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

🔹 GPA – 2.2

🔹 IELTS – 6

🔹 TOEFL – 78

▪️ International scholarships, Blue Mountains International Hotel School scholarships, Business and Technology scholarships စသော scholarships အမျိုးအစားများစွာကိုပေးလျက်ရှိပြီး အသေးစိတ်ကို 

🔍 https://www.torrens.edu.au/studying-with-us/fees-scholarships/scholarships တွင်ကြည့်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 1, 2021
⏳1856 ခုနှစ်မှစ၍ ပညာရေးဝန်ဆောင်မှုများပေးနေသော Oregon State University ဟာသက်တန်းရင့် American University ကြီးတစ်ခုဖြစ်ပါတယ်။
🏫Oregon State University ကြီးတွင် Campus 3 ခုအထိရှိ ပြီး ဧက 400 ကျော် ရှိသော Convalis Campus မှာ United States ၏အကြီးဆုံး Educational Campus ကြီးလည်း ဖြစ်ပါတယ်။
👨‍🎓Oregon State University တွင်နိုင်ငံပေါင်း 120 မှကျောင်းသားပေါင်း 31000 ကျော်တို့မှာ Undergraduate အတန်းပေါင်း 200 ကျော် နှင့် Postgraduate အတန်းပေါင်း 80 ကျော်ကိုတက်‌ရောက်လျက်ရှိပါတယ် ။
🔬Research and Development အပိုင်းအတွက် 2019 ခုနှစ် Worldwide Universities များထဲတွင် Fund အများဆုံးရှာထားနိုင်ပြီး World Top 4 Research University လည်းဖြစ်ပါတယ်။
📚တက်‌ရောက်နိုင်သောဘာသရပ်နယ်ပယ်များကတော့-
Computer Science
Communications
Government/Political Science
Business
Economics
English Language and Literature
Psychology
Nursing
Chemical Engineering
Biology
တို့အပြင်အခြားနယ်ပယ်ပေါင်းများစွာ ကို‌‌လည်းရွေးချယ်တက်‌ရောက်နိုင်ပါတယ်။
💸International ကျောင်းသာ/သူ များအတွက် Average Annual Tuition Fees အနေနဲ့ကတော့ USD 32,000 ပတ်ဝန်းကျင်ရှိပါတယ်။
🏴󠁧󠁢󠁥󠁮󠁧󠁿Minimum English Requirement အနေနဲ့ကတော့
IELTS – 6
TOFEL (IBT) -70
Duolingo – 100
ရရှိရန်လိုအပ်ပါတယ်။
အသေးစိတ်ကိုတော့ https://www.uoregon.edu မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

September 1, 2021

▪️ ယနေ့မှာတော့ University of Western Australia(UWA) ၏ Foundation program နှင့် မိတ်ဆက် ပေးလိုက်ပါတယ်။ 🙆‍♂️

▪️ UWA ၏ Foundation program သည် နိုင်ငံတကာကျောင်းသားများကို အဓိက ရည်ရွယ်ထားပြီး UWA ၏ Undergraduate program များကို ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။  Pre-University ပရိုဂရမ် ဖြစ်ပြီး သြစတြေးလျ Year 12 နှင့် ညီမျှပါတယ်။ Taylor College Perth မှ စီမံခန့်ခွဲပြီး UWA’s Claremont Campus တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားများ ရွေးချယ်သော ပရိုဂရမ် ပေါ် မူတည်ပြီး ဘာသာရပ် ရွေးချယ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ 💁‍♂️

▪️ ရွေးချယ် တက်ရောက်နိုင်သော Foundation Program များ၏ Tuition Fees နှင့် English Requirement များကို ဖော်ပြပေးလိုက်ပါတယ်။ 

🔹 Advanced Foundation (Intake – April, October) 

📌Duration- 30 Weeks

📌Fees- $25,500

📌IELTS – 5.5 (No band less than 5.5)

📌TOFEL IBT- 58 (W20 R14 S19 L17)

🔹 Standard Foundation    (Intake- January, July)

📌Duration- 40 Weeks

📌Fees- $25,500

📌IELTS -5.5 (No band less than 5.0)

▪️TOFEL IBT- 58 (W18 R12 S16 L12)

🔹 Extended Foundation (Intake – January, July)

📌Duration- 60 Weeks

📌Fees- $35,274

📌IELTS-5.0 (No band less than 5.0)

📌TOFEL IBT- 45 (W18 R12 S16 L12)

▪️ ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။

🔍 https://www.ask.uwa.edu.au/app/answers/detail/a_id/997/~/uwa-foundation-program-explained

🔍 https://blog.getunioffer.com/university-of-western-australia-foundation-program/#about-uwa-foundation-program

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 31, 2021
▪️ ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Old Westbury တွင် တက်ရောက်နိုင်သော Media and Communication, B.A ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️
▪️ ပရိုဂရမ်တွင် မတူညီသော မီဒီယာနယ်ပယ်များဖြစ်သော ရေဒီယို၊ ရုပ်မြင်သံကြား ၊ သတင်းစာ စသော နယ်ပယ်များကို သီအိုရီနှင့် လက်တွေ့လေ့ကျင့်များကို သင်ကြားရမှာဖြစ်ပါတယ်။ ထို့ပြင် စာအရေးအသားများ ၊ တင်ပြခြင်းများနှင့် ဆက်ဆံရေး နယ်ပယ်တွင် တိုးတက်လာစေရန် ဝေဖန်မှု ရှုထောင့်များ၊ ခေတ်ပြိုင် အမေရိကန် လူမှု မီဒီယာများဖြင့် သင်ကြားရမှာဖြစ်ပါတယ်။ 🧑‍🏫
▪️ ပညာရပ် နယ်ပယ် တစ်ခုမက သော သီအိုရီ၊ သမိုင်းနှင့် စမ်းသပ်မှု များကို အဓိကထားသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းတွင် စီးပွားရေး၊ လူမှုရေး။ လူမှု ဗေဒနှင့် ပညာရှင်များ၏ သမိုင်းကြောင်းများကို လေ့လာမှာ ဖြစ်ပါတယ်။ 🙆‍♂️
▪️ Intakes တွေက Fall (Aug), Spring (Jan) တွင် ရွေးချယ်တက်ရောက်နိုင်ပြီး Application Deadline ကတော့ Fall (Aug): 15 Mar, Spring (Jan): 01 Nov ဖြစ်ပါတယ်။ 👨‍🎓👩‍🎓
▪️ Tuition Fees- $16320 တစ်နှစ်လျှင်ကျသင့်ပြီး ၄၈ လကြာတက်ရောက် ရမှာဖြစ်ပါတယ်။ 💵
▪️Entry requirement – GPA: 3.0 လိုအပ်ပြီး English Proficiency အနေဖြင့်
📌IELTS – Overall6
📌TOEFL iBT – Overall61
📌ACT -Score22
📌SAT -Score1000
▪️ Course နှင့် ပတ်သက်၍ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 29, 2021

▪️ ယနေ့မှာတော့ EEVS တွင် တက်ရောက်နိုင်သော အင်္ဂလိပ်စာ သင်တန်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ 😇

▪️ EEVS က English Class တွေမှာဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔹 အင်္ဂလိပ်စာကို အခြေခံမှ စ လေ့လာချင်သူများ ၊  နိုင်ငံခြား ပညာသင်သွားရန် မရှိမဖြစ်လိုအပ်သော IELTS အမှတ်ကောင်း ရလိုသူများ တက်ရောက်သင့်ပါတယ်။ 

▪️ ဘယ်လို အတန်းမျိုးတွေ ဖွင့်လှစ်ထားသလဲ?

🔹 Level Classes

•    Beginner

•    Elementary

•    Pre-Intermediate

•    Intermediate 

🔹 IELTS Classes

•    IELTS Foundation

•    IELTS Preparation

 စတဲ့ အတန်းများအပြင် Speaking Only Class, Grammar Only အတန်းများကို ဖွင့်လှစ်ပေးထားပါတယ်။ 💁🏻‍♂️

▪️ အတန်းတွေကို ဘယ်လိုမျိုး တက်ရမှာလဲ? 

🔹 အတန်းတစ်တန်းလျှင်  ၂ လကြာမြင့်မှာ ဖြစ်ပြီး Zoom Application မှ တဆင့် Face to Face သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 

ကျောင်းသား အရေအတွက် ၁၀ ယောက် ထက်ပိုပြီး မထားရှိသလို IELTS အတန်းတစ်တန်းကိုလဲ ကျောင်းသား အရေအတွက် ၅ ဦးသာ လက်ခံပေးလျက်ရှိပါတယ်။ Facebook Messenger Group လဲ အတန်းအလိုက် ဖွဲ့ပေးထားတာမို့ မိမိ အတန်းဖော် နှင့် စာဆွေးနွေးခြင်းများ ၊သိလိုသမျှများအား ဆရာမကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ 👩‍🏫

▪️EEVS ဆရာ၊ မ များ၏ English Language’s Knowledge Sharing video များကိုလဲ အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

🔹Tr.Julie       – General English Teacher

https://www.facebook.com/433298177253835/posts/685411455375838/

🔹Tr.Grace     – English Instructor

https://www.facebook.com/433298177253835/posts/692196018030715/

🔹Tr.Ronny    – English Instructor

https://www.facebook.com/433298177253835/posts/683243262259324/

🔹Tr.Barani    – IELTS Lecturer

https://www.facebook.com/433298177253835/posts/684474752136175/

▪️ သင်တန်း မတက်ရောက်မီ မိမိ Level ကို သိရှိနိုင်ရန် Placement Test ဖြေဆိုနိုင်သလို IELTS Foundation, Preparation တက်ရန် ဝေခွဲ မရသူများအတွက် Speaking Test ကို စစ်ဆေးပြီး ရလဒ်အလိုက် အတန်းရွေးချယ်နိုင်ပါတယ်။ 📚

▪️ Placement Test ဖြေဆိုဖို့ အောက်ကလင့်ခ်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ 🔽

https://docs.google.com/forms/d/e/1FAIpQLScdz7oNcZx2-UX-BfnDTGBJmKaqT3Ev24yo4CeBVkva19Fbwg/viewform

▪️ သင်တန်း အချိန် ဇယား နှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးလိုပါက 09751871587 ကို ဆက်သွယ်နိုင်သလို Page Messenger မှ လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📞

▪️ကျောင်းသားများ တက်ရောက်လိုသည့် အချိန် နှင့် ရုံးချိန် လွတ်အတန်းများကို လဲ  ဆွေးနွေး ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 

#LetsPlanYourCareerTogether

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar