fbpx
June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK နိုင်ငံရှိ University of Edinburgh မှသင်ကြားပို့ချပေးနေတဲ့ MSc Medicinal and Biological Chemistry Program ပဲဖြစ်ပါတယ်။ 

Medicinal and Biological Chemistry ဆိုသည်မှာ macromolecules မှ cellsများ၏ ဇီဝဗေဒဆိုင်ရာ တည်ဆောက်ပုံများ၊ ဓာတ်ခွဲခန်းရှိဆေးဝါးပစ္စည်းများဒီဇိုင်းနှင့်လက်တွေ့အခြေအနေများတွင် ၄င်းတို့၏လုပ်ဆောင်ချက်များကို လေ့လာရသော program ဖြစ်ပါတယ်။

Degree တွင်အဆင့်မြင့် lecture courses များဖြစ်သော Biological Chemistry, Biomacromolecules, Chemical Medicine, Biophysical Chemistry စသည်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးပါတယ်။ 

Program ကိုတစ်နှစ် Full-Time တက်ရောက်ရမည်ဖြစ်ပြီး  Medicinal and biological chemistry နယ်ပယ်ရှိ ထိပ်တန်းသုတေသီများက သင်ခန်းစာများကို ပို့ချပေးမှာ ဖြစ်ပါတယ်။ 

ပို့ချချက်များနှင့်အတူ tutorial များပါစစ်ဆေးမည်ဖြစ်ပြီး မေလတွင်ပြုလုပ်မည့် coursework နှင့်စာမေးပွဲမှ ရမှတ်များဖြင့် အကဲဖြတ်မည်ဖြစ်သည်။ 

Professional chemists များနှင့်သုတေသနဖြစ်စဉ်များအတွက် အရေးကြီးသည့် skillများဖြစ်သော science communication, data handling, statistics စသည်တို့တွင် အတွေ့အကြုံရှိစေရန်အတွက် training များထည့်သွင်းပေးလျက်ရှိပါတယ်။ 

MSc Medicinal and Biological Chemistry Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Honours degree (သို့) international standard နှင့်အညီ ဓာတုဗေဒအစိတ်အပိုင်းနှင့်အနီးကပ်ဆက်နွယ်မှု ရှိရမည်။ 

Supporting reference များနှင့်အတူ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်။ 

IELTS Academic – total 6.5 with at least 6.0 in each component.

TOEFL-iBT (including Special Home Edition) –  total 92 with at least 20 in each section.

CAE and CPE: total 176 with at least 169 in each paper

Intake – September 

UK Government Funding များစွာပေးလျက်ရှိပြီး အသေးစိတ်ကို https://www.ed.ac.uk/student-funding/postgraduate/uk-eu/other-funding တွင်ကြည့်နိုင်ပါတယ်။ 

Career Opportunities များအနေဖြင့်လည်း  chemical and pharmaceutical industriesများတွင်သာမက academia, education, scientific publishing, research-support sector, consultancy စသောနယ်ပယ်များတွင်ပါ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 25, 2021

2021 ပညာသင်နှစ်အတွက် Australia နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များမှ 50% အထိ ပေးအပ်သောScholarship များကို EEVS မှတစ်ဆင့်လျှောက်ထားနိုင်တဲ့ အကြောင်း သိပြီးပြီလား? 

ဘယ်လို Scholarship တွေပေးနေတာလဲဆိုတာ သိရအောင် post လေးကို အဆုံးထိဖတ်ကြည့်ပေးပါဦးနော်။ 

RMIT Future Leaders Scholarship 2021

RMIT University တွင် Bachelor (သို့)  Master by Coursework programများ တက်ရောက်လိုသော ကျောင်းသားများအတွက်  20% အထိScholarship များပေးနေပါတယ်။ 

CQ International Student Scholarship 

CQ University တွင် international vocational, research, full degree and packaged academic coursework များတက်ရောက်မည့် နိုင်ငံတကာမှ ကျောင်းသားအသစ်များအတွက် 25% အထိ Scholarships များပေးနေပါတယ်။ 

Holmes Institute Scholarship 

Unit 4ခု enroll လုပ်သော ကျောင်းသားများအတွက် Holmes Institute မှ 15% အထိ Scholarships တွေပေးထားပါတယ်။ 

Torrens University Australia Scholarship

30 %  အထိ Business Merit Scholarship ကို Campus အားလုံးအတွက် ပေးလျက်ရှိပြီး Brisbane campus အတွက်လည်း Scholarships တွေပါဝင်ပါတယ်။ 

Kaplan Business School Australia –  Healthcare Leadership Scholarship

နိုင်ငံတကာကျောင်းသားများအတွက် 50%အထိ Scholarship ကို  Master of Business Administration – Health Services Management program အတွက်ပေးအပ်မည်ဖြစ်ပြီး online (သို့)  Kaplan campus ၅ခုမှ တစ်ခုခုတွင် တက်ရောက်ရန် ရွေးချယ်နိုင်ပါတယ်။ 

Federation University Australia Global Excellence Scholarship 

Federation University တွင် postgraduate နှင့် undergraduate program များကို လျှောက်ထားသော နိုင်ငံတကာမှ ထူးချွန်ကျောင်းသားများအတွက် 25% အထိ Scholarship ပေးအပ်လျက်ရှိပါတယ်။

Charles Sturt University Australia 2021 International student support scholarship

Charles Sturt University တွင် ပထမနှစ် ပညာသင်နှစ်Bachelor Degree များလျှောက်ထားလိုသူများအတွက်  30% Scholarship  ပေးအပ်လျက်ရှိပါတယ်။ 

Tasmanian International Scholarship

University of  Tasmania တွင် postgraduate coursework degrees များကိုလျှောက်ထားသော နိုင်ငံတကာမှ ကျောင်းသားများအတွက် 25% အထိ Scholarship များပေးအပ်လျက်ရှိပါတယ်။ 

University of Canberra International Course Merit Scholarship 

University of Canberra တွင် Bachelor (သို့) Master degree တက်ရောက်ရန် လျှောက်ထားသော နိုင်ငံတကာကျောင်းသားများအတွက် 25%အထိ Scholarship ပေးလျက်ရှိပါတယ်။ 

Southern Cross University International Scholarship

 Southern Cross Universityတွင် နိုင်ငံတကာကျောင်းသားများအတွက် full duration course အတွက်  25%အထိ Scholarship ပေးလျက်ရှိပါတယ်။ 

Flinders University Go Beyond Scholarship 

Flinders University တွင် Business, Creative Arts, Education, Engineering, Environment, Government, Information technology, Law, Psychology, Public health, Science, and Social Work စသော ဘာသာရပ်နယ်ပယ်များအတွက် undergraduate နှင့် postgraduate program များလျှောက်ထားသော နိုင်ငံတကာကျောင်းသားများအတွက် 30% အထိ Scholarship များပေးလျက်ရှိပါတယ်။ 

လျှောက်ထားနိုင်တဲ့ Scholarship အကြောင်းတွေလည်း သိပြီးပြီဆိုတော့ Australia မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ scholarship နှင့်ပညာသင်ကြားနိုင်ဖို့အတွက် အခုပဲ EEVS မှတစ်ဆင့် ဆက်သွယ်လျှောက်ထားလိုက်တော့နော်။ 

 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar#Scholarships

 

 

 

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  UK ရှိ The University of Manchester တွင် သင်ကြားပို့ချပေးနေတဲ့  MSc Clinical Dentistry (Paediatric Dentistry) program ပဲဖြစ်ပါတယ်။ 

The University of Manchester သည် UK နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၅ တွင်ရှိပြီး 2021 QS World University Ranking အရ ကမ္ဘာပေါ်ရှိ သွားဖက်ဆိုင်ရာ ဘာသာရပ်တွင် နံပါတ် ၃၁ တွင် ရပ်တည်လျက် ရှိပါတယ်။ 

MSc Clinical Dentistry (Paediatric Dentistry) သည် ကလေး  သွားဖက်ဆိုင်ရာနှင့် ဆေးကုသမှု နည်းပညာများကို အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။ Tuition Fees မှာ တစ်နှစ်လျှင်  £47,000 ကျသင့်မှာဖြစ်ပြီး ၃၆ လ ကြာ တက်ရောက်ရပါမယ်။

English Proficiency အနေဖြင့် IELTS: Overall 6.5 (with no less than 6.0 in all components), TOEFL: 90(Minimum: Listening 20; Writing 20; Reading 20 and Speaking 20) လိုအပ်ပါတယ်။ 

သင်ကြားရာတွင်  Lectures, Seminars, Practical skill sessions, Online learning စသဖြင့် ကလေး သွားဖက်ဆိုင်ရာ Specialist အရည်အသွေးများကို ပို့ချပေးလျက်ရှိပါတယ်။ သွားဖက်ဆိုင်ရာ ထူးခြားချက်များ၊ အနာတရ နှင့် သွားပိုးစားခြင်း စသော ဆေးဝါးကုသမှု လက်တွေ့ နည်းများကို The University Dental Hospital of Manchester တွင် လက်တွေ့ သင်ယူနိုင်ပါတယ်။ 

သွားဖက်ဆိုင်ရာ ဗဟုသုတများဖြစ်သော အကိုက်အခဲပျောက်ဆေးသုံးထားသော လူနာကို ကုသပုံ၊ စိတ်ငြိမ်ဆေး နှင့် ထုံဆေးများ စသော သင်ကြားမှုများနှင့် အတွေး အခေါ်များကို လက်တွေ့အပြင် နှုတ်ဖြင့် ဆွေးနွေးခြင်းများကိုပါ သင်ကြားပေးပါတယ်။ နှစ်အလိုက် တက်ရောက်ရသော Course unit များမှာ-

Year 1

  • Research Methods
  • Biostatistics
  • Guidelines Development and Implementation
  • CPD
  • Clinical treatment and consultation sessions at University Dental Hospital of Manchester
  • Clinical Skills Teaching
  • Seminars
  • Research Project

Year 2

  • Continued Clinical Training
  • Seminars
  • Research Project

Year 3

  • Seminars
  • Continued Clinical Training
  • Research Project

အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပုဂ္ဂလိက သို့ သွားဖက်ဆိုင်ရာ ဆေးရုံများ၊ သုတေသနနှင့် သင်ကြားရေးပိုင်းများ ၊ သွားဖက်ဆိုင်ရာ ဆွေးနွေးပေးခြင်း  လုပ်ကိုင်နိုင်နိုင်ပါတယ်။ 

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Food Technology and Nutrition ဘာသာရပ်တက်ရောက်လိုသူများအတွက် သြစတြေးလျနိုင်ငံ Melbourne ရှိ Public Research University တစ်ခုဖြစ်သော Royal Melbourne Institute of   Technology (RMIT) နှင့် မိတ် ဆက်ပေးလိုက်ပါတယ်။ 

Bachelor of Science (Food Technology and Nutrition) ဘာသာရပ်သည် တစ်နှစ်လျှင် Tuition fees – AU $ 36480 ကျသင့်ပြီး ၃ နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ Campus မှာMelbourne City, Bundoora တွင်ရှိပြီး ဖော်ဖော်ဝါရီ၊ ဇူလိုင်လ များတွက် လျှောက်ထားနိုင်ပါတယ်။ 

ပထမ semester ၃ ခုကို Melbourne City Campus တွင် တက်ရောက်ရပြိး နောက်Semester ၃ ခုကို Bundoora campus တွင် တက်ရောက်ရပါမယ်။ ပထမ Semester ၃ ခုတွင် Foundation ဘာသာရပ်များဖြစ်သော ဓာတုဗေဒ ၊ အဏု ဇီဝဗေဒ ဘာသာရပ်များ အပါအဝင် အစားအစာ နှင့် အာဟာရ ဗေဒ အကြောင်း စတင် သင်ကြားရမှာ  ဖြစ်ပါတယ်။ 

Nutrition မေဂျာသည် လူသားတို့၏ ကျန်းမာရေးနှင့် အာဟာရ ဗေဒအကြောင်း အဓိက  လေ့လာရမှာဖြစ်ပါတယ်။ Food technology သည် အစားအသောက် ထုတ်လုပ်မှု ၊ အစားအသောက် အာရုံခံ စမ်းသပ်ခြင်းများနှင့် ထုတ်ကုန် အရည်အသွေး အာမခံမှု ရှိ၊ မရှိ စမ်းသပ်ခြင်းများကို သင်ကြားပေးမှာပါ။ သင်ကြားရေးတွင် ခေတ်မီ အထောက်အကူပစ္စည်းများနှင့် ဓာတ်ခွဲ ခန်းများကို ထောက်ပံ့ပေးထားပါတယ်။ 

RMIT မှ ပေးအပ်သော ဘွဲ့ရရှိပြီးပါက Australian Institute of Food Science and Technology(AIFST) တွင် အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါတယ်။ ထို့ပြင် Nutrition Society of Australia တွင် အာဟာရ ဗေဒ ပညာရှင် (Nutritionist) အဖြစ် မှတ်ပုံတင်နိုင်ပါတယ်။ 

Bachelor of Science (Food Technology and Nutrition) တက်ရောက် အောင်မြင်ပြီးသူများသည်  RMIT နှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းပေါင်း ၂၀၀ တွင် အလုပ်အခွင့်အလမ်းများကို ရရှိနိုင်ပါတယ်။ Nestlé,Cadbury,Simplot,Heinz, Mondelez စသော ကုမ္ပဏီများတွင် လုပ်ကိုင်နိုင်ပါတယ်။

တက်ရောက်လိုသူများအနေဖြင့် သြစတြေးလျနိုင်ငံ၏ Year 12 နှင့် ညီမျှရမည် သို့မဟုတ် ပညာအရည်အချင်း ပျမ်းမျှ ၆၅% ရှိရမည်။ 

English Proficiency အနေဖြင့် – 

 

  • IELTS (Academic): minimum overall band of 6.5 (with no individual band below 6.0)
  • TOEFL (Internet Based Test – IBT): minimum overall score of 79 (with minimum of 13 in Reading, 12 in Listening, 18 in Speaking and 21 in Writing)
  • Pearson Test of English (Academic) (PTE (A)): minimum score of 58 
  • Cambridge English: Advanced (CAE): minimum of 176 with no less than 169 

The Bachelor of Science(Food Technology and Nutrition) အောင်မြင်ပြီး GPA 2 ရှိပါက Master of Food and Science and Technology ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အမေရိကန်ပြည်ထောင်စုရှိ The University of Arizona တွင် သင်ကြားပို့ချပေးနေတဲ့  Bachelor of Biology: Biomedical Sciences Emphasis program ပဲဖြစ်ပါတယ်။ 

The University of Arizona သည် Tucson, Arizona တွင် တည်ရှိသော အများပြည်သူ သုတေသန တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းသား ဆရာ အချိုးမှာ ၁၅:၁ ဖြစ်ပြီး ကျောင်းသား ကလပ်နှင့် အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။ The University of Arizona သည် နိုင်ငံတွင်း Public Research Institution တွင် ထိပ်တန်း တက္ကသိုလ် ၂၀ တွင် ပါဝင်ပါတယ်။ 

The Bachelor of Science in Biology ဘာသာရပ်ကို The University of Arizona ၏ ကောလိပ်ဖြစ်သော College of Science တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်။Campus မှာ Tucson တွင် ဖြစ်ပြီး ၄၈ လကြာမြင့်မှာ ဖြစ်ပါတယ်။ Intake များမှာ Fall(Aug), Spring (Jan), Summer (May) ဖြစ်ပြီး Application Deadline- Fall (Aug): 15 May, Spring (Jan): 15 Oct, Summer (May): 15 Mar ဖြစ်ပါတယ်။ Tuition fees မှာ တစ်နှစ်လျှင်  $ 36600 ကျသင့်မှာ ဖြစ်ပါတယ်။ 

The Bachelor of Science in Biology ဘာသာရပ်သည် ခေတ်သစ် Biology အကြောင်း အခြေခံ ခိုင်မာစွာ သင်ကြားပေးသဖြင့် Biomedical Research, Medicine နှင့် အခြားသော ကျန်းမာရေး နယ်ပယ်များတွင် လုပ်ကိုင်နိုင်ပါတယ်။ ယခု ပရိုဂရမ်တွင် ခန္ဓာ ဗေဒ၊ ဇီဝ ကမ္မဗေဒ၊ ဇီဝ ဓာတုဗေဒ၊ မျိုးရိုးဗီဇ စသည်တို့ကို လေ့လာရပါတယ်။ ၄ နှစ် တက်ရောက်ရမှာ ဖြစ်ပြီး တစ်နှစ်လျှင် Semester ၂ ခု စီ တက်ရောက်ရပါမယ်။ 

Bachelor အောင်မြင်ပြီးနောက် Medicine(MD,DO), Pharmacy(PharmD),OPtometry(OD), Dentistry(DDS,DMD), Public Health(MPH) စသော  ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။ ထို့အတူ Bachelor of Science in Biology ဘွဲ့ရပြီးနောက် လုပ်ကို်င်နိုင်သော နယ်ပယ်များမှာ –

Medical and Clinical research, Healthcare, Pharmacology, Biomedical Engineering, Forensic Science  တို့ဖြစ်ပါတယ်။

Language Proficiency အဖြစ် IELTS Overall -6,TOEFL iBT Overall -70, PTE Overall -53, DET Score -100 လိုအပ်ပါတယ်။ Entry Requirement –GAP 3 လိုအပ်ပါတယ်။ 

အသေးစိတ်ကို ယခု ဖော်ပြပါ Link-https://www.arizona.edu/degree-search/majors/biology-biomedical-sciences-emphasis တွင် ကြည့်ရှုနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 24, 2021

Poland နိုင်ငံသည် ဥရောပ အရှေ့ခြမ်းတွင် တည်ရှိပြီး Germany,  Lithuania, Belarus, Ukraine နိုင်ငံတို့ ဝန်းရံလျက် ရှိပါတယ်။ ပိုလန်နိုင်ငံသား ၅၀ ရာခိုင်နှုန်းသည် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုကြပြီး  အပြောများသော ဘာသာစကားအချို့မှာ ပြင်သစ်၊ ဂျာမာန် နှင့် ပိုလန် ဘာသာစကားတို့ဖြစ်ပါတယ်။ Poland နိုင်ငံ၏ ဥပဒေအရ ကျောင်းသားများအနေဖြင့် တစ်ပတ်လျှင် တစ်ပတ်ကို နာရီ ၂၀ သာ လုပ်ကိုင်ခွင့်ရှိပြီး ကျောင်းပိတ်ရက်များတွင် အချိန်ပြည့် အလုပ်လုပ်ခွင့် ရှိပါတယ်။

ယနေ့မှာတော့ကျောင်းသားများအနေဖြင့် Poland နိုင်ငံတွင် ပညာသင်ယူသင့်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။

ရွေးချယ်စရာ တက္ကသိုလ် ၊ ကောလိပ် များရှိခြင်း 

Poland နိုင်ငံတွင် တက္ကသိုလ်ပေါင်း ၄၀၀ တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားပေါင်း ၁.၁ မီလီယံနှင့် အထက်ရှိပါတယ်။ ဘာသာရပ်ပေါင်း ၁၀၀ ကျော်ဖြင့် သင်ကြားလျက်ရှိုပြီး  ပရိုဂရမ် အများစုကို ပိုလန် ဘာသာစကား နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် အဓိက သင်ကြားပေးပါတယ်။ ဓာတ်ခွဲ ခန်းများနှင့် ကွန်ပြူတာ များ ပြည့်စုံစွာ ထားရှိပေးထားပြီး လူမှု ဘာသာရပ်များ နှင့် သိပ္ပံနှင့် နည်းပညာ သင်ကြားပေးသော အဆင့်မြင့် ပညာရေး ကောလိပ်များလဲ ရှိပါတယ်။ Double – Degree ပရိုဂရမ်များအပါအဝင် အဆင့်မြင့် ပညာရေးစနစ်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များကို ပေးအပ်လျက်ရှိပါတယ်။ 

ထိပ်တန်း တက္ကသိုလ်များမှာ Medical University of Bialystok, University of Wroclaw, Wroclaw University of Technology, University of Gdansk, Warsaw University of Technology, Medical University of Gdansk , Gdansk University of Technology, Collegium Civitas Warsaw, Bialystok University of Technology တို့ဖြစ်ပါတယ်။ 

ကုန်ကျစရိတ် သက်သာခြင်း

Poland နိုင်ငံသည် ဥရောပ နှင့် နိုင်ငံတကာ ကုမ္ပဏီများရှိရာ ပညာသင်ကြားရန် အကောင်းဆုံး နေရာ ဖြစ်ပါတယ်။Poland နိုင်ငံ၏ ပညာရေး စရိတ်သည် ဥရောပ၏ အခြားသော နိုင်ငံများထက် ပို၍ သက်သာပါတယ်။ Tuition fees မှာ တစ်နှစ်လျှင် 1500 EUR မှ စတင်၍ 3000 EUR ထိ ကုန်ကျနိုင်ပါတယ်။ ပြင်သစ်၊ ဂျာမနီ ၊ ယူကေ နိုင်ငံရှိ ပုဂ္ဂလိက ကျောင်းများနှင့် နှိုင်းယှဉ်ပါက ပို၍ သက်သာပါတယ်။ ဥပမာအားဖြင့် ပြင်သစ်တွင် တစ်နှစ်လျှင် ပညာသင်စရိတ်မှာ 2000 to 7000 EUR ထိ ကျသင့်ပါတယ်။ 

နေထိုင်စရိတ်မှာ အဆောင်ခ၊ အစားအသောက်နှင့် ယာဉ်စီးခများအပါအဝင် စုစုပေါင်း €200-€400 ကာမိပါတယ်။ မြို့လယ်ခေါင်ရှိ စပ်တူ ငှားရမ်းသော တိုက်ခန်း ခမှာ 100-150 EUR ကျသင့်ပြီး လစဉ် ပို့ဆောင် ဆက်သွယ်ရေးမှာ 25 EUR ကျသင့်ပြီး စက်ဘီးဖြင့်လဲ သွားနိုင်သဖြင့် ကုန်ကျစရိတ် ခြွေတာနိုင်ပါတယ်။ နေ့လယ်စာ တစ်နပ်အတွက် 5 EUR သာ ကျသင့် ပါတယ်။ကုန်ကျစရိတ် အသေးစိတ်ကို ယခု ဖော်ပြပါ Link- https://educationpoland.pl/living-working-poland/costs/ တွင် ကြည့်ရှုနိုင်ပါတယ်။ 

ကမ္ဘာကျော် ပညာရှင်များ  မွေးထုတ်ပေးနိုင်ခြင်း 

သမိုင်းဝင် တေးရေးဆရာများဖြစ်သော  Karol Szymanowski, Fryderyk Chopin and Ignacy Paderewski, aHenryk Górecki, Witold Lutosławski or Krzysztof Penderecki တို့ကို မွေးထုတ်ပေးခဲ့ပြီး Nobel ဆုရ စာရေးဆရာ ၅ ဦး နေထိုင်ရာ နိုင်ငံဖြစ်ပါတယ်။  Andrzej Wajda, Janusz Kamiński, Roman Polański, Krzysztof Kieślowski စသော ကမ္ဘာ့အသိအမှတ်ပြု အနုပညာရှင်များစွာလဲ ရှိပါတယ်။  

ယဉ်ကျေးမှု နှင့် ပွဲတော်များ ပေါများခြင်း

Poland နိုင်ငံသည် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများဖြင့် ယဉ်ကျေးမှု အမွေ အနှစ်ကြွယ်ဝသော နိုင်ငံဖြစ်ပါတယ်။ ကျောင်းသားများအတွက် ပညာသင်ယူခြင်းသာမက အားကစားပြိုင်ပွဲများနှင့် ပွဲတော်များစွာ ကျင်းပလျက်ရှိပါတယ်။ ပိုလန် နိုင်ငံတွင်  နွေရာသီတိုင်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဂီတ ပွဲတော်ကို ကျင်းပပေးလျက်ရှိပါတယ်။ ထို့ပြင် တက္ကသိုလ်တိုင်းမှ Juwenalia ဟုခေါ်သော ပွဲတော်ကို ကျင်းပပေးပြိး ထိုပွဲတော်ရက်တွင် အတန်းများ ပိတ်ကာ Party ပွဲများ ဖြင့် ပျော်ရွှင်စွာ လည်ပတ်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

ဒီတစ်ခါ EEVS မှတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Poland နိုင်ငံမှာသွားရောက်ပညာသင်ကြားမည့် ကျောင်းသားများအတွက် Part-Time jobs နှင့်ပတ်သက်ပြီး သိထားဖို့လိုအပ်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ 

 Poland အစိုးရ၏ စည်းမျဉ်းသစ်အရ နိုင်ငံတကာကျောင်းသားများအတွက်အချိန်ပိုင်းအလုပ်များရဖို့ ပိုမိုလွယ်ကူလာသလို နိုင်ငံတကာ  ကျောင်းသား တွေအနေနဲ့လည်း part-time jobs တွေပိုရှာဖွေလာကြပါတယ်။ 

နိုင်ငံတကာ ကျောင်းသားများအနေဖြင့်  Poland နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကာလအတွင်း Part-Time jobs လုပ်ကိုင်ခွင့်ရှိပြီး EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် residency permit ရှိရန်လိုအပ်ပါတယ်။ 

တက္ကသိုလ် ပထမနှစ် program တွင်တက်ရောက်နေသူများသာမက Full-Time language school တက်ရောက်နေသော ကျောင်းသားများပါ part-time လုပ်ကိုင်နိုင်ပါတယ်။ 

အလုပ်လုပ်ရန်သတ်မှတ်ထားသော အချိန်မှာ ကျောင်းတက်နေစဉ်ကာလအတွင်း နာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်ရက်အားလပ်ရက်များတွင် Full Time ၃လ လုပ်ကိုင်နိုင်ပါတယ်။ Residence Cards ကိုင်ဆောင်သူများသာ Full-Time လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ 

EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် July, August, September လများတွင်အလုပ်လုပ်ကိုင်နိုင်ပါတယ်။ 

Poland နိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအတွက် Part-Time jobs များသာမက  Internship အခွင့်အရေးတွေပါ ပေးအပ်နေပါတယ်။ Part-Time နှင့် Full-Time Internship များဆင်းနိုင်ပြီး များသောအားဖြင့်  Part-Time Internshipတွေများပါတယ်။ အများစုမှာ Unpaid Internship ဖြစ်ပြီး Paid Internship များလည်းရှိပါတယ်။ 

Poland နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများ ဝင်ရောက်လုပ်ကိုင်နိုင်သော Part-Time Jobs အများစုမှာ- 

Customer services jobs

Booksellers at a bookshop   

Delivery boy

Library assistant

Teacher assistant

Language teacher

Translator

Freelancer

Volunteer

Restaurant job

Waiter job

Gas shop jobs

Marketing jobs

Jobs in bars  တို့ပဲဖြစ်ပါတယ်။ 

Poland နိုင်ငံမှာ Part-Time Jobs တွေဘယ်လိုရှာမလဲ?

လက်ရှိတက်ရောက်နေသော  college (သို့) university ရှိ supporting department နှင့်ဆက်သွယ်ပြီး  On-campus (သို့) Off-campus opportunities များရှာဖွေခြင်း 

Job portals များအသုံးပြုခြင်း

Seniors များထံမှ suggestion များရယူခြင်း အပြင်

Warsaw, Krakow, Wroclaw မြို့များက ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိသောကြောင့် ထိုမြို့များမှ တစ်မြို့တွင်  မိမိ  destination ကိုသတ်မှတ်နိုင်လျှင် ပိုအဆင်ပြေပါတယ်။ 

Part-Time Jobs နှင့် Internships များဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် budget planning တွေပိုအားကောင်းစေရုံသာမက employer များနှင့် အဆက်အသွယ်တွေရရှိနိုင်ပြီး ကျောင်းမပြီးခင်ကာလတည်းက လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

#Part-TimeJobsInPoland

June 24, 2021

1920  တွင်စတင်တည်ထောင်ခဲ့သော သြစတြေးလျနိုင်ငံရှိ Taylors College သည် နိုင်ငံတကာရှိ ကျောင်းသားများအတွက် University Preparation Program များကို သင်ကြားပေးတာဖြစ်ပါတယ်။ 

Sydney, Perth နှင့် Auckland တို့တွင် campus များရှိပြီး US ,UK , Canada , Europe ,Australia နှင့် New Zealand နိုင်ငံများရှိ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်နှင့် ပူးပေါင်းကာ ပုဂ္ဂလိက အဆင့်မြင့် ပညာရေး၊ ဘာသာစကားနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်သော Study Group ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ 

University of Sydney foundation  ကို အောင်မြင်စွာ ပြီးဆုံးသွားသော ကျောင်းသားများသည် The University of Sydney တွင် ကျောင်းဝင်ခွင့် ရရှိနိုင်ပါတယ်။ 

The High Achievers Preparation Program (HAPP) သည် academic result ကောင်းမွန်သည့် ထူးချွန်ကျောင်းသားများနှင့် English skills ပြည့်ဝသော ကျောင်းသားများအတွက် တက်ရောက်နိုင်ပါတယ်။ ထို Program ပြီးမြောက်ပါက University of Sydney တွင် ၅လအတွင်း first year  bachelor degree ကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

University of Western Australia Foundation program  သည်  Western Australia University တွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွင် ဝင်ခွင့် ရရှိနိုင်ရန် ရည်ရွယ်သည့် Foundation program ဖြစ်ပါတယ်။

Taylors Auckland foundation Year သည်  The University of Auckland, Auckland University of Technology နှင့် New Zealand ရှိ  Massey University ကို တက်ရောက်နိုင်ရန် ရည်ရွယ်ပါတယ်။ 

Taylor College တွင် အလယ်တန်းပညာရေး ( Year 10, 11,12) ကို Australia၏ Sydney ကျောင်းတွင် ပို့ချပေးပြီး အထက်တန်းကျောင်းပညာရေးတွင် အင်္ဂလိပ်စာနှင့် New South Wales ကျောင်းဝင်ခွင့် စာမေးပွဲတွက် လိုအပ်သော သင်ရိုးညွှန်းတမ်းများဖြင့်  သင်ကြားပေးပါတယ်။

 ထို သင်ရိုးညွှန်းတမ်းများနှင့် စာမေးပွဲများကို New South Wales မှ စီစဉ်ပေးပါတယ်။

Foundation program များတွင်သင်ကြားပေးလျက်ရှိသော ဘာသာရပ်အချို့မှာ – 

English 

Accounting 

Australian Studies 

Biology 

Chemistry 

Economics  

Foundations of Social Science 

Foundations of Visual Arts and Design

Government and Law

Information Technology 

International Studies

Mathematics 

Media Studies and Communication စသည်တို့ဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ – 

IELTS –  5.5-6

TOEFL –  62-69

PTE –  46-54

Australia နိုင်ငံမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ဝင်ခွင့်ရလိုသူတွေအတွက် Taylor College ၏ Foundation Program များကို တက်ရောက်နိုင်ပါတယ်။ 

Program Link – https://www.taylorssydney.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 24, 2021

Australia မှာ ပညာသင်စရိတ်သက်သက်သာသာ နှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ယူလိုပါသလား?

ဒါဆိုရင်တော့ TAFE NSW မှာပညာသင်ကြားဖို့ ရွေးချယ်လိုက်တာက အကောင်းဆုံး option တစ်ခုပဲဖြစ်ပါတယ်။

TAFE NSW ဆိုတာကတော့ အသက်မွေးဝမ်းကြောင်းပညာရပ်များကို အဓိကထားသင်ကြားပေးနေတဲ့ New South Walesအခြေစိုက်ဩစတြေးလျအစိုးရပိုင် ထိပ်တန်းVET Course Provider ပဲဖြစ်ပါတယ်။

TAFE ကျောင်းတွင် နှစ်စဉ် enrollလုပ်ထားသောကျောင်းသားပေါင်း ၄၃၀,၀၀၀ ရှိပြီး career readiness ရှိစေရန်အတွက် လက်တွေ့ကျကျ သင်ကြားပေးလျက်ရှိပါတယ်။

TAFE ကျောင်းများသည် Sydney, Melbourne,Perth, Adelaide, Brisbane စသောမြို့များတွင်တည်ရှိပြီး Foundation Program, Certificate Program, Diploma Program နှင့် Bachelor Programများကို သင်ကြားပေးလျက်ရှိပါတယ်။

နိုင်ငံတကာ ကျောင်းသားများအတွက်TAFE ကျောင်းများတွင် တက်ရောက်နိုင်သောဘာသာရပ် နယ်ပယ်များမှာ-

Business and Leadership

Finance

Information and Communications Technology

Screen and Media

Creative, Fashion, Music

Sales and Retail

HR Training

Community Services

Animal, Agriculture and Environmental studies

Aviation and Maritime

Tourism, Hospitality and Events

Automotive Trades and Services

Engineering and Electro technology

Building, Construction and Property

Logistics and Warehousing

Health and Fitness

Hairdressing and Beauty

Aboriginal Education စသည်တို့ပဲဖြစ်ပါတယ်။

အသေးစိတ်ကို https://www.tafensw.edu.au/courses တွင်ကြည့်နိုင်ပါတယ်။

TAFE NSW သည် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော ကြောင့် TAFE တွင် Foundation programများတက်ရောက်ပြီးပါက ထိုတက္ကသိုလ်များတွင် Postgraduate Program များအတွက် တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်ပါတယ်။ ချိတ်ဆက်ထားသော တက္ကသိုလ် အချို့မှာ-

Australian Catholic University (ACU)

Southern Cross University

University of Canberra

University of Technology Sydney (UTS) 

Queensland University of Technology 

CQ University အစရှိသည့် universities များပါဝင်ပါတယ်။ 

တက်ရောက်လိုသော ကျောင်းသားများအနေဖြင့်  IELTS 6.0 or 6.5. ရှိရန်လိုအပ်ပါတယ်။

Fees အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

A registration fee – AUD$100 (non-refundable)

A tuition fee 

AUD$4,395 to AUD$15,450 per semester for vocational courses

AUD$6,680 to AUD$11,500 per semester for TAFE NSW Degree courses

လက်ရှိတွင် Bachelor Program များအတွက် 25% အထိ Scholarship များကို ပေးအပ်လျက်ရှိပြီး

EEVS မှတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

Intake Seasons – February, April, July, September

Program Link – https://www.tafensw.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

 

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အင်္ဂလန်နိုင်ငံရှိ University of Leicester မှသင်ကြားပို့ချပေးနေတဲ့ MSc in Healthcare Management program ပဲဖြစ်ပါတယ်။

MSc in Healthcare Management ဆိုတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် စီမံခန့်ခွဲမှုတာဝန်တွေကို ပြန်လည်အသုံးချနိုင်ရန်အတွက် သင်ကြားပေးတာဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ Healthcare Managers တွေ Clinical professionals တွေဖြစ်လာဖို့အတွက် Leadership, Strategy, Organisational behaviour and Accounting စတဲ့ဘာသာရပ်နယ်ပယ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ 

MSc in Healthcare Management program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီး Intake Seasonမှာ September ဖြစ်ပါတယ်။ Course Structure မှာ-

Semester 1

Academic Skills and Practice

Organisational Behaviour

Business Economics

Accounting and Finance for Managers

Managing Clinical Professionals in Healthcare

Semester 2

Strategic Management

Foundations of Leadership

Leading, Managing and Organising Quality and Safety in Healthcare

Research Methods for Healthcare Managers

Seminars, lectures, group work, case study analysis, guided reading များဖြင့် သင်ကြားပေးမည်ဖြစ်ပြီး second semester တွင် moduleအများကို အချိန်တိုအတွင်းဆက်တိုက် သင်ကြားပေးပါမည်။ ကျောင်းသားများအတွက် လိုအပ်သည်များကို support လုပ်ပေးနိုင်ရန် personal tutor တစ်ဦးစီထားရှိပေးထားပါတယ်။

အကဲဖြတ်အမှတ်ပေးရာတွင် စာမေးပွဲအမှတ်သာမက assignmentsအမှတ်များပါ ထည့်တွက်မည်ဖြစ်ပြီး 15,000-word dissertation တစ်ခုပါတင်ပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ-

IELTS 6.5 or equivalent လိုအပ်ပြီး အသိအမှတ်ပြု တက္ကသိုလ်မှ medical degree ရရှိရမည် (သို့) 2.1 နှင့်အထက် ဆက်စပ် ဘာသာရပ်ဆိုင်ရာဘွဲ့ ရရှိထားရမည်။

 Total course fees မှာ  £19,760ကျသင့်မည်ဖြစ်ပြီး နိုင်ငံတကာကျောင်းသားများအတွက် Scholarships များကို နှစ်စဉ် £2,000 ပေးလေ့ရှိပါတယ်။

အသေးစိတ်ကို https://le.ac.uk/study/international-students/scholarships တွင်ကြည့်နိုင်ပါတယ်။ 

MSc in Healthcare Management ကိုတက်ရောက်ခြင်းအားဖြင့် Healthcare industry ၏ management, human resource development, leadership, strategy နယ်ပယ်များအတွက် စာတွေ့သာမက professional knowledge တွေပါရရှိမှာဖြစ်ပါတယ်။

Career opportunities များအနေဖြင့်လည်း National Health Service နှင့် Healthcare sector များတွင် management positionများဖြစ်သော Healthcare Department Manager, Healthcare Finance Manager, Quality and Improvement Manager, Healthcare Administrator, Physician Practice Manager စသော position များဖြင့်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Program Link-  https://le.ac.uk/courses/healthcare-management-msc/2021

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar