fbpx
August 31, 2020
Australian Qualifications Framework (AQF) ဆိုတာကတော့ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ ပညာရေးဝန်ဆောင်မှု ပေးသူတွေ ကို ကွပ်ကဲဖို့၊ ပညာရေးရပ်ဝန်းတစ်ခုလုံးကို ထိန်းကျောင်းဖို့နဲ့ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ဖို့ စတာတွေအတွက် သြစတြေးလျအစိုးရက ပြ ဋ္ဌာန်းထားတဲ့ national policy တစ်ခု ဖြစ်ပါတယ်။
AQF ကို ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး သြစတြေးလျနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ Secondary Education မှ စပြီး Higher Educaiton, Doctorate Studies (Research) အဆုံး Education Framework တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။
AQF Level အရ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Diploma ၊ Degreee များကို အောက်ပါအတိုင်း Level သတ်မှတ်ထားပါတယ်။ တစ်ချိူ့ဘွဲ့တွေဟာ ကျောင်းသားတွေရဲ့ ပညာအရည်အချင်း၊ accrediated parthway နဲ့ university/college တွေပေါ် မူတည်ပြီး Level ထပ်တူတာတွေ တွေရှိပေမယ့်လို့ ဘွဲ့အားလုံးဟာ AQF Framework ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ရှိကြပါတယ်။
Secondary Education
1. Secondary High School
2. Certificate I
3. Certificate II
Vocational Education Training (VET)
1. Certificate I
2. Certificate II
3. Certificate III
4. Certificate IV
5. Diploma
6. Advanced Diploma
Higher Education Sector
7. Associate Degree = Advanced Diploma
8. Bachelor
9. Bachelor Honours Degree
10. Graduate Certificate
11. Graduate Diploma
12. Master
13. Doctorate
14. Research (s)
Australian Qualitifications Framework ထဲ မ၀င်သော Certificate နှင့် Degree များကို သြစတြေးလျအစိုးရမှ အသိအမှတ်ပြုခြင်း မရှိပါဘူး။
EEVS မှာလည်း တရားဝင် (RTO) လိုင်စင်ရ ကျောင်းတွေနဲ့ AQF အသိအမှတ်ပြု ဘွဲ့တွေကိုသာ ကျောင်းသား၊ကျောင်းသူတွေအတွက် လျောက်ပေးပါတယ်။
August 31, 2020
သြစတြေးလျသည် လက်ရှိအချိန်တွင် UK နှင့် USA တို့ပြီးလျှင် အင်္ဂလိပ်စကားပြော နိုင်ငံများတွင် နိုင်ငံတကာရှိကျောင်းသားများ လာရောက်သင်ကြားမှုနှုန်း အများဆုံးသောနိုင်ငံ ဖြစ်သည်။သူ့ရဲ့ နိုင်ငံတကာကျောင်းသားများအပေါ် ဖော်ရွေစွာလက်ခံမှု, မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးစံများအား လက်ခံကျင့်သုံးမှုနှင့် ကမ္ဘာ့အဆင့် ပညာရေးစနစ်များကြောင့် နှစ်စဉ် လာရောက်သင်ကြားသော ကျောင်းသားဦးရေမှာ တိုးသထက် တိုးလာခဲ့သည်။အကယ်၍ မိမိက သြစတြေးလျ ပညာသင်သွားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အောက်ပါအချက်များကို သိထားပြင်ဆင်ထားသင့်ပါသည်
Study The Country
 
ပထမဆုံးအနေနဲ့တော့ ကိုယ်သွားမယ့် နိုင်ငံနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သြစတြေးလျမှာ လက်ရှိပညာသင်ယူနေတဲ့ နီးစပ်ရာ သူငယ်ချင်းအသိုင်းအဝိုင်းမှာ ဖြစ်ဖြစ် သို့မဟုတ် အင်တာနက်ကနေ ဖြစ်ဖြစ် Expert လိုယုံကြည်စိတ်ချရမယ့် အေဂျင်စီမျိုးကို လာရောက်၍ ဆွေးနွေးတာမျိုးပဲဖြစ်ဖြစ် မေးမြန်းပြီး ကြိုတင် သွားရောက်မယ့် မြို့နဲ့ ပတ်သက်ပြီး နေစရိတ် စားစရိတ် လူနေမှုပတ်၀န်းကျင်အကြောင်းကို လေ့လာထားသင့်ပါတယ်။ Expert ကိုယ်တိုင်လည်း သြစတြေးလျရှိ မြို့ကြီးရှစ်မြ်ို့တွင် တည်ရှိသောကြောင့် နိုင်ငံတကာကျောင်းသားတွေကို သွားရောက်တက်ရောက်မယ့် University,College , မြို့များနှင့် ပတ်သက်၍ အသေးစိတ် အခမဲ့ ကူညီပေးနေသည်မှာ ၁၅နှစ်ရှိခဲ့ပြီဖြစ်သည်။🇦🇺 🇦🇺
 
IELTS
 
သြစတြေးလျကို ပညာသင်သွားဖို့ ဆုံးဖြတ်ထားပြီဆိုရင် IELTS ကတော့ မဖြစ်မနေ ပြင်ဆင်ရပါတယ်။ Band Scoreတောင်းဆိုမှုသည် မိမိသင်ကြားမည့်ဘာသာရပ်ပေါ် မူတည်ပါသည်။ မိမိအနေနဲ့ ပညာသင်ယူပြီး အလုပ်ဆက်လက်လုပ်ကိုင်ကာ PR ( Permanent Residency ) ရဖို့အထိ စဉ်းစားထားပါက IELTS ကို သေချာပေါက် အမှတ်ကောင်းကောင်းရအောင် ကြိုးစားထားသင့်သည်။ ( သြစတြေးလျတွင် PR ရယူလိုပါက PR Point ရေတွက်သည့် အမှတ်ပုံစံရှိပြီး IELTS Band Score 8 လောက်ရနေပါက ဒီတစ်ခုတည်းကြောင့်ပင် အမှတ် ၂၀လောက်ရနိုင်ပါသည်။) ဒါတွေနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ၁၅ မိနစ်လောက် EEVSအား ဖုန်းဆက်ပြီး အခမဲ့ ဆွေးနွေးရုံနဲ့ သိနိုင်ပါတယ်။🇦🇺 🇦🇺
 
Choose School and University
 
တတိယအချက်အနေနဲ့ကတော့ သြစတြေးလျကို သွားရောက်ဖို့နဲ့ ကိုယ်တက်ရောက်ချင်တဲ့ ဘာသာရပ်ဆုံးဖြတ်လိုက်ပြီဆိုရင် မိမိအတွက် သင့်လျော်တဲ့ ကျောင်းကို ရွေးချယ်သင့်ပါတယ်။ သြစတြေးလျမှာ မိမိသင်ကြားမယ့် ဘာသာရပ်အလိုက် ကျောင်းတွေလည်း ( University, TAFE, College, Institue and Private School ) အစသဖြင့် ရှိသောကြောင့် မိမိသင်ကြားလိုရာဘာသာရပ်နှင့် အသက်မွေး၀မ်းကျောင်းအတွက် ရွေးချယ်ရမယ့် University, Institutions ကွဲပြားသွားနိုင်သလို ကျောင်းစရိတ် ကလည်း နေရာ၊ဒေသ courses အပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။ မြန်မာနိုင်ငံမှာ မိမိသင်ကြားထားသော ပညာရပ်အခြေခံပေါ်မူတည်ပြီးလည်း ရွေးချယ်ရမည့် ကျောင်းအစရှိသဖြင့် ကွဲပြားနိုင်ပါသည်။ ဒီလိုရွေးချယ်ရန်အတွက် မြန်မာနိုင်ငံရှိ Expert Team နှင့် သြစတြေးလျရှိ Expert Teamမှ သင့်ကို အသေးစိတ် အခမဲ့ ကူညီပေးနိုင်ပါသည်။🇦🇺 🇦🇺
 
Choose The City
 
သြစတြေးလျသည် လူနေမှုစရိတ်လည်း အတန်အသင့် မြင့်မားသောကြောင့် ( UK,USA တို့ နီးပါး) မိမိအနေနဲ့ နေထိုင်ရမယ့် မြို့အကြောင်းနှင့် စရိတ်များကိုလည်း ကြိုပြီးလေ့လာထားသင့်ပါသည်။ သြစတြေးလျနိုင်ငံ၏ ပညာရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တူညီသောကြောင့် မိမိအနေနဲ့ စရိတ်စက များ ချွေတာလိုပါက ဆစ်ဒနီ,မဲလ်ဘုန်းတို့လို လူနေမှုစရိတ် မြင့်မားသော မြို့ကြီးများအစား အခြားသော မြို့ငယ်များ၌ နေထိုင်ပါက ကုန်ကျစရိတ်ကို ပို၍ သက်သာစေနိုင်ပါသည်။🇦🇺 🇦🇺
 
Getting Visa
 
သြစတြေးလျသွားမယ်ဆိုရင်တော့ Visa မလွှဲမသွေ လုပ်ရမည်မှာ သာမန်ပင် ဖြစ်ပါသည်။ Visa အတွက် လက်ရှိ သြစတြေးလျအစိုးရမှ တရား၀င် သတ်မှတ်ထားသောစျေးမှာ AUD 620$ ( ယခင် 575$) ဖြစ်ပါသည်။ Australia ဗီဇာသည် စာရွက်စာတမ်း‌ေပါင်းများစွာကိုကိုင်တွယ်ရပြီး ခက်ခဲရှုပ်ထွေးလှပါသည်။
 
Expert သည် ပညာရေး အေးဂျင့်တစ်ခုအနေနှင့် သာမကပဲ အလုပ်အကိုင် ဗီဇာ , PR အစရှိသဖြင့် အခြားသော ၀န်ဆောင်မှုများကိုလည်း ပေးဆောင်လျက်ရှိသောကြောင့် ဗီဇာလျှောက်ထားရာတွင် အတွေ့အကြုံရင့် ရှေ့နေများနှင့် migration agents များမှ တိုက်ရိုက်ကိုင်တွယ်ပြီး ဆောင်ရွက်ပေးသောကြောင့် Australia ဗီဇာအတွက် EEVS ကို ယုံကြည်စိတ်ချစွာအားကိုးနိုင်ပါသည်။
 
🇦🇺🇦🇺Expert Education and Visa Services သည် လွန်ခဲ့သည့် 2003 ခုနှစ်မှ စတင်၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၅၅၀၀၀ ကျော်ကို ၀န်ဆောင်မှု ပေးခဲ့ပြီး တိကျသေချာပြီး ယုံကြည်စိတ်ချရသော ၀န်ဆောင်မှုများကြောင့် သြစတြေးလျတွင်လည်း ကျောင်းပေါင်းများစွာမှ တရား၀င် ကိုယ်စားလှယ်အဖြစ် ယုံကြည်စွာ ခန့်အပ်ခံထားရသည်။
 
အကယ်၍ မိမိအနေနဲ့ သြစတြေးလျသွားရောက်ဖို့စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျပညာရေးအကြောင်း အသေးစိတ် မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဖုန်းခေါ်ဆို၍ ဖြစ်စေ Expert ၏ ရုံးသို့ ကိုယ်တိုင်လာရောက်၍ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
 
09751871588, 09790839290,09751871587
 
No.(270), Lucky Nice Tower, ဒဂုံစင်တာအနီး, မြေနီကုန်း, ပြည်လမ်း, စမ်းချောင်းမြို့နယ်
August 31, 2020

Australia နိုင်ငံ၏အနောက်ပိုင်းမြို့တော် ဖြစ်တဲ့ Perthမြို့တော်ဟာ နှစ်စဉ်နှင့်အမျှ နိုင်ငံတကာကျောင်းသားဦးရေ 1သိန်းခန့် ပညာလေ့လာသင်ကြာေးနေတဲ့ ပညာရေးမြို့တော်ဖြစ်ပါတယ်။ မြို့တော်ရဲ့ Natural World Class Living Style နဲ့ Environment ကြီးဟာ ကျောင်းသားကျောင်းသူတွေအတွက် အဓိကရွေးချယ်စရာသော့ချက်အနေဖြင့် စွဲဆောင်လျက်ရှိ်ပါတယ်။ နေထိုင်စားသောက်စရိတ်ဟာလည်း အခြားAustralian မြို့ကြီး တွေထက်စာရင်သက်သာတာကတစ်ကြောင်း၊ World Class ပညာရေးစနစ်ကို Pratically သင်ကြားပို့ချတာကတစ်ကြောင်း၊ ကျောင်းတတ်ရင်းအချိန်ပိုင်းအလုပ်ကို လွယ်ကူစွာလုပ်နိုင်တာကတစ်ကြောင်းစသ ဖြင့် International Students တွေကို Living Experience နှင့် အတူ Job Experience ကိုပါတစ်ပါတည်းပေးကမ်းလျက်ရှိပါတယ်။ Perth မြို့တော်ရဲ့ ရာသီဥတုဟာ မိုးနည်းပြီး ပွင့်လင်းရာသီ ဖြစ်တာကြောင့်ဒေသအဓိကလုပ်ငန်းအဖြင့် ရေနံထုတ်လုပ်ရေးလုပ်ငန်းပြီးလျင် အသီးအနှံစိုက်ပျိုးရေးလုပ်ငန်းကိုလည်း အထူးအလေးပေးလုပ်ကိုင်ကြပါတယ်။ ကျောင်းသား/သူ များလည်း ကိုယ်ကျောင်တက်နေတဲ့အချိန် အချိန်ပိုင်းအလုပ်အနေဖြင့် သီးနှံထုတ်ပိုးခြင်းလုပ်ငန်းများကဲ့သို့သော ပေါ့ပေါ့ပါးပါးအလုပ်လုပ်ရင်း မိမိနေထိုင်စားသောက်စာရိတ်ကို လွယ်လင့်တကူရှာဖွေနိုင်ပါတယ်။ ပညာသင်ကာလ ပြီးဆုံးသွားလျှင်လည်း Sydney, Melbourne တို့နှင့်မတူ Temporary Work Visa ကို သုံးနှစ်ထိ ရယူနိုင်သလို Regional Area ဖြစ်သည့်အတွက် နိုင်ငံခြားသား ကျောင်းသား/သူများအတွက် အခွင့်အလမ်းကောင်းများ များပြားနိုင်ပါတယ်။ Perth မှာဘယ်လို ဘာသာရပ်တွေလေ့လာနိုင်သလဲ? မိမိနဲ့ ကိုက်ညီမှုရှိမယ့် University,College,Institute ကို ဘယ်လိုရွေးချယ်လို့ ရမလဲ ? တစ်နှစ်တာကျောင်းစားရိတ်ကကော ဘယ်လောက်ရှိနိုင်မလဲ? Scholarship Opportunities ကကောဘယ်လိုရှိလဲ? နေထိုင်စားသောက်စားရိတ်ဘယ်လို Option တွေရှိလဲ? အစရှိတဲ့ မေးခွန်းတွေအတွက် အသေးစိတ် ဆွေးနွေးချင်ရင် EEVS ကို ဆက်သွယ်နိုင်ပါတယ်။ EEVS မှ PIER Certified Education Consultant မှ ကျောင်းသားတိုင်းကို အသေးစိတ် Exclusive Counselling Session ဖြင့် ဆွေးနွေးပေးနေပါသည်။ 09751871589 သို့ ဆက်သွယ်ပြီး သင့်ရဲ့ အိပ်မက် ခရီးလမ်းကြောင်းအတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပါ။ #LetsPlanYourCareerTogether #RelyOnExpert

August 31, 2020

IELTS ဆိုတာဘာလဲ?

IELTS ဆိုတာ International English Language Testing system ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ 10,000 ကျော် organizations များမှလက်ခံထားပြီး နိုင်ငံပေါင်း ၁၄၀ မှာ test center ပေါင်း ၉၀၀ ကျော်ရှိပါတယ်။ တစ်နှစ်မှာ လူပေါင်း ၂သန်းခန့်၀င်ရောက်ဖြေဆိုနေကြသော နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။

IELTS စာမေးပွဲနှစ်မျိုး

IELTS မှာ Academic နဲ့ General Training ဆိုပြီး 2မျိုး ရှိပါတယ်။

Academic ကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက် သူများ ဖြေဆိုလေ့ရှိသောစာမေးပွဲတစ်ခုဖြစ်ပါတယ်။

General Training ကိုတော့ ရွေ့ပြောင်းအခြေချနေထိုင်လိုသူများ၊ UK Visa တို့အတွက် ဖြေဆိုနိုင်ပါတယ်။ အသေးစိတ်ကို ဤနေရာတွင် ၀င်ရောက်ဖတ်ရူနိုင်ပါတယ်။

IELTS ကဘယ်လိုဖြေရမှာလဲ?

On paper နှင့် ဖြေဆိုလို့ရသလို Computer Based Test လည်းရှိပါတယ်။ ယခုအခါ IELTS indicator လို့ခေါ်တဲ့ Test System ကို Covid-19 Lock down အချိန်တွင် ကျောင်းသားများအနေဖြင့် အလွယ်တကူ အိမ်မှ ဖြေဆိုနိုင်ရန် စီစဉ်ထားရှိပါတယ်။ သို့ပေမယ့် တစ်ချို့သော Universities များနှင့် College များအနေဖြင့် IELTS indicator အမှတ်အား အသိမှတ်ပြုလက်ခံထားချင်းမရှိသေးတာကို တွေ့ရှိရပါတယ်။

IELTS ကို ဘယ်သူတွေက ဘာအတွက် ပြင်ဆင်သင့်သလဲ ?
IELTS ကို နိုင်ငံခြားမှာ ကျောင်းသွားတက်မည့် ကျောင်းသားကျောင်းသူတွေအဓိက လုပ်သင့်ပါတယ်။

ဒီနေရာ မှာတော့ အကြောင်းအရင်း၂ ချက်ရှိပါတယ်။ IELTS ကကျောင်းအတွက်လိုတာလား? Visa အတွက်လိုတာလား ?

ဟုတ်ကဲ့။၂ခု လုံးအတွက်လိုအပ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားတဲ့ သူတစ်ယောက်အနေနဲ့ IELTS ကိုဖြေထားသင့်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်မယ့်သူတစ်ယောက် အနေနဲ့ တစ်ခြားနိုင်ငံကိုရောက်သွားရင် အကုန်လုံး က English လိုသင်ကြားရမှာပါ။အဲ့အတွက်လည်း ကျောင်းတွေက သတ်မှတ် ထားတဲ့ English စာ Level တစ်ခု ရှိပြီးသားပါ၊ ဘယ် Degree ၊ ဘယ် Subject အတွက် English စာ ဘယ်လောက် တော့လိုမယ် ဆိုတာ သတ်မှတ်ပြီးသားပါ။ လိုအပ်တဲ့ Level ကို လည်း IELTS နဲ့ပဲတိုင်းတာပါတယ်။ မိမိမှာသာ IELTS အမှတ်ရှိနေပြီဆိုရင် မိမိ၏ English စာ Level နဲ့ ဘယ် ကျောင်း ဘယ် Degree ကိုမဆို တက်ရောက်နိုင်မလဲဆိုတာကို အလွယ် တကူဆန်းစစ်လို့ရပါတယ်၊

Master တို့ PhDတို့လုပ်ရင်ရော IELTS လိုလား

ဟုတ်ကဲ့ ! Higher Academic programs တွေမှာ IELTS bandscore 6-6.5 နှင့်အထက် လိုအပ်လေ့ရှိပါတယ်။

IELTS score ရှိရုံနဲ့ ကျောင်း၀င်ခွင့် အဆင်ပြေနိုင်လား။
IELTS Score က အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။ ဒါ့အပြင် မိမိ အနေနဲ့ IELTS score ကောင်းကောင်းရရှိထားပါက scholarship များကို ကျောင်းများမှ တောင်းဆိုနိုင်ပါတယ်။ IELTS ဖြေဆို ထားပြီးသူအနေနဲ့ ကျောင်း၀င်ကြေး တစ်၀က် (partial) သို့ အပြည့် (fully funded) scholar များရရှိနိုင်ပါတယ်။

IELTS ကအရမ်းခက်ပါသလား?

Internationally Recognized ဖြစ်တဲ့ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ၊ကမ္ဘာ့အဆင့်မှီ စာမေးပွဲကို ဖြေဆိုရတာဖြစ်တဲ့အတွက် ကြိုးစားအားထုတ်မှုတော့လိုအပ်ပါတယ်။ “Practice makes Perfect” ပါပဲ။

IELTS က အအောင်အရူံးရှိလား ?
IELTS ကအအောင်အရူံးမရှိပါဘူး။ IELTSမှာ 4 skills စစ်ပါတယ်။ Listening, Reading, writing နှင့် Speaking တို့စစ်ပါတယ်။

Listening ဖြေဆိုချိန် – 30 minutes
Reading ဖြေဆိုချိန် – 60 minutes
Writing ဖြေဆိုချိန် – 60 minutes
Speaking ဖြေဆိုချိန် – 11-14 minutesတို့ ဖြစ်ပါတယ်။

IELTS က Visa ရတာနဲ့ဆိုင်လို့လား။ IELTS မပါဘဲနဲ့ရော Visa လျှောက်လို့မရဘူးလား?

IELTS အမှတ်ရှိထားရုံနှင့် Visa လျှောက်ထားခြင်းမှာ များစွာ အထောက်အကူပြုနိုင်ပါတယ်။ Visa လုပ်ငန်းစဉ်ပိုမို ချောမွေ့မြန်ဆန်စေနိုင်ပါတယ်။ တစ်ချို့သောကျောင်းများတွင် ELICOS ယူခြင်းဖြင့် IELTS မပါလည်းကျောင်း၀င်ခွင့်ရှိနိုင်ပါတယ်။ သို့ပေမယ့် Australiaနိုင်ငံတွင် အသစ်ထုတ်ပြန်ထားသော Student Visa Frame Workတွင် IELTS သည် visa ရရှိရေးအတွက် အဓိက mandatory ဖြစ်လာပါတယ်။

Australia က English language test ဘယ်နှစ်မျိုးလက်ခံသလဲ။

ဟုတ်ကဲ့ ! အများစု လက်ခံတဲ့ test များကတော့

• International English Language Testing System (IELTS)

• Test of English as a Foreign Language (TOEFL) internet-based test (paper-based test is accepted from limited countries)

• Cambridge English: Advanced (CAE)

• Pearson Test of English (PTE) Academic

• Occupational English Test (OET)တို့ဖြစ်ပါတယ်။

EEVS တွင် IELTS class များဖွင့်လှစ်ထားပါသလား?

Expert Education and Visa Services Myanmar ရုံးမှလည်း Australiaကျောင်း၀င်ခွင့်များ Visa လျှောက်ထားပေးခြင်းများနှင့်အတူ Experiencedရှိ IELTS mentor များနှင့် IELTS classများကို ဖွင့်လှစ်ပေးထားပါသည်။

EEVS Myanmar ရုံးရှိ IELTS mentor များသည် စာသင်နှစ် ၁၀နှစ်ကျော် Experienced Mentor များဖြစ်ပြီး မိမိ၏ Skills နှင့် လေ့လာနိုင်စွမ်းပေါ်မူတည်၍ Band Score ကောင်း‌‌မွန်စွာဖြင့် နိုင်ငံခြားပညာသင်တန်းသားပေါင်းများစွာ မွေးထုတ်ပေးလျက်ရှိနေပါသည်။

တက်ရောက်နိုင်သည့် အတန်းများမှာ-
IELTS Foundation
IELTS Preparation
IELTS Practice သင်တန်းတို့ ဖြစ်ပါတယ်။

IELTS Class များနှင့် ပတ်သက်၍အသေးစိတ်သိရှိလိုပါက Ph number- 09751871587 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#LetsPlanYourCareerTogether
#RelyOnExperts

See Less
August 31, 2020

Plagiarism is not allowed

Plagiarism သည် သူတစ်ပါး၏ Idea သို့ ဖန်တီး
ထားသော အရာတစ်ခုကို မိမိ Idea ယောင်ယောင် ဖြန့်ဝေခြင်းကို ဆိုလိုပါသည်။ လူတစ်ယောက်က တီထွင်ဖန်တီးထားသော ဘယ်လို အရာမျိုးကို မဆို မိမိအနေနဲ့ ပိုင်ဆိုင်သူ၏ ခွင့်ပြုချက် ရယူ၍ ဖြစ်စေ သို့မဟုတ် reference ပေး၍ ဖြစ်စေ အသုံးပြုသင့်ပါသည်။

Referencing

ကျောင်းသားများအနေနဲ့ Assignment များပြုလုပ်ပါက အင်တာနက်ပေါ်မှာ ဖြစ်စေ သို့မဟုတ် အခြားတစ်နေရာမှာ ဖြစ်စေ အချက်အလက်များကို ရှာဖွေပြုစုရပါသည်။ Assignment တင်ပါကလည်း မိမိရှာဖွေ ရယူထားသော Data ကို ဘယ်ကနေ ရယူထားကြောင်းကို reference ပေးရန်မှာ အင်မတန် အရေးကြီးပါသည်။

Working In Groups

သြစတြေးလျနိုင်ငံ ပညာရေးသည် team work ကို အင်မတန် ဦးစားပေးသည့်အတွက် မိမိအနေဖြင့် မည့်သည့် ဘာသာရပ်ကို မဆို လေ့လာနေသည် ဖြစ်စေ Group Presentation, Group Work ကို ပြုလုပ်ရသည့် အခန်းများပါ၀င်ပါသည်။ အခုလို Group Assignments များ ပြုလုပ်ရသည့် အခါ မိမိရရှိမည့် အမှတ်မှာ မိမိတစ်ယောက်တည်း၏ Skills တစ်ခုတည်းမှာပဲ မမူတည်ပဲ အသင်းလိုက်စွမ်းဆောင်ရည်ပေါ်မှာ မူတည်သောကြောင့် မိမိအနေဖြင့် အသင်းတစ်သင်းကို manage ဘယ်လောက်ထိ ပြုလုပ်နိုင်သလဲ အစရှိသည်ပေါ်မှာလည်း မူတည်ပါသည်။

Independent Thinking

သြစတြေးလျပညာရေးသည် လူတိုင်း၏ ပင်ကိုယ် အတွေးအခေါ်ကို အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ ကျောင်းသား အခြေပြု ပညာရေးစနစ် ဖြစ်သည့်အလျောက် ဆရာ/ဆရာမများသည် Interactive Learning Style မျိုးဖြင့် သင်ကြားလေ့ရှိပြီး အတန်းထဲမှာလည်း ဘာသာရပ်တစ်ခုခု သင်ကြားပါက ကျောင်းသားများ၏ တစ်ဦး တစ်ယောက်ချင်းစီ အတွေးအခေါ်ကို မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ မေးခွန်းများများ မေးသည့် ကျောင်းသား/သူမျိုးကို ဆရာများမှ အင်မတန် သဘောကျလေ့ရှိသည်။

Assignment not Exams

ကျောင်းများမှာ တစ်ပတ်ကို နာရီ နှစ်ဆယ်သာ တက်ရောက်ရပြီး သြစတြေးလျကျောင်း များ၏ ပညာရေး အမှတ်ပေးပုံ နည်းစနစ်မှာ Assignment နှင့် Essay Base ပိုများသောကြောင့် မိမိအနေဖြင် ပညာသင်ကြားနေစဉ်ကာလ အတွင်း ပုံမှန်လေး ပြုလုပ်သွားဖို့ လိုအပ်ပါသည်။

Reference : Insider guide

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ကျောင်းသားပေါင်း ၅၀၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတွက် ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးနိုင်ပါသည်။

09751871589, 09790839290, 09751871587
 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExperts

See Less
August 31, 2020

Australian Qualifications Framework (AQF) ဆိုတာ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ ပညာရေးဝန်ဆောင်မှု ပေးသူတွေ ကို ကွပ်ကဲဖို့၊ ပညာရေးရပ်ဝန်းတစ်ခုလုံးကို ထိန်းကျောင်းဖို့နဲ့ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ဖို့ စတာတွေအတွက် သြစတြေးလျအစိုးရက ပြ ဋ္ဌာန်းထားတဲ့ national policy တစ်ခု ဖြစ်ပါတယ်။

AQF ကို ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး သြစတြေးလျနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ Secondary Education မှ စပြီး Higher Educaiton, Doctorate Studies (Research) အဆုံး Education Framework တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။

 AQF Level အရ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Diploma ၊ Degreee များကို အောက်ပါအတိုင်း Level သတ်မှတ်ထားပါတယ်။ တစ်ချိူ့ဘွဲ့တွေဟာ ကျောင်းသားတွေရဲ့ ပညာအရည်အချင်း၊ accrediated parthway နဲ့ university/college တွေပေါ် မူတည်ပြီး Level ထပ်တူတာတွေ တွေရှိပေမယ့်လို့ ဘွဲ့အားလုံးဟာ AQF Framework ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ရှိကြပါတယ်။

Secondary Education
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Secondary High School
2. Certificate I
3. Certificate II

Vocational Education Training (VET)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Certificate I
2. Certificate II
3. Certificate III
4. Certificate IV
5. Diploma
6. Advanced Diploma

Higher Education Sector
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

7. Associate Degree = Advanced Diploma
8. Bachelor
9. Bachelor Honours Degree
10. Graduate Certificate
11. Graduate Diploma
12. Master
13. Doctorate
14. Research

Australian Qualitifications Framework ထဲ မ၀င်သော Certificate နှင့် Degree များကို သြစတြေးလျအစိုးရမှ အသိအမှတ်ပြုခြင်း မရှိပါဘူး။

EEVS မှာလည်း တရားဝင် (RTO) လိုင်စင်ရ ကျောင်းတွေနဲ့ AQF အသိအမှတ်ပြု ဘွဲ့တွေကိုသာ ကျောင်းသား၊ကျောင်းသူတွေအတွက် လျောက်ပေးပါတယ်။

#LetsPlanYourCareerTogether
#RelyOnExperts

Image may contain: 1 person, text that says 'EEVS EXPERT &I AUSTRAILIA သို့ ပညာသင်သွားရောက်မည့်သူများ သိထားသင့်သောအရာများ အပိုင်း(၃) www.experteducation.com.au'
August 31, 2020

ဒီဆောင်းပါးလေးရဲ့ ရည်ရွယ်ချက်တော့ ဩစတေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရဖို့ဆိုရင် ဘယ်လိုအချက်တွေအပေါ် မူတည်နေသလဲ ဆိုတာကို ဗဟုသုတ အဖြစ်သာ မျှဝေပေးဖို့ ဖြစ်ပါတယ်။ point အတက်အကျတွေက မကြာခဏ ရှိတတ်ပါတယ်။

ဩစတေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကို ဒီ အချက်တွေအပေါ်မှာ မူတည်ပြီး ပေးလေ့ရှိပါတယ်။

၁။ အသက်
၂။ လုပ်ငန်းအတွေ့အကြုံ
၃။ ပညာရေး (အတန်းပညာ)
၄။ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှု
၅။ ကိုယ့်ရဲ့ Martial Status
၆။ အခြားသော ပညာရေး (အတတ်ပညာ)

2018 မတိုင်ခင်အထိ ဆိုလျှင် PR ရဖို့အတွက် အမှတ် ၆၀ သာ လိုအပ်ပြီး 2018 ကနေ စပြီးတော့ ၆၅ ဖြစ်သွားပါတယ်။

ပထမဆုံးအနေနဲ့ PR အတွက် အောက်ပါအတိုင်း အမှတ်တွက်ပါတယ်။

၁။ အသက်
18-24 years 25points
25-32 years 30points
33-39 years 25points
40-44 years 15points

၂။ အင်္ဂလိပ်

English Competent Proficient Superior
IELTS – 6 7 8
PTE – 50 65 79
OET – C B A
Toefl iBT – L-12, R-13, W-21, S-18 L-24, R-24, W-27,S-23 L-28, R-29, W-30, S-26
CAE – 169 185 200
Points – 0 10 20

၃။ လုပ်ငန်းအတွေ့အကြုံ ( သြစတြေးလျ ပြင်ပ )

Less than 3 years – 0 Points
3-4 years 5points
5-7 years 10points
8-10 years 15points
၄။ လုပ်ငန်း အတွေ့အကြုံ ( သြစတြေးလျပြည်တွင်း )
Less than 1 year 0
1-2 years 5 points
3-4 years 10 points
5-7 years 15 points
8-10 years 20 points

၅။ ပညာရေး

သြစတြေးလျမှ ရရှိသော သို့မဟုတ် သြစတြေးလျက အသိအမှတ်ပြု လက်ခံသော ကျောင်းတစ်ကျောင်းမှ ရရှိသော Doctorate Degree ရှိပါက – 20 points
Bachelor or Master Degree – 15 points
Diploma or Trade Qualification in Australia – 10 points
မိမိတက်မြောက်ထားသော skills တစ်ခုခုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အသိအမှတ်ပြုထားသော လက်မှတ် တစ်ခုခု – 10 points

အထက်ပါ ဒီဂရီများသည် သြစတြေးလျမှာ ပညာသင်ကြားသည်ဖြစ်စေ မသင်ကြားထားသည် ဖြစ်စေ သြစတြေးလျက အသိအမှတ်ပြုထားသော နိုင်ငံများ သို့ Standard တစ်ခုမှီပါက ရသည်။

၆။ သြစတြေးလျတွင် ပညာသင်ကြားထားမှု
သြစတြေးလျရှိ အစိုးရမှ အသိအမှတ် ပြုထားသော institution တစ်ခုခုတွင် တက်ရောက်ပြီး Degree, Diploma or Trade Qualification ရှိထားပါက – 5 Points

၇။ Niche Skills Education

Research မှ master degree or academic year အနည်းဆုံးနှစ်နှစ်ပါ၀င်သော Australia Institution မှ ရရှိသော Doctorate Degree ( 5 points )

၈။ Spouse Skills Point ( 5 points )

မိမိအနေနဲ့ ပညာသင်ကာလအတွင်း ခင်ပွန်း သို့ ဇနီးကိုပါ Dependent Student Visa အနေနဲ့ခေါ်ထားလို့ ရပြီး အကယ် ၍ ကိုယ်က Bachelor ဒီဂရီ တက်နေတယ်ဆိုရင်တော့ သူလည်း မိမိနဲ့အတူတူ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရပါတယ်။ ကျောင်းသား/သူက master တက်နေပါက spouse အနေနဲ့ Full-Time အထိပါ အလုပ်လုပ်ခွင့် ရှိပါတယ်။ Spourse Skills Point ကတော့ မိမိ ခင်ပွန်းသို့ဇနီးအနေနဲ့ အသက်က ၄၅ နှစ်အောက် English Test မှာ သတ်မှတ်ထားတဲ့ Basic Score နဲ့ သတ်မှတ်ထားတဲ့ Occupation List ထဲက အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ရရှိမှာ ဖြစ်ပါတယ်။

Single (Un-married) – 10 Marks
Spouse is Australian Citizen or PR holder – 10 Marks
Spouse has Positive Skill Assessment and competent English – 10 Marks
Spouse has no Skill Assessment but competent English – 5 Marks
Other Cases – 0 Marks

၉။ အခြားအမှတ်များ ( အများဆုံး ၁၅ မှတ် )

သြစတြေးလျ ဒေသသုံး အခြားသော ဘာသာစကား တတ်မြောက်မှု ( ၅ မှတ် ) ဒီအတွက် NAATI test ယူလို့ရပါတယ်။
သြစတြေးလျက သတ်မှတ်ထားသော ပညာရေး စံနှုန်းမှီသော Regional မြို့များတွင် နေထိုင်ပညာသင်ကြားပါက ( ၅ မှတ် )
Professional Year In Australia ( E.g. Professional Training Like ACSP Year Training ( ၅မှတ် )
State Nomination 190 Visa ( ၅မှတ် )
တို့ဖြစ်ပါတယ်။
အထက်ပါ အမှတ်များအနက် မိမိအမှတ်မှာ ၆၅ သို့ ဒီထက်အထက် ရှိနေပြီဆိုပါက PR စလျှောက်လို့ ရပါပြီ။

မေး – PR လျှောက်ပြီးရင် ကျဖို့ ဘယ်လောက်ကြာ
သလဲ ??

ဒါက ကိုယ်ဘယ်နှစ်မှတ် ရထားသလဲပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အတိုင်း သြစတြေးလျက သတ်မှတ်ထားတဲ့ ကြာချိန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

80 points 1-2 months
75 points 4-5 months
70 points 8-10 months for pro-rata, 4-5 months for non-pro-rata
65 points no realistic chance of invitation

ဆိုတော့ ၆၅ မှတ်နဲ့လည်း PR ရနိုင်ပေမယ့် မိမိအနေနဲ့ အကောင်းဆုံးက အမှတ်ကို တတ်နိုင်သမျှ အများဆုံး ရအောင် ကြိုးစားထားဖို့ ဖြစ်ပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ကျောင်းသားပေါင်း ၅၀၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတွက် ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးနိုင်ပါသည်။

☎️09751871589, 09790839290, 09751871587
🏢 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExperts