fbpx
July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 13, 2021

EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံမှာရှိတဲ့ ထိပ်တန်း Business Schools တွေအကြောင်းပဲဖြစ်ပါတယ်။

Australia သည် အဆင့်မြင့်တက္ကသိုလ်များ များစွာတည်ရှိခြင်းနှင့် စီးပွားရေးအင်အားတောင့်တင်းခြင်းတို့ကြောင့် နိုင်ငံတကာကျောင်းသားများအတွက် ideal study destination တစ်ခုဖြစ်လာပါတယ်။

Australia ရှိ business courses များကို နိုင်ငံတကာမှ အသိအမှတ်ပြုထားပြီး ကျောင်းသားများအတွက် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ ရရှိနိုင်အောင် စီစဉ်ပေးထားပါတယ်။ 

Australia မှာရှိတဲ့ ထိပ်တန်းစီးပွားရေးတက္ကသိုလ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

University of Melbourne

University of Melbourne သည် မဲလ်ဘုန်းမြို့ရှိ  အစိုးရသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ economics, finance, human resources and actuarial science အစရှိသော ဘာသာရပ်နယ်ပယ်များအတွက် Bachelor နှင့် Master Program များစွာရှိပါတယ်။ undergraduate ကျောင်းသားများအတွက် bachelor of commerce  သည်  career နှင့် ရေရှည်လေ့လာသင်ယူမှုအတွက် အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။  accounting, actuarial studies, economics, finance, management and marketing စသည့်ဘာသာရပ်နယ်ပယ်များကို မိမိစိတ်ဝင်စားရာနယ်ပယ်ပေါ်မူတည်ပြီး  ရွေးချယ်နိုင်ပါတယ်။ 

The University of Queensland

University of Queensland သည် Queensland ပြည်နယ်၏မြို့တော် Brisbane တွင်အဓိကတည်ရှိသည့် public သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ UQ Business School  တွင် accounting, business information systems, finance, management, marketing, strategy and tourism စသောဘာသာရပ်နယ်ပယ်များအတွက် MBA  courses တွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ business school သည်  Startup နှင့် Social Entrepreneurship academies များတည်ရှိရာနေရာဖြစ်ပြီး ကျောင်းသားများအား သူတို့၏စီးပွားရေးအတွေးအခေါ်များနှင့်လူမှုရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ကူညီရန် အလုပ်ရုံဆွေးနွေးပွဲများနှင့် လမ်းညွှန်သင်ကြားခြင်းသင်တန်းများပေးပါတယ်။ undergraduate  ကျောင်းသားများအတွက် သင်ကြားပေးသည့် bachelor course များတွင် guest lectures  များဖြင့်ပါထည့်သွင်း သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အရေးတွေ ရရှိနိုင်အောင် internship များပါစီစဉ်ပေးထားပါတယ်။ 

Australian National University

Australian National University (ANU) သည် သြစတြေးလျ၏မြို့တော် Canberra တွင်တည်ရှိသော အမျိုးသားသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။  ANU College of Business and Economics တွင် accounting; economics; finance, actuarial studies and statistics; and management စသောဘာသာရပ်နယ်ပယ်များအတွက် သင်ကြားပေးပါတယ်။ ကျောင်းသားများသည် extracurricular clubs နှင့်  programmes များတွင်ပါဝင်ပြီး ကျောင်းသားများအချင်းချင်းချိတ်ဆက်ပြီး ကိုယ်ပိုင်စီးပွားရေးစတင်ရန်အကြံဉာဏ်များရယူနိုင်ပါတယ်။ အလုပ်သင်အစီအစဉ်နှင့်အပြည်ပြည်ဆိုင်ရာအလုပ်အကိုင်ဘုတ်အဖွဲ့သည်  ကျောင်းသားများအားကမ္ဘာအနှံ့အခွင့်အလမ်းများကို လေ့လာစေနိုင်မှာဖြစ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 12, 2021

🇦🇺 ဆယ်တန်းအောင်မြင်ပြီးသော ကျောင်းသားများအနေဖြင့် Australia နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ The University of Sydney တွင် Foundation Program ကို Scholarship ဖြင့်တက်ရောက်နိုင်မည့်အခွင့်အရေးလေးကိုပြောပြပေးမယ်နော်။ 

The University of Sydney Foundation Program ဆိုတာက နိုင်ငံတကာ ကျောင်းသားများအတွက် အထူးသီးသန့်ပြုလုပ်ပေးထားသော pre-university program ဖြစ်ပါတယ်။ The University of Sydney foundation  ကို အောင်မြင်စွာ ပြီးဆုံးသွားသော ကျောင်းသားများသည် The University of Sydney မှ Law, Science, Music, Visual arts, Commerce, Architecture, Civil Engineering, Electrical Engineering, Medical အစရှိသော မိမိကြိုက်နှစ်သက်ရာ Program များကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။

University of Sydney Foundation Program မှ မြန်မာ ကျောင်းသားများအတွက် AUD 7,5000 ပညာသင်ဆုများကို ပေးအပ်လျက်ရှိပါတယ်။ လျှောက်ထားနိုင်သော foundation program များမှာ- Standard Foundation, Extended Foundation, HAPP, Intensive Foundation တို့ဖြစ်ပါတယ်။

Program ကို Taylor College Perth မှ စီမံခန့်ခွဲပြီး Intensive, standard ,extended စသဖြင့် ကျောင်းသားများနှင့် သင့်တော်ရာ academic level အလိုက် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ ၂၀၁၉ တွင် program တက်ရောက်ပြီးနောက် The University of Sydney မှ ကျောင်းသား ၉၇% သည် ကျောင်းဝင်ခွင့် ရရှိထားပါတယ်။

Foundation program များတွင်သင်ကြားပေးလျက်ရှိသော ဘာသာရပ်အချို့မှာ –

English

Accounting 

Australian Studies 

Biology 

Chemistry 

Economics  

Foundations of Social Science 

Foundations of Visual Arts and Design

Government and Law

Information Technology 

International Studies

Mathematics 

Media Studies and Communication စသည်တို့ဖြစ်ပါတယ်။ 

တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်ချက်များမှာ –

တက္ကသိုလ်ဝင်တန်း (သို့) IGCSE ပြီးမြောက်ထားသူများ

Diploma ပြီးထားသူများ 

HND ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူများ

IELTS –  5.5-6

TOEFL –  62-69

PTE –  46-54

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 12, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ Australia နိုင်ငံမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

Australia တက္ကသိုလ်တွေမှာ ဘယ်လိုမျိုး course တွေကို လျှောက်ထားနိုင်သလဲ?

Science, management, tourism, hospitality, commerce, humanities, engineering, law or health sciences အစရှိတဲ့ ဘာသာရပ်နယ်ပယ်တွေကို တက်ရောက်နိုင်ပါတယ်။ ဘယ်ဘာသာရပ်နယ်ပယ်ကိုပဲ ရွေးချယ်ပါစေ Australia တက္ကသိုလ်များသည် engineering and technology, medicine, nursing, environmental science, accounting and finance အစရှိသော ဘာသာရပ်နယ်ပယ်များတွင် ကမ္ဘာ့အကောင်းဆုံးအဖြစ်အဆင့်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

Australia အဆင့်မြင့်ပညာရေးကို တက်ရောက်နိုင်ဖို့အတွက် ဘယ်လို study level  တွေကို ရွေးချယ်နိုင်သလဲ?

ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် သုတေသန program များကို တက်ရောက်နိုင်ပါတယ်။

Australia မှာကျောင်းတက်ဖို့ ဘာတွေလိုအပ်လဲ?

ယေဘုယျအားဖြင့် လိုအပ်ချက်များမှာ-

 Academic requirements

English language requirements

Evidence of funds to support your study

Overseas student health cover အစရှိသည်တို့ဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships တွေရှိလား?

Australia အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။

Australia တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ? 

Australia မှာရှိတဲ့ တက္ကသိုလ်အများစုကတော့ IELTS ကို ဦးစားပေး  လက်ခံပေးကြပါတယ်။

ထို့အပြင် TOEFL paper-based test, Pearson Test of English Academic (PTE), Cambridge English: Advanced and Occupational English Test (OET) စသည့် test တွေကိုပါ လက်ခံပေးပါတယ်။ 

Australia နိုင်ငံမှာ ပညာသင်ကြားနေရင်း အလုပ်လုပ်လို့ရလား? 

ကျောင်းတက်နေစဉ်ကာလအတွင်းမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်နေစဉ်ကာလမှာ အချိန်အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Australia မှာ ပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

Undergraduate program များအတွက် AU$15,000 မှ AU$33,000 အထိကုန်ကျနိုင်ပြီး

Postgraduate program များအတွက် AU$20,000မှ AU$37,000အထိကုန်ကျနိုင်ပါတယ်။ 

မိမိတက်ရောက်တဲ့ တက္ကသိုလ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်အပြောင်းအလဲရှိနိုင်ပါတယ်။ 

နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာရှိတဲ့ ကုန်ကျစရိတ် အသက်သာဆုံးတက္ကသိုလ်တွေက ဘာတွေလဲ?

 University of the Sunshine Coast (Sunshine Coast)

University of Southern Queensland (Toowoomba)

Southern Cross University (Lismore)

Charles Darwin University (Darwin)

University of New England (Armidale)

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 11, 2021

နိုင်ငံတကာတွင် ဆေးပညာ၊ သူနာပြုနှင့် Public Healthဘာသာရပ်နယ်ပယ်များစွာအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သြစတြေးလျနိုင်ငံသည်လည်း ဆေးပညာနယ်ပယ်တွင် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။

သြစတြေးလျသည် ပညာရေးအဆင့်အတန်းမြင့်မားခြင်း၊ အကောင်းဆုံးသော သင်ကြားရေးနည်းစနစ်များရှိခြင်း၊ ပညာသင်စရိတ် သင့်တင့်မျှတခြင်းတို့ကြောင့် ဆေးပညာကိုလေ့လာရန်အတွက်ကမ္ဘာ့အကောင်းဆုံးနိုင်ငံများထဲမှတစ်ခု အပါအဝင်ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်းဆေးကျောင်းများတွင် ပို့ချပေးလျက်ရှိတဲ့ ကျောင်းသားအများဆုံး စိတ်ဝင်စားသည့် course များမှာ-

Bachelor of Medicine and Bachelor of Surgery (MBBS)

Doctor of Medicine

Nursing Courses

Public Health Courses

Postgraduate Research Courses အစရှိတာတွေပဲဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်း medical schools များမှာ-

The University of Melbourne

၁၈၅၃ ခုနှစ်တွင်တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး နိုင်ငံပေါင်း၂၀၀ကျော်မှ ကျောင်းသားများ ပညာသင်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ရှိ ထိပ်တန်းဘွဲ့လွန်သင်တန်းများကိုဆေးပညာဌာနအောက်တွင် အောက်ပါအတိုင်းခွဲခြားထားပါတယ်။ 

Melbourne Medical School

Melbourne Dental School

Melbourne School of Health Sciences

School of Biomedical Sciences

Melbourne School of Psychological Sciences

Melbourne School of Population and Global Health

Doctor of Medicine, Master of Clinical Research, Master of Surgical Science and Master of Surgery စသော Program များသည် ဆေးကျောင်းသားများကြားတွင် ရေပန်းစားသောကြောင့်သြစတြေးလျတွင်ရှာဖွေမှုအများဆုံးနှင့်ထိပ်တန်းဆေးကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။

2021 အတွက် QS Rankings 41 ရရှိထားပြီး THE Rankings 31 ရရှိထားပါတယ်။

University of Sydney

University of Sydney သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်၅၀စာရင်းတွင် ပါဝင်ပြီး ပညာရေး၊သုတေသန၊ ကျောင်းသားအတွေ့အကြုံ၊ ဘွဲ့ရပြီးအလုပ်ခန့်အပ်မှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ထိပ်တန်းမှရပ်တည်လျက်ရှိပါတယ်။ Sydney Medical School သည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်အောက်တွင် School of Medical Sciences နှင့် Sydney School of Public Healthတို့ကိုပါဖွင့်လှစ်ပေးထားပါတယ်။ သင်ရိုးညွှန်းတမ်းသည်ဘွဲ့လွန်ကျောင်းသားများအတွက် ရည်ရွယ်၍ မေ့ဆေး၊ စိတ်ရောဂါကုသမှု၊အထွေထွေလေ့ကျင့်မှုနှင့်ခွဲစိတ်ကုသမှုစသည့်ဆေးဘက်ဆိုင်ရာနယ်ပယ်များတွင်အထူးပြုဘာသာရပ်များဖြင့်သင်ကြားပေးလျက်ရှိပါတယ်။

2021 အတွက် QS Rankings 40  ရရှိထားပြီး THE Rankings 51 ရရှိထားပါတယ်။ 

Monash University

Monash University သည် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းဆေးတက္ကသိုလ်တစ်ခုတွင် အပါအဝင်ဖြစ်ပြီး အကြီးမားဆုံးပညာရေးဌာနတစ်ခုဖြစ်ပါတယ်။ ၁၂တန်းကျောင်းပြီးသွားသော ကျောင်းသားများအတွက် ဆေးပညာဆိုင်ရာ Program များကို တိုက်ရိုက်ဝင်ခွင့်ပြုထားပြီး Bachelor of Health Sciences နှင့် Bachelor of Public Health Program များအတွက်တော့ AMSAT exam ဖြေဆိုရန် လိုအပ်ပါတယ်။ကျောင်းသားအများစု bachelor ရပြီးနောက် ဆက်လက်လေ့လာလျက်ရှိတဲ့ course များမှာ-

Master of Medicine

Master of Public Health

Master of Clinical Medicine

Master of Advanced Nursing တို့ပဲဖြစ်ပါတယ်။

2021 အတွက် QS Rankings 55  ရရှိထားပြီး THE Rankings 64  ရရှိထားပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

July 10, 2021

Australia နိုင်ငံမှာ သွားရောက်ပညာသင်ယူလိုတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာ Part-Time jobs နဲ့ ပတ်သက်ပြီး သိထားသင့်သောအကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။

Australia ပညာရေးကုန်ကျစရိတ်သည် US, UK နိုင်ငံများနှင့်ယှဉ်လျှင် ပိုမိုသက်သာသော်လည်း living cost အနည်းငယ်မြင့်မားတာကြောင့် နိုင်ငံတကာကျောင်းသားအများစုက Part-Time jobs တွေလုပ်ကိုင်လျက်ရှိပါတယ်။

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Australia မှာ ကျောင်းတက်နေစဉ်ကာလအတွင်းတစ်ပတ်ကို  နာရီ၂၀ အလုပ်လုပ်နိုင်ပြီးကျောင်းပိတ်အားလပ်ရက်ကာလအတွင်းမှာအချိန်အကန့်အသတ်မရှိ အချိန်ပိုင်းလုပ်နိုင်ပါတယ်။ကျောင်းသားများသည်  Overseas Student Health Cover (OSHC) ကိုထိန်းသိမ်းထားရန်လိုအပ်ပါတယ်။

Australia နိုင်ငံရှိ တက္ကသိုလ်တော်တော်များများမှာ နိုင်ငံတကာကျောင်းသားတွေအတွက်on-campus နှင့် off-campus part-time job opportunities တွေအများကြီးရှိပါတယ်။

နိုင်ငံတကာကျောင်းသားအများစုဝင်ရောက်လုပ်ကိုင်လေ့ရှိသော part-time jobs တွေကတော့-

Retail sales jobs in supermarkets,

departmental stores

Food and Beverage (waiter, bartender and etc.)

Hospitality (both in the kitchens and administration and housekeeping)

Agricultural work (fruit picking)

Sales and telemarketing (call centre)

Administration

Tutor; skill or language exchange အစရှိတာတွေပဲဖြစ်ပါတယ်။

Pay Rate တွေကတော့ specific skills တွေမလိုတဲ့ အခြေခံအလုပ်အတွက် တစ်နာရီလျှင် A$18.93

ရရှိနိုင်မှာဖြစ်ပြီး additional skillsလိုအပ်သော အလုပ်များအတွက် တစ်နာရီလျှင် A$50 – 80ရနိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ မိမိတက်ရောက်မည့် Program မစခင်မှာတော့ Part-Time လုပ်လို့မရပါဘူး။

 ဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ research work (သို့)  doctoral thesis စတင်တဲ့အချိန်မှာ

၁၄ရက်ကို နာရီ၄၀အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

July 8, 2021

စ်ခါမှာတော့ သြစတြေးလျ နိုင်ငံမှာ ပညာသင်ယူသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ 

မတူကွဲပြားသော ယဉ်ကျေးမှုများ၊ဖော်ရွေသောဒေသခံများနှင့်အရည်အသွေးမြင့်မားသော ပညာရေးစနစ်များကြောင့် နိုင်ငံတကာကျောင်းသားများက သြစတြေးလျမှာ ပညာသင်ယူဖို့ ရွေးချယ်ကြပါတယ်။  လတ်တလောတွင် သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် တတိယအကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

သြစတြေးလျပညာရေးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ပြည့်မီခြင်း 

သြစတြေးလျပညာရေး sector ကို ကမ္ဘာ့ ထိပ်တန်းဦးဆောင်နေသော ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်လေ့ကျင့်ရေးသင်ခန်းစာများ၊ ထူးချွန်သောဆရာ ဆရာမများ ဖြင့်ဖွဲ့စည်းထားပါတယ်။သြစတြေးလျ တက္ကသိုလ်များသည်  ကမ္ဘာ့ထိပ်တန်းအဆင့် ၁၀၀ တွင်ပါဝင်ကြောင်း Times Higher Education, QS and Shanghai Ranking များက အသိအမှတ်ပြုထားပါတယ်။ 

US, UK နိုင်ငံများထက် နေထိုင်စရိတ်သက်သာခြင်း 

သြစတြေးလျ၏လူနေမှုအဆင့်အတန်းသည်ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်ပြီး နေထိုင်စရိတ်တွေနဲ့ ကျောင်းလခတွေကလည်း US, UK တို့နဲ့  နှိုင်းယှဉ်ရင် သိသိသာသာနည်းပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် စာသင်ကြားနေစဉ်ကာလများတွင် part-time jobs တွေဝင်ရောက်လုပ်ကိုင်ပြီး living cost ကာမိအောင် ဝင်ငွေရှာဖွေလို့ရပါတယ်။ သြစတြေးလျရှိ တက္ကသိုလ်အများစုသည် နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းတွေ ပေးလျက်ရှိပါတယ်။

ပညာရေးအစီအစဉ်တွေ အမျိုးမျိုးရှိခြင်း 

သြစတြေးလျရှိ ကျောင်းများတွင် ဘာသာရပ်နယ်ပယ်အမျိုးမျိုးအတွက်  courses နှင့် degrees တွေ အများကြီးသင်ကြားပေးနေတာဖြစ်လို့ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်နယ်ပယ်အတွက် အလွယ်တကူရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ထိပ်တန်းတက္ကသိုလ်တွေကစလို့ အသက်မွေးဝမ်းကြောင်း ပညာရေးအပြင် English language training တွေကိုပါတက်ရောက်နိုင်မှာဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း 

သြစတြေးလျမှာ ပညာသင်ယူနေစဉ်ကာလအတွင်း အချိန်ပိုင်းအလုပ်လုပ်ဖို့အတွက် တစ်ပတ်ကို နာရီ ၂၀ ပေးထားပါတယ်။   သြစတြေးလျ ပညာရေးဆိုင်ရာအဖွဲ့အစည်းများကကျောင်းသားများကို အလုပ်ခွင်အဆင်သင့်ဖြစ်စေရန် တစ်ပါတည်းပြင်ဆင်ပေးထားသည့်အပြင်Australian qualification  တွေကို နိုင်ငံတကာ အလုပ်ရှင်တွေက အသိအမှတ်ပြုကြပါတယ်။Australian degrees နှင့် vocational courses အတော်များများမှာ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေနိုင်တဲ့ internships အစီအစဉ်တွေပါဝင်တာကြောင့် ကျောင်းမပြီးခင်တည်းက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 29, 2021

Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိသော Public Research University ဖြစ်ပါတယ်။ ၁၉၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Parliament of Australia မှ တည်ထောင်ခဲ့သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။  Canberra University College ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ၁၉၆၀ တွင် ANU ဟူ၍ ပြောင်းလဲခဲ့ပါတယ်။ 

ANU သည် ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး QS World University Ranking 2022 အရ  ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။

2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။2020 QS World University by Subject အရ ထိပ်တန်းဘာသာရပ် ၁၀ ခုတွင် Anthropology, Earth and Marine Sciences, Geography, Geology, Philosophy, Politics, Sociology စသော ဘာသာရပ်များ ပါဝင်ပါတယ်။ 

ကျောင်းသား လျှောက်လွှာပေါင်း Undergraduate -10052, Postgraduate-10840  ရရှိခဲ့ပြီး ပညာရေးဝန်ထမ်းပေါင်း ၃၇၅၃ ဖြင့် အရည်အသွေးမြင့် ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ Main Campus မှာ Acton တွင် တည်ရှိပြီး ပညာရေးနှင့် သုတေသန ကောလိပ်ပေါင်း ၇ ခု ရှိပါတယ်။ 

တက်ရောက်နိုင်သော ဘာသာရပ်များမှာ Business, Economics, Finance, International Studies, Mathematics ,Politics, Statistics, Ceramics, Creative design, Film and Photography, Graphic Design, Music, Visual Arts, Woodwork, Biology, Computing, Creative Design, Engineering, Environmental Studies, Physics, Robotics, Software design, Criminology, Debating, Journalism, Legal Studies, Psychology, Chemistry, Human movement စသော ဘာသာရပ်များအပါအဝင် ၁၂၀ ကျော်ကို Foundation မှ PHD  အထိ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Undergraduate Program လျှောက်ထားလိုသူများအတွက် University Average GPA score 4 to 6 လိုအပ်ပြီး IGCSE အောင်မြင်ထားသူများအတွက် University Foundation Program များကို လျှောက်ထားနိုင်ပါတယ်။ Postgraduate တွက် IELTS အနည်းဆုံး 6.5 လိုအပ်ပါတယ်။

ANU မှ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကျောင်းသားများအတွက် ANU Global Diversity Scholarship များကိုပေးအပ်လျက်ရှိပြီး ကျောင်းလျှောက်လိုက်တဲ့ application တွေကိုကြည့်ပြီး လိုအပ်ချက်များ ကိုက်ညီမှုရှိပါက တစ်နှစ်လျှင် $18,750 scholarship ကိုပညာသင်နှစ် လေးနှစ်စာအတွက် ပေးအပ်မှာဖြစ်ပါတယ်။အသေးစိတ်ကို https://www.anu.edu.au/study/scholarships/find-a-scholarship/anu-global-diversity-scholarshipတွင်ကြည့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံရှိ University of Newcastleမှ သင်ကြားပို့ချပေးနေတဲ့ Master of Clinical Epidemiology Program ပဲဖြစ်ပါတယ်။ 

Master of Clinical Epidemiology သည်ကျန်းမာရေးစောင့်ရှောက်မှုသုတေသနအပေါ်အဓိကထားပြီး ကူးစက်ရောဂါဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုသုတေသနပြုခြင်း၊ ရရှိလာသည့် သုတေသနသက်သေအထောက်အထားများကို လက်တွေ့လေ့ကျင့်မှုများနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွင်မည်သို့အသုံးချရမည်ကို လေ့လာနိုင်ပါတယ်။ 

Master of Clinical Epidemiology Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီးအဓိကသင်ကြားပေးမည့် ဘာသာရပ်များမှာ- 

Biostatistics

Clinical Statistics

Epidemiology

Health Economics

Randomised Control Trials

Research Protocol Design

Applied Research တို့ဖြစ်ပါတယ်။ 

Master of Clinical Epidemiology Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Biomedical science, Applied science, Nursing, Medicine, Pharmacy, Allied health, Psychology, Sociology and social/ Behavioural science စသောဘာသာရပ်နယ်ပယ်များတွင် အနည်းဆုံး၄နှစ် undergraduate degree ရရှိထားသူဖြစ်ရမည်။ 

Undergraduate degree ၃နှစ် ရှိသော လျှောက်ထားသူများအနေဖြင့် Honours degree (သို့) postgraduate qualifications များဖြစ်သော Graduate Certificate , Graduate Diploma (သို့) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ တစ်နှစ်ရှိရမည်။ 

IELTS – 6.5

PTE – 56

TOEFL iBT – 77

Start dates -Semester 1 (21 Feb 2022)

Scholarships အမျိုးအစားများစွာကိုပေးလျက်ရှိပြီး အသေးစိတ်ကို https://www.newcastle.edu.au/scholarships တွင်ကြည့်နိုင်ပါတယ်။ 

Career opportunities များအနေဖြင့် clinical epidemiologist အဖြစ် ကူးစက်ရောဂါများကို လျော့ချခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရာတွင်လုပ်ကိုင်နိုင်ပါတယ်။ Epidemiology research, Academia, Policy advisor, Health related industriesများတွင်လည်း career path ကိုစတင်နိုင်ပါတယ်။ 

 #LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံရှိ Southern Cross University မှသင်ကြားပို့ချပေးနေတဲ့ Graduate Diploma of Mental Health Nursing Program ပဲဖြစ်ပါတယ်။ 

Graduate Diploma of Mental Health Nursing Program သည် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုတွေကို တွေ့ကြုံနေရသော လူနာတွေကို ထိရောက်သော စောင့်ရှောက်မှုတွေပေးနိုင်ရန်အတွက် ရည်ရွယ်ပါတယ်။ 

စိတ်ကျန်းမာရေးသည် အရေးကြီးသော ကျန်းမာရေးကိစ္စတစ်ရပ်ဖြစ်လာပြီး public နှင့် private nursing and healthcare setting တွေမှာ အရည်အချင်းပြည့်ဝသူများစွာ ပိုလိုအပ်လာပါတယ်။ Australian College of Mental Health Nurses (ACMHN) အသိအမှတ်ပြု program ဖြစ်ပြီး program ပြီးဆုံးပါက credentialed mental health nurse တစ်ဦးဖြစ်လာနိုင်ပါတယ်။ 

Graduate Diploma of Mental Health Nursing Program သည်100% online မှသာသင်ကြားမည်ဖြစ်ပြီး ၁၆လ Full-Time တက်ရောက်ရန်လိုအပ်ပါတယ်။ စုစုပေါင်း သင်ကြားရမည့် ယူနစ်များမှာ- 

Acute Mental Health

Appraising Evidence

Contemporary Mental Health

Healthcare Professional Portfolio A

Mental Health Across the Lifespan

Mental Health in Community, Non-government and Private Settings

Physical Healthcare in Mental Health

Supporting Behaviour Change in Mental Health တို့ဖြစ်ပါတယ်။ 

Graduate Diploma of Mental Health Nursing Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

 Health, Psychology, social science related discipline စသော ဘာသာရပ်တစ်ခုခုဖြင့် 

Bachelor Degree ရရှိထားသူ (သို့) mental health အပိုင်းတွင် လေ့လာနေသော အသိအမှတ်ပြုမှတ်ပုံတင်ထားသည့် သူနာပြုဖြစ်ရန်လိုအပ်ပါတယ်။ 

IELTS – 6.5 

Annual Fees အနေဖြင့် $24,000 ($3,000 per unit) ကုန်ကျမှာဖြစ်ပြီး Study Periods များမှာDecember, February, April, June, August, October တို့ပဲဖြစ်ပါတယ်။ 

Southern Cross University သည် နိုင်ငံတကာကျောင်းသားများအတွက် up to 25% အထိScholarships များပေးလျက်ရှိပြီး အသေးစိတ်ကို https://www.scu.edu.au/scholarships/တွင်ကြည့်နိုင်ပါတယ်။ 

Career opportunities များအနေဖြင့်လည်း Public and private hospitals and healthcare organisations, Child adolescent, adult and older person mental health services, Psychiatric nursing facilities, Primary mental health settings, Acute, community, rehabilitation and long-term care-focused settings, Local, state and Commonwealth government,  Mental health-based research စသောနယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ 

 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar