fbpx
August 15, 2021
ယနေ့မှာတော့ မှုခင်း ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော BS in Criminology and Criminal Justice ဘာသာရပ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော ပရိုဂရမ်များသည် U.S News and World Report အရ နိုင်ငံတွင်း နံပါတ် ၅ တွင် ရပ်တည်နေပါတယ်။ ၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း Undergraduate ကျောင်းသားပေါင်း ၂၅၃၀၊ Graduate ကျောင်းသားပေါင်း ၂၈၇ ယောက်နှင့် PhD ကျောင်းသားပေါင်း ၃၈ ယောက် တက်ရောက်လျက်ရှိပါတယ်။
BS in Criminology and Criminal Justice ဘာသာရပ်သည် ပြစ်မှု ဖြစ်စဉ် ကို နားလည် ရန်၊ တရားဥပဒေ၏ အခန်းကဏ္ဍ ၊ ပြစ်မှု ထိန်းချုပ်မှုနှင့် ပြစ်မှု အကျိုးဆက်များကို လေ့လာလိုသူများအတွက် တက်ရောက်သင့်သော ပရိုဂရမ် ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် လူမှုဗေဒ၊ စိတ်ပညာ၊ ဇီဝဗေဒနှင့် တစ်ဦးချင်းစီ၏ အကြောင်းပြချက်များကို လေ့လာရမှာဖြစ်ပါတယ်။ သမိုင်းကြောင်း၊ ဥပဒေ အချက်အလက်၊ တရားရုံး ၊ အကျဉ်းသားများနှင့် ခံဝန်ချက်ဖြင့် လွှတ်မြောက်ထားသူများ စသည်တို့ကို လဲ သင်ယူရမှာဖြစ်ပါတယ်။
၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 32,188 ကျသင့်မှာ ဖြစ်ပါတယ်။
ဘွဲ့ရပြီးပါက အေဂျင်စီ ၂၀၀ တွင် အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်သော အခွင့်အလမ်းကို ရရှီမှာဖြစ်ပြီး လုပ်ကိုင်နိုင်သော နယ်ပယ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
• bank fraud
• corrections
• courts
• domestic terrorism
• federal agencies
• homeland security
• law enforcement
• legal offices
• parole offices
• private security
• probation offices
• victim advocate agencies

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 15, 2021

ယနေ့မှာတော့ ဂီတ ပညာရပ်ကို လေ့လာလိုသူများအတွက် The University of Connecticut ၏ School of Fine Arts တွင် တက်ရောက်နိုင်သော Bachelor of Arts in Music ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 

Bachelor of Arts in Music ဘာသာရပ်သည် ဂီတ အနုပညာကို ကျယ်ပြန့်စွာလေ့လာလိုသော ကျောင်းသားများအတွက် အထူးသင့်လျော်သော ဘာသာရပ်ဖြစ်ပါတယ်။ ဂီတ သမိုင်း၊ သီအိုရီ ၊ သောတရုံ စွမ်းရည်၊ ကိရိယာများ အသုံးပြုပုံ သင်ခန်းစာများ၊ တူရိယာ အသုံးအဆောင်များ စသည် တို့ကို သင်ကြားပို့ချ ပေးလျက်ရှိပါတယ်။ Bachelor အောင်မြင်ပြီးလျင်လည်း Graduate program များကို The University of Connecticut ၏ School of Fine Arts တွင် ဆက်လက်တက်ရောက်နိုင်ပါတယ်။

၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 37,698 ကျသင့်ပါတယ်။ English proficiency အနေဖြင့် IELTS-6.5 လိုအပ်ပါတယ်။ 

သင်ခန်းစာ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://music.uconn.edu/wp-content/uploads/sites/2451/2018/12/BA-Sample-Sequence.pdf

Website- https://music.uconn.edu/programs/undergrad/ba-music/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 14, 2021
ဒီနေ့ ပြောပြပေးမဲ့ Program လေးက Contemporary Technology University ရဲ့ Master of Science in Computer Science with Specialization in Data Science Program ပဲဖြစ်ပါတယ်။ ဒီ Program က Data Scientist ဖြစ်ချင်တဲ့လူတွေအတွက် interpret data, formulate insights, managing large data sets, generating interesting visualizations စတဲ့ အကြောင်းတွေကို သင်ယူရမှာပဲဖြစ်ပါတယ်။
Master of Science in Computer Science with Specialization in Data Science Program က အခြေခံလိုအပ်တဲ့ပညာရပ်တွေကနေပြီး အဆင့်မြင့််ပညာရပ််တွေအထိပါ သင်ကြားရမှာပဲဖြစ်ပါတယ်။ အဲ့လိုသင်ကြားရမဲ့နေရာမှာလဲ Data Scientist တစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့ statistical inference, machine learning, data visualization, data mining, နဲ့ big data methods ကိုသင်ကြားရမှာပဲဖြစ်ပါတယ်။
ဒီ Program က စုစုပေါင်း ၁နှစ်သင်ယူရမှာဖြစ်ပြီး semester ၄ခုပါဝင်ပါတယ်။ Semester တစ်ခုစီမှာ course ၃ခုနဲ့ project တွေကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ သင်ကြားရမဲ့ course တွေကတော့ –
– Tools & Techniques for Data Science
– Statistics & Probability
– Data Cleaning
– Data Manipulation
– Data Visualization
– Machine Learning Fundamentals
– Deep Learning
– Data Algorithms & NLP
– Capstone Project in Data Science
ဒီ Program ကိုလေ့လာလိုတဲ့ ကျောင်းသားတွေအနေနဲ့ calculus, linear algebra, probability, computer programming, data structures, နဲ့ algorithms တို့ကို နားလည်တတ်မြောက်ထားဖို့လိုပါတယ်။ ထပ်ပြီးလိုအပ်တဲ့ Requirement တွေကတော့
IELTS – 5
TOFEL (iBT) – 71
TOFEL (PBT) – 530
Pearson (PTE) – 50 တို့လိုအပ်ပါတယ်။
Tuition Cost – $19,800
Program အသေးစိတ်ကို ဒီ link ကနေ https://contech.university/master-of-science-in-computer…/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 13, 2021

ဒီနေ့တော့ ဩစတေးလျနိုင်ငံမှာ ပညာသင်ကြားမဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဩစတေးလျနိုင်ငံရဲ့ နေထိုင်၊စားသောက်စရိတ်တွေက ဘယ်လိုရှိလဲဆိုတာကို ပြောပြပေးသွားမှာပါ။ အခုပြောပြပေးမဲ့ စရိတ်တွေက average cost တွေဖြစ်တဲ့အတွက် မြို့တစ်မြို့နဲ့ တစ်မြို့တော့ စျေးတွေတူမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သွားမဲ့မြိုရဲ့ စျေးနှုန်းလေးတွေကို ထပ်လေ့လာဖို့ အကြံပေးချင်ပါတယ်။

Accommodation

  • Hostels and Guesthouses – $90 to $150 per week 
  • Shared Rental – $95 to $215 per week
  • On campus – $110 to $280 per week 
  • Homestay – $235 to $325 per week 
  • Rental – $185 to $440 per week 
  • Boarding schools – $11,000 to $22,000 a year

Other living expenses

  • Groceries and eating out – $140 to $280 per week 
  • Gas, electricity – $10 to $20 per week 
  • Phone and Internet – $15 to $30 per week 
  • Public transport – $30 to $60 per week 
  • Car (after purchase) – $150 to $260 per week 
  • Entertainment – $80 to $150 per week 

Education costs

  • School – $7,800 to $30,000
  • English language studies – Around $300 per week depending on course length
  • Vocational Education and Training (Certificates I to IV, Diploma and Advanced Diploma) – $4,000 to $22,000
  • Undergraduate Bachelor Degree – $20,000 to $45,000*
  • Postgraduate Masters Degree – $22,000 to $50,000*
  • Doctoral Degree – $18,000 to $42,000*

Note; အထက်ဖော်ပြပါ စရိတ်တွေအကုန်လုံးက ပျမ်းမျှဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်သွားမဲ့နှစ်နဲ့ မြို့ပေါ်ကိုလိုက်ပြီးကွာခြားမှုရှိနိုင်ပါတယ်။

Reference Link – https://www.studyinaustralia.gov.au/english/live-in-australia/living-costs

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 12, 2021

စျေးသက်သက်သာသာနဲ့ MBA တက်ဖို့စဥ်းစားနေတဲ့လူတွေအတွက် ရွေးချယ်စရာတက္ကသိုလ်တစ်ခုဖြစ်လာတဲ့ Contemporary Technology University (Contech) (USA)

Contemporary Technology University (Contech) (USA) ကတော့ Bureau for Private Postsecondary Education (BPPE) ကနေအသိမှတ်ပြုလက်မှတ်ရရှိထားတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာတည်ရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ပဲဖြစ်ပါတယ်။ Contemporary Technology University က အရည်အချင်းပြည့်ဝပြီး လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ လူငယ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး Techonology နဲ့ဆိုင်တဲ့ Master Degrees များကို သင်ကြားပေးလျက်ရှိပါတယ်။

Contemporary Technology University (Contech) က education နဲ့  talent development industry ထဲကို ၂၀၁၅ ခုနှစ်ထဲကဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၄၅၀၀၀ ကျော်ကိုမွေးထုတ်ပေးထားနိုင်ခဲ့ပါပြီ။ Contech က ယနေ့ခေတ်လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းကြား ကွာဟမှုမရှိအောင်အမြဲဖြည့်တင်းလျက်ရှိပါတယ်။ အဲ့လိုဖြည်းတင်းတဲ့ အခါမှာလဲ Teaching Methods တွေကိုပဲပြုပြင်ပြောင်းလဲတာ မဟုတ်ပဲ ကျောင်းသား၊ ကျောင်းသူတွေအလုပ်ခွင်မှာ အံ့ဝင်ဂွင်ကျဖြစ်စေဖို့ကိုလဲ အလေးပေးတဲ့တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Contech မှာ အဓိကအားဖြင့် Computer Science, Data Science, Machine Learning & Digital Marketing တို့ကို သင်ကြားပေးလျက်ရှိပါတယ်။ 

Campus တွေကလဲ​ ပုံမှန် traditional campus-based တွေအစား tech-related companies တွေအများအပြားရှိတဲ့ နေရာတွမှာတည်ဆောက်ထားပါတယ်။ ဒါ့အပြင် San Francisco, New York, Berlin နဲ့  Singapore မြို့တွေမှာ ၃လစီပြောင်းပြီး သင်ကြားနိုင်အုံးမှာပါ။ အကယ်၍ Online Learning လုပ်ချင်တဲ့လူတွေအတွက်လဲ ၉လစာသင် ၃လလက်တွေ့ program လဲရှိပါသေးတယ်။ ဒါတွေတင်မကသေးပဲ Online Learning ကြီးပဲလုပ်လို့ရပါသေးတယ်။

Contech ကနေ သင်ကြားပေးနေတဲ့ Program တွေကတော့ – 

  • Master of Science in Digital Marketing
  • Master of Science in Computer Science – Data Science
  • Master of Science in  Computer Science – AI & Machine Learning 

International Students တွေအနေနဲ့လိုအပ်တဲ့  Program Requirement တွေကတော့

IELTS – 5

TOFEL (iBT) – 71 

TOFEL (PBT) – 530

Pearson (PTE)50 တို့လိုအပ်ပါတယ်။

Tuition Cost – $18,000 – $19,800

အသေးစိတ်ကို ဒီ link လေးကနေ https://contech.university/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 12, 2021

နိုင်ငံခြားမှာကျောင်းတွေတက်မယ်၊ Visa တွေလျှောက်မယ်ဆိုမဖြစ်မနေလိုအပ်တဲ့ IELTS, TOEFL, PTE တို့ကိုတော့ လူတွေသိကြမယ်ထင်ပါတယ်။ အခုတော့ လူသိသိပ်မများသေးတဲ့ Duolingo English Test အကြောင်းလေးကို ဝေမျှပေးသွားပါမယ်။

Duolingo ဆိုတာကတော့ ကိုယ့်ရဲ့ language proficiency ကိုစစ်ပေးတဲ့ online test တစ်မျိုးပါပဲ။

သူ့ရဲ့ အားသာချက်တွေက

စာမေးပွဲကြေး $49 သာကျသင့်ခြင်း

စာမေးပွဲဲဖြေဆိုချိန် ၁နာရီသာကြာမြင့်ခြင်း

ဖြေဆိုပြီး ၄၈နာရီအတွင်း စာမေးပွဲရလဒ်ကိုသိရှိနိုင်ခြင်း

Duolingo ရမှတ်တွေကို College, University များကိုအကန့်အသတ်မရှိပေးပို့နိုင်ခြင်း စတဲ့အားသာချက်များစွာရှိပါတယ်။

Duolingo ကိုတော့ USA, Canada, UK, Australia, Ireland, China, Japan, Qatar, Thailand and other European countries တွေက ကမ္ဘာအသိအမှတ်ပြု institution ပေါင်း ၁၀၀၀ ကျော်က လက်ခံထားပါတယ်။ ဆိုတော့ အခုလိုမျိုး COVID-19 crisis ကာလအတွင်းမှာ English Language Proficiency exams test center တွေလဲပိတ်ထားတော့ Duolingo English Test ကို ကျောင်းသား/ ကျောင်းသူတွေပိုပြီး​ ရွေးချယ်လာကြပါတယ်။ College, University တော်တော်များများက လက်ခံထားပေမယ့် လက်မခံသေးတဲ့ College တွေ University တွေရှိသေးတဲ့ အတွက်ကြောင့် စာမေးပွဲမဖြေခင် ကိုယ်လျှောက်မဲ့ကျောင်းက လက်ခံ၊မခံဆိုတာ လေ့လာထားဖို့တော့ လိုပါတယ်။

ဒါဆိုရင် Duolingo English Test ဖြေဖို့ဘာတွေလိုအပ်လဲဆိုရင်တော့ Passport, driver’s license သို့မဟုတ် government ID, internet လိုင်းကောင်းကောင်းနဲ့ စာမေးပွဲဖြေဖို့ webcam ပါတဲ့ computer တစ်လုံးပဲလိုပါတယ်။ Test ဖြေဆိုနေစဥ်မှာလဲ အခန်းထဲမှာတစ်ယောက်ထဲရှိနေရမှာဖြစ်ပြီး စကားပြောလို့လဲမရပါဘူး။ Test က AI based ဖြစ်တဲ့အတွက်ကြောင့် ဖြေဆိုသူရဲ့ဖြေဆိုနိုင်မှုပေါ်မူတည်ပြီး ခက်ခဲမှုအဆင့်က ပြောင်းလဲနေမှာဖြစ်ပါတယ်။ ဖြေဆိုပြီး ၄၈နာရီ အတွင်း ရမှတ် ၁၀-၁၆၀ အတွင်း ကိုယ့်ရဲ့ရမှတ်တွေကို သိရှိန်ိုင်မှာပဲဖြစ်ပါတယ်။

Test Duration က reading, writing, listening, and speaking skills တွေအတွက် ၄၅မိနစ်ဖြစ်ပြီး video interview အတွက် 10 minutes ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Duolingo English Test နဲ့ပက်သတ်ပြီး သိသွားကြပြီလို့ထင်ပါတယ်။ နောက်ထပ်လဲ Duolingo English Test အတွက် ဘယ်လိုတွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လုပ်ပေးထားပါအုံးနော်။

#LetsPlanYourCareerTogether #BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar #ScholarshipsAndInternationalEducationMyanmar

August 9, 2021
ဒီနေ့မှာတော့ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့စဥ်းစားနေတဲ့ လူငယ်တွေအတွက် ranking ကောင်းတွေ ရရှိထားတဲ့ ကျောင်းတစ်ကျောင်းနဲ့ မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။
အဲ့ကျောင်းကတော့ Embry-Riddle Aeronautical University ပဲဖြစ်ပါတယ်။ ဒီကျောင်းက US ရဲ့ အကောင်းဆုံး Online Bachelor’s Degree Program, အကောင်းဆုံး Engineering Programs ရယ် Best Online Bachelor’s Degree Programs for Veterans ဆိုတဲ့ ဆုတံဆိပ်တွေကို ရရှိထားတာပဲဖြစ်ပါတယ်။ ဒီ University ကနေ Certificate, Associate Degree, Bachelor, Master’s နဲ့ Ph.D. Program တွေကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
တက်ရောက်နိုင်မဲ့ Programs တွေကတော့ –
Applied Science
Aviation
Business
Computer & Techonolgy
Engineering
Security, Intellgience and Safety
Space တို့ပဲဖြစ်ပါတယ်။
Embry-Riddle Aeronautical University ကိုတက်ရောက်ဖို့အတွက် လိုအပ်တဲ့ requirements တွေကတော့ High school transcript နဲ့ ACT or SAT score တို့ပဲဖြစ်ပါတယ်။
ကျောင်းလျှောက်ဖို့အတွက် Application Fees အနေနဲ့ $50ကုန်ကျမှာဖြစ်ပြီး tuition fees အနေနဲ့ average $35,424 လောက်ကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိချင်ရင်တော့ ဒီ link https://erau.edu လေးမှာဝင်ရောက်လေ့လာလို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 9, 2021
ယနေ့မှာတော့ Psychology ဘာသာရပ်ကို လေ့လာလိုသူများအတွက် အမေရိကန် နိုင်ငံ ၏ Pace University တွင် တက်ရောက်နိုင်သော Bachelor of Psychology ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
စိတ်ပညာ ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ အပြုအမူများ၊ အတွေး ၊ မှတ်ဉာဏ်များနှင့် စိတ်ခံစားမှုများကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ်ဖြစ်ပါတယ်။Pace University ၏ Bachelor of Psychology ဘာသာရပ်တွင် စိတ်ပညာ စမ်းသပ်ခြင်းများ၊ သက်ရှိ စိတ်ပညာ ၊ လူမှု စိတ်ပညာ၊ စိတ်ပညာ သမိုင်းကြောင်းများနှင့် အယူအဆ သဘောတရားများကို ပို့ချပေးလျက်ရှိပါတယ်။ သင်ကြားရမည့် ဘာသာရပ်များမှာ
• PSY 205 Statistics in Psychology and Allied Fields
• PSY 304 Social Psychology
• PSY 380 Experimental Psychology I
Program ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition Fees- $45,832 ကျသင့်ပါတယ်။ English Proficiency အနေဖြင့် TOEFL-80, IELTS- 6.5, PTE-54 တစ်ခု ခု ပြပေးရန်လိုအပ်ပါတယ်။
ဘွဲ့ရပြီးပါက အသက်မွေးဝမ်းကြောင်းအနေဖြင့် ပညာရေး ၊ ကျန်းမာရေး၊ ဥပဒေ ၊ အားကစား ၊ ဆွေးနွေးခြင်းစသော မတူညီသော နယ်ပယ်များတွင် လုပ်ကိုင်နိုင်ပါတယ်။ လုပ်ကိုင်နိုင်သော နယ်ပယ်အချို့မှာ
• Clinical psychologist
• Experimental or research psychologist
• Human resources manager
• Industrial/organizational psychologist
• Marketing director
• Personal life coach
• School psychologist
• Social worker

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 7, 2021

ယနေ့မှာတော့ IELTS Indicator နှင့် ပတ်သက်၍ မျှဝေပေးသွားပါမှာ ဖြစ်ပါတယ်။

IELTS Indicator ဆိုသည်မှာ IELTS (Paper Based Test) ကဲ့သို့မဟုတ်ဘဲ Computer based ဖြေဆိုရမှာ ဖြစ်ပါတယ်။ IELTS သည် ဖြေဆိုမည့် Center မှ မေးခွန်းထုတ်ပြီး စစ်ဆေးသော်လည်း IELTS Indicator မှမူ UK မှ တိုက်ရိုက်စစ်ဆေးသော Online test ဖြစ်ပါတယ်။ IELTS Indicator ဖြေဆိုပြီးနောက် ရလဒ်ကို တစ်ပတ်အတွင်း Gmail မှ တဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။

IELTS ကဲ့သို့ပင် IELTS Indicator တွင် Listening, Reading, Writing, speaking ဖြေဆို ရမှာဖြစ်ပြီး Speaking Test ကို Video Call မှ တဆင့် ဖြေဆိုရမှာ ဖြစ်ပါတယ်။ ထို့အတူ IELTS နှင့် IELTS Indicator ၏ အမှတ်ပေးစည်းမျဉ်းမှာ အတူတူပင် ဖြစ်ပါတယ်။

စာမေးပွဲကြေးမှာ $149 USD ကျသင့်မှာဖြစ်ပြီး မေးခွန်းပုံစံမှာ

Listening- 30 mins(40 questions)
Reading- 60 mins ( 40 questions)
Writing – 60 mins (2 tasks)
Speaking – 11-14 mins ( 3 tasks over video call) ဖြေဆို ရမှာ ဖြစ်ပါတယ်။

IELTS Indicator မဖြေဆိုခင် မိမိ Laptop ၏ Speaker, Microphone, Camera တို့ကို ကြိုတင်စစ်ဆေးထားရပါမယ်။

မိမိ တက်ရောက်မည့် တက္ကသိုလ်မှ IELTS Indicator လက်ခံ၊ မခံကို ယခု Link တွင် စစ်ဆေးနိုင်ပါတယ်။

Who accepts IELTS Indicator scores – IELTS Indicator

#LetsPlanYourCareerTogether #BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar #ScholarshipsAndInternationalEducationMyanmar

August 6, 2021
🗣️ EEVS ရဲ့ Telegram Channel
အမြဲမပြတ် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမြဲကြိုးစားနေတဲ့ EEVS ကအခုဆိုရင်တော့ Telegram ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။
EEVS ရဲ့ Telegram Channel လေးကနေ
☑️Scholarship Information တွေ
☑️နာမည်ကြီးတက္ကသိုလ်တွေရဲ့ information တွေ
☑️နိုင်ငံတကာပညာရေးဆွေးနွေးအကြောင်းတွေ
☑️ကျောင်းလျှောက်တဲ့အခါလိုအပ်တဲ့အကူညီတွေအပြင်
☑️Certified Education Counselor တွေနဲ့ပါဆွေးနွေးနိုင်မှာပါ
ဒါကြောင့် EEVS ရဲ့ Telegram Channel လေးကို အခုပဲ ဒီ link https://t.me/joinchat/Ezbw7qrXVzQ0ZGQ9 လေးကိုနိုပ်ပြီး join လိုက်တော့နော်။