fbpx
August 5, 2021
🇨🇦 သင်က ကနေဒါနိုင်ငံကို ရွှေ့ပြောင်း နေထိုင်ဖို့ စီစဉ်နေသူတစ်ဦးလား ?
ကနေဒါနိုင်ငံကို ရွှေ့ပြောင်း အခြေချဖို့ လိုအပ်ချက်တွေ ပြည့်မပြည့်သိချင်ပါသလား ?
ဒါဆိုရင် EEVS မှ အခမဲ့ ပြုလုပ်ပေးမယ့် Canada Migration Free Assessment Program လေးက သင့်အတွက် ဖြစ်ပါတယ်။
ယခုလို Assessment ပြုလုပ်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့ လိုအပ်ချက်တွေ Canada PR အတွက် ပြည့်မှီခြင်းရှိမရှိကို တစ်ခါတည်း သိရှိခွင့် ရရှိမှာ ဖြစ်ပါတယ်။
Canada Migration Free Assessment Program တွင် ပါ၀င်လိုပါက အောက်ပါလင့်ခ်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 3, 2021

Pathway to Victoria Scholarship Program – Melbourne Polytechnic

Scholarship တွေကိုစောင့်မျှော်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် Melbourne Polytechnic ကနေပေးအပ်မဲ့ Pathway to Victoria Scholarship Program အကြောင်းသိပြီးပြီလား?

Pathway to Victoria Scholarship Program က ကျောင်းသူ၊ ကျောင်းသားတွေ Melbourne မှာပညာသင်ယူနိုင်စေဖို့ Victorian အစိုးရကပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ Scholarship ပမာဏကတော့ $2,500 နဲ့ လူပေါင်း ၁၇၅ ယောက်ကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်။ 

သင်ယူနိုင်မဲ့ course တစ်ချို့ကတော့ – 

  • Melbourne Polytechnic Certificate IV to Diploma package
  • Melbourne Polytechnic Certificate IV to Diploma to Bachelor package
  • Approved external English College pathway to Melbourne Polytechnic courses
  • Approved non-English pathway to Melbourne Polytechnic courses

Scholarship အကြောင်းအသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ အခုပဲ EEVS ကိုဆက်သွယ်လိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 2, 2021
University of Wollongong သည်Australia နိုင်ငံ၏ public research university တစ်ခုဖြစ်ပြီး Sydney မြို့၏တောင်ဘက် ကီလိုမီတာ ၈၀ခန့်တွင် တည်ရှိပြီး New South Wales ပြည်နယ်၊ ကမ်းရိုးတန်းမြို့ Wollongong တွင်တည်ရှိပါတယ်။Times Higher Education(THE) World University Ranking 2021 အရ Australia နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၁၃ တွင် ရပ်တည်လျက်ရှိပါတယ်။
Engineering ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက်တော့ University of Wollongongမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Bachelor of Engineering (Honours) – Mechatronic Engineering Program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
Mechatronic Engineering ဆိုသည်မှာစက်မှု၊ လျှပ်စစ်နှင့်ကွန်ပျူတာနည်းပညာများကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပထမစာသင်နှစ်မှာဆိုရင် engineering ဘာသာရပ်နယ်ပယ်မျိုးစုံအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ mathematics, statistics, physics, chemistry, computing, engineering science and communication, mechanics, materials and fluids စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အခြေခံမရှိမဖြစ်လိုအပ်တဲ့ knowledge တွေကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ်မှာတော့ မိမိလေ့လာချင်တဲ့ ဘာသာရပ်နယ်ပယ်ကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။
၁၂ပတ် အလုပ်သင်ဆင်းရမည့် အစီအစဉ်ပါဝင်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်အတွေ့အကြုံများအရ credit point တွေရရှိမှာဖြစ်ပါတယ်။
UOW Engineer ကျောင်းသားတွေအနေနဲ့ ခေတ်မီလုပ်ငန်းခွင်တွေမှာ အသုံးပြုနေတဲ့ computer-aided softwareတွေ laboratories တွေနဲ့ သင်ကြားရမှာဖြစ်ပြီး အောက်ပါလက်တွေ့သင်ကြားရေးများကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။
Laboratory experiments
Problem based learning
Computer simulations
Teamwork assignments
Industrial case studies
Project management
Site visits to industry
တတိယနှစ်နဲ့ နောက်ဆုံးနှစ်တို့မှာတော့ control theory, microcontroller architecture and applications, electronics, mechanical engineering design, foundation in electrical energy utilisation, robotics and flexible automation စတဲ့ဘာသာရပ်နယ်ပယ်တွေမှာ အသေးစိတ်သင်ကြားရမှာဖြစ်ပါတယ်။
Program ကို၄နှစ်တက်ရောက်ရမှာဖြစ်ပြီး Course Fees – $150,144 ကုန်ကျမှာဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအနေနဲ့ လိုအပ်သော သတ်မှတ်ချက်များမှာ-
IELTS Academic – 6.0
TOEFL (Internet-based) – 70
UOW မှ engineering programs များကို Engineers Australia နှင့် Washington Accord မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတကာ အင်ဂျင်နီယာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 1, 2021

Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိပြီး ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ကာ QS World University Ranking 2022 အရ ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။

2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။

စီးပွားရေး စီမံခန့်ခွဲမှုနယ်ပယ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ သတင်းအချက်အလက်စနစ်တွေအကြောင်းကို စိတ်ဝင်စားသူများအတွက် ANU မှ သင်ကြားပေးနေတဲ့ Master of Business Information Systems Program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ program မှာတော့ ဘွဲ့ရများနှင့် professional များအား အထောက်အထားအခြေပြု ဆုံးဖြတ်ချက်
ချမှတ်သူများ၊ ဆန်းသစ်တီထွင်စွာ ပြသနာဖြေရှင်းသူများ အဖြစ်ပျိုးထောင်ပေးမှာဖြစ်ပါတယ်။ MBIS programသည် စီးပွားရေးသတင်းအချက်အလက်များနှင့် ပတ်သက်သည့် အသေးစိတ်သိမှတ်ဖွယ်ရာများနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးမှာဖြစ်ပါတယ်။

2 year full-time တက်ရောက်ရတာဖြစ်ပြီး သင်ကြားပေးမည့် ဘာသာရပ်များမှာ-

Evidence-Based Management
Marketing and Stakeholder Communications
Managing in a Global Context
Technology and Project Management
Accounting Information Systems
Relational Databases
Digital Transformation
Intelligent Business Analysis: Models, Processes and Techniques
Business Analytics for Managers
Networked Information Systems
Enterprise Systems and Strategy
Digital Strategy, Executive and Operations

Tuition fees – $45,690.00

တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ-

Bachelor degree or international equivalent with a minimum GPA of 5.0/7.0 OR
GMAT (Graduate Management Admission Test) score of 550
3 years full-time work experience
IELTS – 6.5
TOEFL paper based test – A score of 570 with a TWE* score of 4.5.
PTE Academic – overall score of 64 with a minimum score of 55 in each of the communicative skills.

Program Link – https://programsandcourses.anu.edu.au/program/MBINS

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 31, 2021
Nipissing University သည် North Bay, Ontario, Canada တွင် တည်ရှိသော public university ဖြစ်ပါတယ်။ Nipissing University ကို ၁၉၆၇ တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ တွင် independent university အဖြစ် ကောလိပ်ကျောင်း၊ အထက်တန်းကျောင်းဆင်း ဒီဂရီများကို ပေးအပ်ခဲ့ပါတယ်။
၂၀၀၁ တွင် Ontario အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate degree များကို ပေးအပ်ခွင့် ရရှိခဲ့ပါတယ်။ North Bay Teacher’s college နှင့် ပူးပေါင်းပြီး Nipissing college အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Nipissing University တွင် ထင်ရှားသော ဘာသာရပ်များမှာ health, art, science, teacher education တို့ဖြစ်ပါတယ်။ personal teaching သင်ကြားရေးဖြင့် student-focused သင်ကြားရေးစနစ် ကို အသုံးပြုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ကို စိတ်ဝင်စားသူတွေအတွက်တော့ Nipissing Universityမှာ သင်ကြားပို့ချပေးနေတဲ့ Bachelor of Science in Nursing (BScN) program နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Bachelor of Science in Nursing (BScN) program ကို Canadore College နှင့် ပူးတွဲဖွင့်လှစ်ထားတာဖြစ်ပြီး North Bay Campus မှာ Full Time ၄နှစ်တက်ရောက်ရတာဖြစ်ပါတယ်။ စာသင်ခန်းတွေမှာ student-centred learning နဲ့သင်ကြားပေးတာဖြစ်ပြီး institution ၂ခုလုံးမှ ဆရာ ဆရာမများနဲ့ သင်ကြားရမှာဖြစ်ပါတယ်။ North Bay Regional Health Centre (NBRHC) မှာလက်တွေ့အလုပ်သင်ဆင်းရမှာဖြစ်ပြီး Nipissing main campus အနီးရှိသွားလာရလွယ်ကူသောနေရာတွင်တည်ရှိပါတယ်။
Program မှာသင်ကြားပေးမည့် အဓိကဘာသာရပ်များမှာ-
Professional Self-Awareness View Details
Nursing and Health View Details
Aging and Health View Details
Clinical Practicum – Nursing Healthy Individuals View Details
Clinical Practicum – Nursing Older Adults View Details
Health Assessment View Details
Generativity and Life Inquiry View Details
Generativity and Life Transformative Practicum View Details
Functionality of Mind, Body, and Spirit I View Details
Functionality of Mind, Body, and Spirit Reflection View Details
Functionality of Mind, Body, and Spirit Transformative Practicum View Details
Concepts in Mental Health Nursing View Details
Health Challenges View Details
Concepts in Maternity and Pediatric Nursing
Course အသေးစိတ်ကို https://academiccalendar.nipissingu.ca/…/ViewCatalog… တွင်ကြည့်နိုင်ပါတယ်။
တက်ရောက်လိုသူများအတွက်လိုအပ်သောသတ်မှတ်ချက်များမှာ-
အထက်တန်းအောင်မြင်ပြီး English, Biology, Chemistry ဘာသာရပ်များတွင် အမှတ်ကောင်းကောင်းရရှိထားရမည်။
TOEFL : 83
with a minimum score of 20 in reading, listening and writing, and a minimum score of 22 in speaking
IELTS : 7
With no module less than 6.5 in each band
PTE : 58
With a minimum score of 56 in speaking, writing, reading, and listening
Intake Seasons – Spring, Summer, Fall

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 31, 2021
1949 တွင်တည်ထောင်ခဲ့သော Crandall University သည် Canada နိုင်ငံ Moncton တွင်တည်ရှိပြီး Department of Post-Secondary Education, Training and Labour, New Brunswick မှ အသိအမှတ်ပြုထားပါတယ်။ Country Rank #92 နှင့် World Rank #7297 ရရှိထားပြီး enroll လုပ်ထားသော ကျောင်းသားတစ်ထောင်ကျော်နှင့် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။
ကျောင်းသားဆရာအချိုး 13:1 ရှိပြီး undergraduate programs, post-graduate programs, professional နှင့် certificate programs များကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
ရွေးချယ် တက်ရောက်နိုင်သော ဘာသာရပ်နယ်ပယ်များမှာ-
Arts
Arts & Science
Business Administration
Education
Organizational Management
Science
Theology တို့ပဲဖြစ်ပါတယ်။ အသေးစိတ်ကို https://www.crandallu.ca/academics/
တွင်ကြည့်နိုင်ပါတယ်။
International Bachelor of Commerce Program ကတော့ နိုင်ငံတကာကျောင်းသားတွေ တက်ရောက်မှုအများဆုံး program ပဲဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေ တက်ရောက်နိုင်တဲ့ postgraduate program တွေကတော့ Master of Management နှင့် Master of Organizational Management တို့ပဲ ဖြစ်ပါတယ်။ Certificate in Business ကလည်း စိတ်ဝင်စားမှုများတဲ့ program တစ်ခုဖြစ်ပါတယ်။
Application Fees – 100 USD
Tuition Fees for international students
For undergraduate programs – 17,395 CAD – 18,395 CAD
For postgraduate programs – 13,250 CAD – 31,950 CAD
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
overall GPA of 2.0
IELTS – Academic: minimum 6.5 overall, minimum 6.0 in each area
TOEFL-IBT: minimum 90 overall, minimum 21 in each area
PTE (Pearson) Academic: minimum score of 56
Duolingo English Test results (minimum score of 105)
Undergraduate ကျောင်းသားတွေအတွက် –
Academic Leadership & Service
Housing & Leadership
Jackson Scholarships
Athletic Scholarships (contact a varsity coach) စသော scholarships အမျိုးအစားများကို ပေးလျက်ရှိပါတယ်။ အသေးစိတ်ကို https://www.crandallu.ca/money-matters/scholarships/
တွင်ကြည့်နိုင်ပါတယ်။
University Link – https://www.crandallu.ca/

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 30, 2021
သင်ဟာစီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာလိုသူဖြစ်ပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုနေရာကို တာဝန်ယူရမည့်သူတစ်ဦးလား
ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ကနေဒါနိုင်ငံ Crandall Universityမှာ သင်ကြားပေးနေတဲ့ Master of Organizational Management program အကြောင်းကို အပြီးထိဖတ်ကြည့်လိုက်ပါနော်။
Crandall University သည် Canada နိုင်ငံ Monctonတွင်တည်ရှိပြီး Department of Post-Secondary Education, Training and Labour, New Brunswick မှ အသိအမှတ်ပြုထားပါတယ်။ Master of Organizational Management (MOrgM) သည် people-focused program ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုနေရာများအတွက် professional များကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
Master of Business Administration (MBA) degree နဲ့ကွာခြားတဲ့အချက်ကတော့ business administration ရှုထောင့်တွေထက်စာရင် ဒီ program မှာကတော့ လူတွေနဲ့အတူတကွ ဘယ်လိုအလုပ်ပြီးမြောက်အောင်လုပ်မလဲဆိုတာတွေရယ် လူတွေကိုဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်မလဲဆိုတာတွေရယ်ကို လေ့လာရမှာဖြစ်ပါတယ်။
Program ကို 12 လ 30 credit-hour တက်ရောက်ရမှာဖြစ်ပြီး ဒီ program ပြီးတဲ့ကျောင်းသားတွေအနေနဲ့ ကနေဒါအစိုးရထံမှ Post-Graduation Work Permit ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ-
Managing Organizations in Social Change
Managing Organizations across Borders and Cultures
Non-Profit Issues and Management
Vision and Management
Leading Organizational Change
Corporate Social Responsibility and Managerial Ethics
Financial Management in Organizations
Strategic Organizational Management
Organizational Behaviour
Organizational Culture and Communication တို့ပဲဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
undergraduate Bachelor’s degree with a minimum grade point average of 3.0
သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်
a résumé and a cover letter
IELTS – Academic: minimum 6.5 overall, minimum 6.0 in each area
TOEFL-IBT: minimum 90 overall, minimum 21 in each area
PTE (Pearson) Academic: minimum score of 56
Duolingo English Test results (minimum score of 105)

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 30, 2021

Engineering ဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် Canada နိုင်ငံရှိ Conestoga Collegeမှာ သင်ကြားပေးနေတဲ့ Bachelor of Engineering – Electronic Systems Engineering program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

Bachelor of Engineering – Electronic Systems Engineering (ESE) program ကို honours level သင်ကြားပေးနေတာဖြစ်ပြီး Canadian Engineering Accreditation Board (CEAB)နှင့် CEWIL Canada တို့မှ အသိအမှတ်ပြုထားကာ ကျောင်းသားတွေကို professional engineer တွေဖြစ်လာအောင် မွေးထုတ်ပေးလျက်ရှိပါတယ်။

ဒီ Program မှာကျောင်းသားတွေ စိတ်ဝင်စားတဲ့ သီအိုရီတွေကို လက်တွေ့လုပ်ငန်းများနှင့်ချိတ်ဆက်ကာ Project တွေလုပ်ခိုင်းပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ ခေတ်မှီတိုးတက်နေတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေဖြစ်တဲ့ digital and analog electronics, embedded systems, software, signal processing, communication systems စတဲ့နယ်ပယ်တွေမှာ မိမိ career ကိုစတင်ချင်သူတွေအနေနဲ့ တက်ရောက်သင့်တဲ့ Program ပဲဖြစ်ပါတယ်။

ဒီ Program ကို Full Time ၄နှစ် တက်ရောက်ရမှာဖြစ်ပြီး Cambridge – Fountain Street Campus မှာ

တက်ရောက်ရမှာဖြစ်ပါတယ်။ Program မှာသင်ကြားပေးမည့် ဘာသာရပ်များမှာ-

Level 1

Conestoga 101

Introduction to Engineering Projects

Digital Systems

Electrical Foundations

Foundation Module

Math I

Physics I

Science, Technology and Society

Group Dynamics

Level 2

Engineering Project II

Electronic Foundations

Scientific and Technical Communications

Math II

Physics II

Programming Principles

တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

Basic computer literacy

IELTS overall band of 6.5 with no band less than 6.0

TOEFL iBT 88

CAEL 70, no sub-test band score less than 60

PTE Academic 58

Conestoga English Language Test (CELT) Band 6

Career Opportunities တွေအနေနဲ့လည်း software design, embedded systems design, network design, wireless networks and test engineering စတဲ့နယ်ပယ်တွေမှာ  engineering နှင့် managerial function တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 2017 မှ 2019 စစ်တမ်းများအရ ကျောင်းပြီးသွားသော graduate  68% သည် ခြောက်လအတွင်း

လုပ်ငန်းခွင်သို့ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ပါတယ်။

Program Link – https://www.conestogac.on.ca/…/bachelor-of…/moreinfo…

 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 28, 2021

📌သင်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ပြီး Canada နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရချင်သူ တစ်ဦးလား

📌ဒါဆိုရင်တော့ အခုပြောပြပေးမယ့် Canada နိုင်ငံ Brantford, Ontario မှာရှိတဲ့ Haven International Schoolအကြောင်းကို အဆုံးထိဖတ်ကြည့်လိုက်နော်။

📌Haven International School သည် ပုဂ္ဂလိကကျောင်းဖြစ်ပြီး Ontario သင်ရိုးညွှန်းတမ်းကို အခြေခံကာ
သင်ကြားပေးပြီး ကျောင်းသားများ၏ တက္ကသိုလ် ပညာရေးရည်မှန်းချက်များကိုအကောင်အထည်ဖော်ပေးလျက်ရှိပါတယ်။

📌Haven မှ ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေအတွက် ထိပ်တန်းတက္ကသိုလ်တွေဝင်ခွင့်တွေ ရရှိနိုင်မှာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ challenges တွေ တွေ့ကြုံရတဲ့အခါမှာလည်း ကောင်းစွာရင်ဆိုင်ဖြေရှင်းနိုင်ဖို့၊တာဝန်ယူတတ်ဖို့၊ risk ယူတတ်ဖို့၊ ပူးပေါင်းဆောင်ရွက်တတ်ဖို့တွေကိုလည်း လေ့ကျင့်ပေးထားပါတယ်။

📌နောက်ဆုံးပေါ် သင်ကြားရေးနည်းပညာများနှင့်အတူ Ontario ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးပြီး နိုင်ငံတကာကျောင်းသားများအတွက် ပို့ချပေးလျက်ရှိသော Program များမှာ-

Pre-University Program
Class size 10-20 ရှိပြီး အထက်တန်းအောင်မြင်ပြီး အသက် ၁၅မှ၁၉ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ ဒီ program ကတော့ Canada နိုင်ငံမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရဖို့အတွက် လိုအပ်တဲ့ skills နဲ့ knowledge တွေကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

High School
Class size 15-20 ရှိပြီး အသက် ၁၄ မှ၁၈ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ Grade 9-12
High School Program ကတော့ ကျောင်းသားတွေအတွက် ကတော့ Canada နိုင်ငံမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရဖို့အတွက် ပြင်ဆင်ပေးတာဖြစ်ပါတယ်။

Senior Elementary
Class size 15-20 ရှိပြီး အသက် ၁၁ မှ၁၄ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ Grade 7 & 8 elementary program မှာတော့ Ontario ပညာရေးဝန်ကြီးဌာန စံချိန်စံညွှန်းတွေထက်ပိုပြီးတော့ သင်ကြားပေးပါတယ်။

ESL Program
Class size 10-20 ရှိပြီး အသက် ၁၁ မှ ၂၀ ကြားရှိ English Language ကိုကျွမ်းကျင်စွာပြောဆိုလိုပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရလိုသူများ တက်ရောက်နိုင်ပါတယ်။

Intake Seasons – January, April, June, September, November

Tuition fee: CAD $11,600
Application fee: CAD $200

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 24, 2021

📌၁၉၇၀ တွင် စတင် တည်ထောင်ခဲ့သော Thompson Rivers University(TRU) သည် Public academic and Research University တစ်ခု ဖြစ်ပါတယ်။ Main campus မှာ Kamloops, BC, Canada တွင်တည်ရှိပြီး TRU မှ ဘွဲ့ရပြီး ကမ္ဘာအနှံ့ စီးပွားရေး ခေါင်းဆောင်များစွာရှိပါတယ်။

📌နိုင်ငံတကာ partner များစွာရှိပြိး ကျောင်းသားပေါင်း ၂၆၀၀၀ ကို on campus, distance, online learning စသဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံပေါင်း ၇၀ ကျော်မှ ကျောင်းသားများ တက်ရောက်ကြပြီး အများစုမှာ China, India, Saudi Arabia တို့ဖြစ်ပါတယ်။

📌Faculty of Arts, Faculty of Adventure, School of Business and Economics, School of Nursing,
Faculty of Education and Social Work, Culinary Arts and Tourism, Faculty of Law, Faculty of Science, Faculty of Student Development, School of Trades and Technology စသောပညာရေးဌာနများဖြင့် ဖွဲ့စည်းထားပါတယ်။

📌ဒီတစ်ခါမှာတော့ School of Business and Economics အောက်မှာ သင်ကြားပေးနေတဲ့ Master of Business Administration Program အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။

📌၂နှစ်တက်ရောက်ရသော TRU MBA program သည် 5000-level နှင့် 6000-level courseများပါဝင်ပါတယ်။ ကျောင်းသားများသည် core courses များကို ပြီးဆုံးပြီးနောက်တွင်project (သို့) thesis များအတွက် နောက်ထပ် course ၄ခုကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

5000-level core courses များမှာ-

Managerial Statistics
Financial Accounting
Management Accounting
Economics for Managers/Global Economics
Marketing Management
Human Resource Management

6000-level core courses များမှာ-

Ethics and Corporate Social Responsibility
Corporate Finance
International Business
Leadership and Organizational Development
Supply Chain Management
Project Management and Consulting Methods
Strategic Management
Decision Analysis and Modelling

📌MBA အတွက်အဓိကသင်ခန်းစာ ၁၄ ခုအပြင်ကျောင်းသားအားလုံးသည် Course-based option အနေဖြင့် အောက်ပါ course များမှ ၄ခုကိုရွေးချယ်ရန်လိုအပ်ပါတယ်။

Strategic Management Information Systems
Advanced Marketing Management
Advanced Corporate Finance
Innovation and Entrepreneurship
Research Methods, Preparation and Presentation (requires approval)
Selected Topics in Business Administration (on-campus delivery)

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Degree ရရှိထားပြီး (GPA of 3.0 on a scale of 4.33 or local equivalent) ရှိရမည်။

Professional work experience

IELTS score of 7.0 (with no band below 6.5)
TOEFL score of 587 with a TWE of 5.0 or higher (paper-based test), or minimum score of 94 with no section below 20 (IBT),
Pearson Test of English (PTE ) – Overall score of 68 with no bands less than 62

Program Link – https://www.tru.ca/business/masters-degrees/master-of-business-administration.html

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar