fbpx
July 23, 2021

📣Australia နိုင်ငံမှာရှိတဲ့ World Ranking ကောင်းကောင်းရထားတဲ့ တက္ကသိုလ်မှာ
medicine, engineering, business အစရှိတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူလိုသော ကျောင်းသားများအတွက် Flinders University အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

📌1966 တွင်စတင်တည်ထောင်ခဲ့သော Flinders University သည် သြစတြေးလျတောင်ပိုင်း Adelaide တွင် တည်ရှိပြီး ဆန်းသစ်တီထွင်မှုရှိသော သုတေသနများ၊ နည်းစနစ်ကျသော သင်ကြားမှု ပုံစံများနှင့်
student support များကြောင့် သြစတြေးလျတွင် နံပါတ်တစ်အဖြစ်ရပ်တည်လျက်ရှိပါတယ်။

📌Times Higher Education (THE) မှ 2021 World University Rankings တွင် #251-300 ရရှိထားပြီး
နိုင်ငံပေါင်း ၉၀ကျော်မှ နိုင်ငံတကာကျောင်းသားပေါင်း ၅၄၀၀ကျော်ကို မွေးထုတ်ပေးလျက်ရှိပါတယ်။

📌နိုင်ငံတကာကျောင်းသားများအတွက် Research Programs, Undergraduate Programs, Postgraduate Programs များစွာကို ပို့ချပေးလျက်ရှိပြီး လေ့လာနိုင်သော ဘာသာရပ်နယ်ပယ်များမှာ-

Clinical, pre-clinical & health
Business & economics
Engineering & technology
Computer science
Arts & humanities
Social sciences
Physical sciences
Life sciences
Psychology
Education
Law တို့ဖြစ်ပါတယ်။

📌တက်ရောက်လိုသော ကျောင်းသားများအတွက် Program အလိုက်လိုအပ်သောသတ်မှတ်ချက်များမှာ-

MBBS
IELTS: 7 and above
TOEFL: 96 and above
PTE: 65 and above

BSc
IELTS: 6-6.5
TOEFL: 72-80
PTE: 50-58

MS
IELTS: 6-6.5
TOEFL:72-80
PTE: 50-58

BBA
IELTS: 6 and above
TOEFL: 72 and above
PTE: 50 and above

BE/Btech
IELTS: 6 and above
TOEFL: 72 and above
PTE: 50 and above

MBA
IELTS: 6.5 and above
TOEFL: 80 and above
PTE: 58 and above

📌Application Fees မှာ Undergraduate များအတွက် AUD 60 ကျမှာဖြစ်ပြီး Postgraduate များအတွက် AUD 100 ကုန်ကျမှာဖြစ်ပါတယ်။

Tuition Fees – AUD 33,000 – AUD 42,000

📌Undergraduate နှင့် Postgraduate Program များတက်ရောက်သော နိုင်ငံတကာကျောင်းသားများအတွက် Academic Scholarships, Pathways Scholarships, Alumni Scholarships အစရှိသော Scholarships များပေးအပ်လျက်ရှိပြီး လက်ရှိတွင် 50% အထိ Go Beyond Scholarship ကို လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို https://www.flinders.edu.au/international/apply/scholarships/gobeyond?utm_source=Email&utm_medium=Signature&utm_campaign=FI-GoBeyond-Scholarships တွင်ကြည့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 20, 2021

🇵🇱ပိုလန်နိုင်ငံမှာ ဆေးပညာသင်ယူဖို့ စိတ်အားထက်သန်သူတွေအတွက် Lublin မြို့တွင်တည်ရှိသော Medical University of Lublin (MUL) အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

📌၁၉၄၄ ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး ၁၉၉၅
ခုနှစ်တွင်နိုင်ငံတကာကျောင်းသားများကိုစတင်သင်ကြားပေးလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်တွင်နိုင်ငံပေါင်း ၅၀ ကျော်မှ MD နှင့် DDS ကျောင်းသားများအပါအဝင် ကျောင်းသားခုနစ်ထောင်ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

📌MUL ကို ပြည်တွင်းနှင့် EU ပညာရေးအဖွဲ့အစည်းများသာမက US Department of Education, Medical Board of California, New York State Education Department, FAIMER, Medical Councils of Thailand များနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

📌ဆေးပညာနယ်ပယ်အမျိုးမျိုးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတာနဲ့ တက်ရောက်နိုင်တဲ့ Program တွေကတော့-

၆နှစ်တက်ရောက်ရသော Medicine Degree program
၅နှစ်တက်ရောက်ရသော Dentistry Degree program
၃နှစ်တက်ရောက်ရသော Bachelor of Nursing Program
၃နှစ်တက်ရောက်ရသော Bachelor of Midwifery Program

📌Program များအသေးစိတ်ကို https://www.umlub.pl/en/candidates/program-offer/ တွင်ကြည့်နိုင်ပါတယ်။

📌Medical University of Lublin (MUL) တွင်တက်ရောက်နိုင်ဖို့အတွက် အထက်တန်းအောင်မြင်ပြီး
ကြောင်းအောင်လတ်မှတ်များနှင့် အမှတ်စာရင်းတွေပြပေးဖို့လိုအပ်တဲ့အပြင် ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

📌Medicine နှင့် Dentistry Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology, Chemistry, Mathematics, Physics ဘာသာရပ်များကို Multiple Choice Question အပုဒ်ရေ ၁၀၀ ကိုဖြေဆိုရပါမယ်။

📌Nursing/Midwifery Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology အတွက် မေးခွန်းအပုဒ် ၃၀ နှင့် မေးခွန်းအပုဒ်ရေ ၂၀ကို ( mathematics, physics or chemistry)မှ တစ်ဘာသာကိုရွေးချယ်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူးဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

အသေးစိတ်ကို https://www.umlub.pl/en/candidates/admission-requirements-and-procedures/
တွင်ကြည့်နိုင်ပါတယ်။

Intake Seasons – October, February

University Link – http://umlub.pl/en/university/about-us/

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 19, 2021

📌Richard Bland College (RBC) သည် ၂နှစ်တက်ရောက်ရသော public junior college ဖြစ်ပြီး College of William & Mary နှင့်ချိတ်ဆက်ထားကာ Prince George County, Virginia တွင်တည်ရှိပါတယ်။

📌Richard Bland College (RBC) သည် ကျောင်းသားများအတွက် liberal arts tradition အရ
ပညာရေးဆိုင်ရာတိကျခိုင်မာသည့်အစီအစဉ်များမှတစ်ဆင့် strategic partnerships များနှင့်အတူ Virginia မှာရှိတဲ့ ranking မြင့်တက္ကသိုလ်တွေကို တိုက်ရိုက် transfer တက်ရောက်နိုင်ဖို့အတွက် foundation program တွေကိုသင်ကြားပေးပါတယ်။

📌RBC Global Student Success Program မှာ၂နှစ်တက်ရောက်ပြီးလျှင် Associate Degree ရရှိမှာဖြစ်
ပြီး William & Mary တွင်သာမက Virginia မှာရှိတဲ့ universities နဲ့ colleges ၄၀ကျော်မှာ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး Bachelor Degree ရရှိမှာဖြစ်ပါတယ်။

📌တက်ရောက်နိုင်တဲ့ Associate Degree options တွေကတော့

Associate of Arts Degree (A.A.)
Associate of Science Degree (A.S.)
Associate of Science Degree – Behavioral Sciences (A.S.-Behavioral Science)
Associate of Science Degree – Business Administration (A.S.-Business Administration)
Associate of Science Degree – Math/Computer Science (A.S.-Math/Computer Science)
Associate of Science Degree – Physical Science (A.S.-Physical Science)
Associate of Science Degree – Life Science (A.S.-Life Science)
Associate of Science Degree – Clinical Lab Sciences (A.S.-Clinical Lab Sciences) တို့ပဲဖြစ်ပါတယ်။

📌Annual tuition fees (based on 30 credits per year) – $19710

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

အထက်တန်း ပညာရေး ၁၂နှစ်ပြီးမြောက်ရမည်။

GPA – US 2.5 GPA
IELTS- 5.5
TOEFL – 69
Pearson Versant – 50
Duolingo – 95

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 18, 2021

📌University of Massachusetts—Boston သည် ၁၉၆၄ တွင်တည်ထောင်ခဲ့သော public institution
တစ်ခုဖြစ်ပါတယ်။

📌ဘွဲ့ကြိုကျောင်းသားစုစုပေါင်း ၁၂,၅၉၅ ရှိပြီး ၁၂၀ဧက ကျယ်ဝန်းသော campus ရှိပါတယ်။
University of Massachusetts—Boston သည် ၂၀၂၁ ခုနှစ်အကောင်းဆုံးကောလိပ်များ အဆင့်သတ်မှတ်ချက်တွင် #227 ရရှိထားပါတယ်။

📌ကျောင်းသားဆရာအချိုး ၁၆: ၁ ဖြစ်ပြီးကျောင်းတွင် ၃၆.၅% သောစာသင်ခန်းများတွင် ကျောင်းသားဦးရေ ၂၀လောက်သာထားရှိပါတယ်။ Undergraduate နှင့် Graduate Program ပေါင်း ၁၅၀ကျော်ကိုဖွင့်လှစ်ပေးထားပြီး အထင်ရှားဆုံး ဘာသာရပ်နယ်ပယ်များမှာ-

Business, Management, Marketing, and Related Support Services
Health Professions and Related Programs
Psychology
Social Sciences
Biological and Biomedical Sciences

📌Application deadline သည် March 1ဖြစ်ပြီး Application fees 100 USD ကုန်ကျမှာဖြစ်ပါတယ်။

📌Program များတက်ရောက်လိုသူများအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-

TOEFL IBT- 79-80
IELTS- 6.0
SAT – 480 or higher

Intake Seasons – Fall and Spring

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 15, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ UKမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

UK ပညာရေးက ဘယ်ဘာသာရပ်နယ်ပယ်တွေအတွက် ဦးဆောင်နေသလဲ?

UK ပညာရေးသည် Engineering, science, art & design, business & management, law and finance စတဲ့ ဘာသာရပ်နယ်ပယ်များစွာအတွက် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။ 

UK Qualifications တွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလား?

UK တက္ကသိုလ်များမှ Degree များကို  ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး အရည်အသွေးမြင့် ပညာရေးကြောင့် ကျော်ကြားလှပါတယ်။

UK တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?

IELTS ကို UK မှာရှိတဲ့ တက္ကသိုလ်အဖွဲ့အစည်းအားလုံးနီးပါးက လက်ခံကြပါတယ်။ 98% သောတက္ကသိုလ်များသည်လည်း TOEFL နှင့် PTE Academic Test ကိုလက်ခံပေးပါတယ်။Score သတ်မှတ်ချက်တွေကတော့ မိမိလျှောက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားများအနေဖြင့် UK မှာကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်လုပ်လို့ရပါသလား?

ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်ကို နာရီ၂၀ part-time လုပ်ကိုင်နိုင်ပြီး ကျောင်းပိတ်နေတဲ့အချိန်တွေမှာ အချိန်ပြည့်လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် UK မှာပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

နိုင်ငံတကာကျောင်းသားတွေအတွက်Undergraduate Program များတက်ရောက်လျှင် £10,000 မှ £38,000 အတွင်းကုန်ကျနိုင်ပြီး  medical degrees များတက်ရောက်မည်ဆိုပါကပိုမိုကုန်ကျစရိတ်များနိုင်ပါတယ်။ Postgraduate Program များအတွက် £30,000 မှ £50,000 အတွင်းကုန်ကျနိုင်ပါတယ်။s Business, Engineering , Computer Science ဘာသာရပ်များသည် Journalism , Humanities စတဲ့ဘာသာရပ်တွေထက် အနည်းငယ်ပိုကုန်ကျနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships အခွင့်အရေးတွေရှိလား?

UK အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်လေ့ရှိသော Scholarships အများစုမှာ-

Chevening Commonwealth Scholarships

Fulbright Foreign Student Program

Edinburgh Global Research Scholarships အစရှိတာတွေပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 12, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ Australia နိုင်ငံမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

Australia တက္ကသိုလ်တွေမှာ ဘယ်လိုမျိုး course တွေကို လျှောက်ထားနိုင်သလဲ?

Science, management, tourism, hospitality, commerce, humanities, engineering, law or health sciences အစရှိတဲ့ ဘာသာရပ်နယ်ပယ်တွေကို တက်ရောက်နိုင်ပါတယ်။ ဘယ်ဘာသာရပ်နယ်ပယ်ကိုပဲ ရွေးချယ်ပါစေ Australia တက္ကသိုလ်များသည် engineering and technology, medicine, nursing, environmental science, accounting and finance အစရှိသော ဘာသာရပ်နယ်ပယ်များတွင် ကမ္ဘာ့အကောင်းဆုံးအဖြစ်အဆင့်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

Australia အဆင့်မြင့်ပညာရေးကို တက်ရောက်နိုင်ဖို့အတွက် ဘယ်လို study level  တွေကို ရွေးချယ်နိုင်သလဲ?

ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် သုတေသန program များကို တက်ရောက်နိုင်ပါတယ်။

Australia မှာကျောင်းတက်ဖို့ ဘာတွေလိုအပ်လဲ?

ယေဘုယျအားဖြင့် လိုအပ်ချက်များမှာ-

 Academic requirements

English language requirements

Evidence of funds to support your study

Overseas student health cover အစရှိသည်တို့ဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships တွေရှိလား?

Australia အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။

Australia တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ? 

Australia မှာရှိတဲ့ တက္ကသိုလ်အများစုကတော့ IELTS ကို ဦးစားပေး  လက်ခံပေးကြပါတယ်။

ထို့အပြင် TOEFL paper-based test, Pearson Test of English Academic (PTE), Cambridge English: Advanced and Occupational English Test (OET) စသည့် test တွေကိုပါ လက်ခံပေးပါတယ်။ 

Australia နိုင်ငံမှာ ပညာသင်ကြားနေရင်း အလုပ်လုပ်လို့ရလား? 

ကျောင်းတက်နေစဉ်ကာလအတွင်းမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်နေစဉ်ကာလမှာ အချိန်အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Australia မှာ ပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

Undergraduate program များအတွက် AU$15,000 မှ AU$33,000 အထိကုန်ကျနိုင်ပြီး

Postgraduate program များအတွက် AU$20,000မှ AU$37,000အထိကုန်ကျနိုင်ပါတယ်။ 

မိမိတက်ရောက်တဲ့ တက္ကသိုလ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်အပြောင်းအလဲရှိနိုင်ပါတယ်။ 

နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာရှိတဲ့ ကုန်ကျစရိတ် အသက်သာဆုံးတက္ကသိုလ်တွေက ဘာတွေလဲ?

 University of the Sunshine Coast (Sunshine Coast)

University of Southern Queensland (Toowoomba)

Southern Cross University (Lismore)

Charles Darwin University (Darwin)

University of New England (Armidale)

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 11, 2021

နိုင်ငံတကာတွင် ဆေးပညာ၊ သူနာပြုနှင့် Public Healthဘာသာရပ်နယ်ပယ်များစွာအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သြစတြေးလျနိုင်ငံသည်လည်း ဆေးပညာနယ်ပယ်တွင် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။

သြစတြေးလျသည် ပညာရေးအဆင့်အတန်းမြင့်မားခြင်း၊ အကောင်းဆုံးသော သင်ကြားရေးနည်းစနစ်များရှိခြင်း၊ ပညာသင်စရိတ် သင့်တင့်မျှတခြင်းတို့ကြောင့် ဆေးပညာကိုလေ့လာရန်အတွက်ကမ္ဘာ့အကောင်းဆုံးနိုင်ငံများထဲမှတစ်ခု အပါအဝင်ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်းဆေးကျောင်းများတွင် ပို့ချပေးလျက်ရှိတဲ့ ကျောင်းသားအများဆုံး စိတ်ဝင်စားသည့် course များမှာ-

Bachelor of Medicine and Bachelor of Surgery (MBBS)

Doctor of Medicine

Nursing Courses

Public Health Courses

Postgraduate Research Courses အစရှိတာတွေပဲဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်း medical schools များမှာ-

The University of Melbourne

၁၈၅၃ ခုနှစ်တွင်တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး နိုင်ငံပေါင်း၂၀၀ကျော်မှ ကျောင်းသားများ ပညာသင်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ရှိ ထိပ်တန်းဘွဲ့လွန်သင်တန်းများကိုဆေးပညာဌာနအောက်တွင် အောက်ပါအတိုင်းခွဲခြားထားပါတယ်။ 

Melbourne Medical School

Melbourne Dental School

Melbourne School of Health Sciences

School of Biomedical Sciences

Melbourne School of Psychological Sciences

Melbourne School of Population and Global Health

Doctor of Medicine, Master of Clinical Research, Master of Surgical Science and Master of Surgery စသော Program များသည် ဆေးကျောင်းသားများကြားတွင် ရေပန်းစားသောကြောင့်သြစတြေးလျတွင်ရှာဖွေမှုအများဆုံးနှင့်ထိပ်တန်းဆေးကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။

2021 အတွက် QS Rankings 41 ရရှိထားပြီး THE Rankings 31 ရရှိထားပါတယ်။

University of Sydney

University of Sydney သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်၅၀စာရင်းတွင် ပါဝင်ပြီး ပညာရေး၊သုတေသန၊ ကျောင်းသားအတွေ့အကြုံ၊ ဘွဲ့ရပြီးအလုပ်ခန့်အပ်မှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ထိပ်တန်းမှရပ်တည်လျက်ရှိပါတယ်။ Sydney Medical School သည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်အောက်တွင် School of Medical Sciences နှင့် Sydney School of Public Healthတို့ကိုပါဖွင့်လှစ်ပေးထားပါတယ်။ သင်ရိုးညွှန်းတမ်းသည်ဘွဲ့လွန်ကျောင်းသားများအတွက် ရည်ရွယ်၍ မေ့ဆေး၊ စိတ်ရောဂါကုသမှု၊အထွေထွေလေ့ကျင့်မှုနှင့်ခွဲစိတ်ကုသမှုစသည့်ဆေးဘက်ဆိုင်ရာနယ်ပယ်များတွင်အထူးပြုဘာသာရပ်များဖြင့်သင်ကြားပေးလျက်ရှိပါတယ်။

2021 အတွက် QS Rankings 40  ရရှိထားပြီး THE Rankings 51 ရရှိထားပါတယ်။ 

Monash University

Monash University သည် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းဆေးတက္ကသိုလ်တစ်ခုတွင် အပါအဝင်ဖြစ်ပြီး အကြီးမားဆုံးပညာရေးဌာနတစ်ခုဖြစ်ပါတယ်။ ၁၂တန်းကျောင်းပြီးသွားသော ကျောင်းသားများအတွက် ဆေးပညာဆိုင်ရာ Program များကို တိုက်ရိုက်ဝင်ခွင့်ပြုထားပြီး Bachelor of Health Sciences နှင့် Bachelor of Public Health Program များအတွက်တော့ AMSAT exam ဖြေဆိုရန် လိုအပ်ပါတယ်။ကျောင်းသားအများစု bachelor ရပြီးနောက် ဆက်လက်လေ့လာလျက်ရှိတဲ့ course များမှာ-

Master of Medicine

Master of Public Health

Master of Clinical Medicine

Master of Advanced Nursing တို့ပဲဖြစ်ပါတယ်။

2021 အတွက် QS Rankings 55  ရရှိထားပြီး THE Rankings 64  ရရှိထားပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

July 10, 2021

Australia နိုင်ငံမှာ သွားရောက်ပညာသင်ယူလိုတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာ Part-Time jobs နဲ့ ပတ်သက်ပြီး သိထားသင့်သောအကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။

Australia ပညာရေးကုန်ကျစရိတ်သည် US, UK နိုင်ငံများနှင့်ယှဉ်လျှင် ပိုမိုသက်သာသော်လည်း living cost အနည်းငယ်မြင့်မားတာကြောင့် နိုင်ငံတကာကျောင်းသားအများစုက Part-Time jobs တွေလုပ်ကိုင်လျက်ရှိပါတယ်။

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Australia မှာ ကျောင်းတက်နေစဉ်ကာလအတွင်းတစ်ပတ်ကို  နာရီ၂၀ အလုပ်လုပ်နိုင်ပြီးကျောင်းပိတ်အားလပ်ရက်ကာလအတွင်းမှာအချိန်အကန့်အသတ်မရှိ အချိန်ပိုင်းလုပ်နိုင်ပါတယ်။ကျောင်းသားများသည်  Overseas Student Health Cover (OSHC) ကိုထိန်းသိမ်းထားရန်လိုအပ်ပါတယ်။

Australia နိုင်ငံရှိ တက္ကသိုလ်တော်တော်များများမှာ နိုင်ငံတကာကျောင်းသားတွေအတွက်on-campus နှင့် off-campus part-time job opportunities တွေအများကြီးရှိပါတယ်။

နိုင်ငံတကာကျောင်းသားအများစုဝင်ရောက်လုပ်ကိုင်လေ့ရှိသော part-time jobs တွေကတော့-

Retail sales jobs in supermarkets,

departmental stores

Food and Beverage (waiter, bartender and etc.)

Hospitality (both in the kitchens and administration and housekeeping)

Agricultural work (fruit picking)

Sales and telemarketing (call centre)

Administration

Tutor; skill or language exchange အစရှိတာတွေပဲဖြစ်ပါတယ်။

Pay Rate တွေကတော့ specific skills တွေမလိုတဲ့ အခြေခံအလုပ်အတွက် တစ်နာရီလျှင် A$18.93

ရရှိနိုင်မှာဖြစ်ပြီး additional skillsလိုအပ်သော အလုပ်များအတွက် တစ်နာရီလျှင် A$50 – 80ရနိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ မိမိတက်ရောက်မည့် Program မစခင်မှာတော့ Part-Time လုပ်လို့မရပါဘူး။

 ဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ research work (သို့)  doctoral thesis စတင်တဲ့အချိန်မှာ

၁၄ရက်ကို နာရီ၄၀အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 

July 8, 2021

စ်ခါမှာတော့ သြစတြေးလျ နိုင်ငံမှာ ပညာသင်ယူသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ 

မတူကွဲပြားသော ယဉ်ကျေးမှုများ၊ဖော်ရွေသောဒေသခံများနှင့်အရည်အသွေးမြင့်မားသော ပညာရေးစနစ်များကြောင့် နိုင်ငံတကာကျောင်းသားများက သြစတြေးလျမှာ ပညာသင်ယူဖို့ ရွေးချယ်ကြပါတယ်။  လတ်တလောတွင် သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် တတိယအကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

သြစတြေးလျပညာရေးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ပြည့်မီခြင်း 

သြစတြေးလျပညာရေး sector ကို ကမ္ဘာ့ ထိပ်တန်းဦးဆောင်နေသော ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်လေ့ကျင့်ရေးသင်ခန်းစာများ၊ ထူးချွန်သောဆရာ ဆရာမများ ဖြင့်ဖွဲ့စည်းထားပါတယ်။သြစတြေးလျ တက္ကသိုလ်များသည်  ကမ္ဘာ့ထိပ်တန်းအဆင့် ၁၀၀ တွင်ပါဝင်ကြောင်း Times Higher Education, QS and Shanghai Ranking များက အသိအမှတ်ပြုထားပါတယ်။ 

US, UK နိုင်ငံများထက် နေထိုင်စရိတ်သက်သာခြင်း 

သြစတြေးလျ၏လူနေမှုအဆင့်အတန်းသည်ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်ပြီး နေထိုင်စရိတ်တွေနဲ့ ကျောင်းလခတွေကလည်း US, UK တို့နဲ့  နှိုင်းယှဉ်ရင် သိသိသာသာနည်းပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် စာသင်ကြားနေစဉ်ကာလများတွင် part-time jobs တွေဝင်ရောက်လုပ်ကိုင်ပြီး living cost ကာမိအောင် ဝင်ငွေရှာဖွေလို့ရပါတယ်။ သြစတြေးလျရှိ တက္ကသိုလ်အများစုသည် နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းတွေ ပေးလျက်ရှိပါတယ်။

ပညာရေးအစီအစဉ်တွေ အမျိုးမျိုးရှိခြင်း 

သြစတြေးလျရှိ ကျောင်းများတွင် ဘာသာရပ်နယ်ပယ်အမျိုးမျိုးအတွက်  courses နှင့် degrees တွေ အများကြီးသင်ကြားပေးနေတာဖြစ်လို့ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်နယ်ပယ်အတွက် အလွယ်တကူရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ထိပ်တန်းတက္ကသိုလ်တွေကစလို့ အသက်မွေးဝမ်းကြောင်း ပညာရေးအပြင် English language training တွေကိုပါတက်ရောက်နိုင်မှာဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း 

သြစတြေးလျမှာ ပညာသင်ယူနေစဉ်ကာလအတွင်း အချိန်ပိုင်းအလုပ်လုပ်ဖို့အတွက် တစ်ပတ်ကို နာရီ ၂၀ ပေးထားပါတယ်။   သြစတြေးလျ ပညာရေးဆိုင်ရာအဖွဲ့အစည်းများကကျောင်းသားများကို အလုပ်ခွင်အဆင်သင့်ဖြစ်စေရန် တစ်ပါတည်းပြင်ဆင်ပေးထားသည့်အပြင်Australian qualification  တွေကို နိုင်ငံတကာ အလုပ်ရှင်တွေက အသိအမှတ်ပြုကြပါတယ်။Australian degrees နှင့် vocational courses အတော်များများမှာ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေနိုင်တဲ့ internships အစီအစဉ်တွေပါဝင်တာကြောင့် ကျောင်းမပြီးခင်တည်းက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 7, 2021

သင်ဟာ ခရီးသွားခြင်းကိုနှစ်သက်ပြီး နိုင်ငံတကာမှာရှိတဲ့ Hotel chains တွေမှာ hotelier အဖြစ်အလုပ်ဝင်ရောက်လုပ်ကိုင်လိုသူတစ်ဦးလား 

ဒါဆိုရင်တော့ EEVS မှအခုပြောပြပေးမယ့်  Academies Australasia College Singapore မှာသင်ကြားပေးနေတဲ့ Advanced Diploma in Tourism & Hospitality Management Program ဟာသင့်အတွက်ပဲဖြစ်ပါတယ်။ 

Tourism and Hospitality industry သည် ဖော်ရွေတက်ကြွပြီး ဆန်းသစ်တီထွင်မှုရှိသော ကျောင်းသားများအတွက် အကောင်းဆုံး career path တစ်ခုဖြစ်ပါတယ်။ ဒီ Program ကတော့ Hospitality industry အတွက်လိုအပ်တဲ့ အခြေခံမူများ၊ လူမှုရေးကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးအသုံးအနှုန်းများ စသည်တို့သို သင်ယူရမှာဖြစ်ပါတယ်။ ဒီ Program အပြီးမှာတော့ hotel management and administration, marketing, human resource, public relations တို့နှင့် ပတ်သက်ပြီး skills နဲ့ knowledge တွေကို ရရှိမှာဖြစ်ပါတယ်။ 

Program ကို Full-Time ၉လတက်ရောက်ရမည်ဖြစ်ပြီး အလုပ်သင် ၆လ မဖြစ်မနေ ဆင်းရန်လိုအပ်ပါတယ်။ Course Modules မှာ- 

BTMICE (Business Travel; Meetings; Incentives; Conventions and Exhibitions)

– Retail Management

– Organisation Behaviour towards Service Industries

– Research Methods

– Financial Management

– Economics

– Business Etiquette & Service Excellence

– Resort and Hotel Management

– Industrial Attachment*

Intake – လစဉ်လတိုင်း ပထမဦးဆုံး တနင်္လာနေ့တွင် လျှောက်ထားနိုင်ပါတယ်။

Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ- 

AAC Diploma in Tourism and Hospitality Management or 

IELTS 5.5 or AAC EFL Level 5 or equivalent

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar